Thursday, July 9, 2009

လျှာ



လာပဟေ့
လျှာတဲ့ကွ...

ကြာကြာဝါးမယ့်သွားတွေကလည်း
အရိုးမပါတဲ့ လျှာကိုပဲ ပေါင်းချင်သလိုလို၊
တဏှာဆိုတဲ့ စကားကိုလည်း
လျှာဖျားလေးနဲ့ ပြောလို့ပြော...

စဉ်းစားမိသေးတယ်
လျှာနှစ်ခွနဲ့ဆို
စကားနှစ်ခွန်းတစ်ပြိုင်နက်များ
ပြောလို့ရမလား

ကြာတာတော့ ကြာပါပြီ
ကြွက်ခမျာ ငါ့ဒိန်ခဲ
နေရာ ဘယ်သူရွှေ့သလဲ
တစာစာ ရှာဘူးသတဲ့...

တခါတခါများ ပြောပါတယ်
လျှာပေါ်မြက်ပေါက်ပါစေ
ဘာဆိုလား ညာဆိုလား...

နေရာတကာ
ဟိုဟာနဲ့ ဒီဟာ
သိပ်ဆက်စပ်စဉ်းစားချင်တော့လည်း
ဒီလိုလေး ရေးမိပါတယ်...

ငါ့လျှာပေါ် ဘယ်သူမြက်စိုက်သလဲ... လို့။

#မှတ်ချက်။ ။ ကျွန်တော်လည်း ထွေလီကာလီ စဉ်းစားရတာ ဝါသနာပါ ပါတယ်။ ဒါပေမယ့် တခါတလေ စိတ်ထဲမှာ အများကြီးတွေးထားပြီး ချရေးလို့ရနိုင်သလောက်လေး ချရေးထားတာတွေကိုတော့ လျှောက်မစဉ်းစားပါနဲ့ဗျာ။ တော်ကြာ တလွဲတွေ တွေးမိကုန်မှာ စိုးလို့ပါ။ [အတွေးကိုများ ကန့်သတ်လို့ရတာကျနေတာပဲ :D ]ကျွန်တော် ဆရာဇေယျာလင်းရဲ့ Misreading ကို ပြန်ကူးပြီး တင်ထားတာလေး မဖတ်ရသေးရင် ဖတ်ကြည့်ပါဦး။ လမ်းကြုံလို့ ညွှန်တာပါခင်ဗျ။ ကျွန်တော်နဲ့ အဲဒီကဗျာထဲက ဆရာသမားတွေနဲ့ နှိုင်းဖို့ မဟုတ်ရပါခင်ဗျာ။ :D

အစစအရာရာ အဆင်ပြေကြပါစေဗျာ။