Monday, March 2, 2009

Maxthon - Seize the Web

အခုတလော ကြိုက်နေတဲ့ Maxthon Browser အကြောင်း ရေးမယ်လို့ ပြောခဲ့သလိုပဲ နည်းနည်းလောက် ပြောပါရစေ။ အချို့သော Maxthon ရဲ့ Feature တွေက အခြား Browserတွေ (ဥပမာ- ကျွန်တော်တို့ သုံးနေကြ Mozilla Firefox) တို့လို Browser တွေမှာဆိုရင် သီးသန့် Add-on အနေနဲ့ ထပ်ထည့် Install လုပ်ရတဲ့ Feature တွေပါ။ Maxthon မှာတော့ သူ့ရဲ့ Browser မှာကိုပဲ တော်တော်လေး စုံစုံလင်လင် ပါဝင်ပြီးသားမို့ သုံးရတာ ကျေနပ်စရာပါပဲခင်ဗျာ။ Installer File Size လေးကလည်း 5.32 MB ပဲ ရှိတယ်။ ကျွန်တော်ကြိုက်မိတဲ့ Feature လေးတွေကို ရွေးပြီး ရေးပြပါရစေ။

၁။ Proxy အမျိုးမျိုးပြောင်းသုံးချင်ရင် Firefox မှာတော့ Gproxy လို Prxoy အလွယ်တကူပြောင်းလို့ရတဲ့ Extension တွေ ရှိပါတယ်။ ဒါပေမယ့် Maxthon မှာ အဲဒီလို Extension တွေကိုတောင် Install လုပ်စရာ မလိုပါဘူး။ Tools Menu > Proxy > အောက်မှာ စိတ်ကြိုက် Proxy တွေကို တစ်ခါ ကြိုတင်ထည့်သွင်းထားလိုက်တာနဲ့ Proxy တွေကို စိတ်ကြိုက်ချိန်းလို့ရပါတယ်။ IE မှာလို Tools > Internet Options > Connection > LAN Settings စသည်ဖြင့် ရှည်လျားစွာ သွားနေဖို့ မလိုသလို Firefox မှာလိုလည်း Tools > Options > Advanced > Network > Settings ဆိုပြီး တမေ့တမော သွားစရာမလိုတော့ဘူးပေါ့။

၂။ ကိုယ် Browse လုပ်နေတဲ့ Site တစ်ခုကို Screen shot ဖမ်းချင်တယ်ဆိုရင် Windows Vista မှာတော့ Snip Tool ဆိုတာလေးပါပါတယ်။ သူ့ကို ဖွင့်ပြီး ဖမ်းချင်ဖမ်းလို့ရပါတယ်။ အခြား Screen shot ဖမ်းတဲ့ Software တွေလည်း အများကြီးပါ။ သုံးရတာ တော်တော်အဆင်ပြေတဲ့ Freeware တွေလည်း ရှိပါတယ်။ ဒါပေမယ့် Browser မှာ Capture Current Web Page ဆိုပြီး Page တစ်ခုရဲ့ ပုံရိပ်ကို JPG နဲ့ တစ်ခါတည်း သိမ်းလို့ရတာကတော့ Maxthon ပါ။ အခြား ပြင်ပ Screen Capture Software တွေ အဆင်သင့်မရှိတဲ့ အခြေအနေမျိုးမှာ အလွယ်တကူ Screen Shot တွေ သိမ်းလို့ရတာပေါ့။ သိပ်အဆင်ပြေပါတယ်။

၃။ Maxthon ကို User Account လေးတစ်ခုလုပ်ပြီး အသုံးပြုမယ်ဆိုရင်တော့ Browser ကို Lock လုပ်ထားလို့ရတာလေးကလည်း ကြိုက်စရာပဲ။

၎။ Tab တွေ အများကြီး ဖွင့်ပြီး အလုပ်လုပ်တဲ့သူတွေအတွက် Blank Tab တွေနဲ့ Error ဖြစ်နေတဲ့ Tab တွေကိုပဲ ရွေးပြီး ပိတ်ပစ်ချင်တယ်ဆိုရင် Files Menu ထဲက Close Blank and Error Tabs ကို နှိပ်လိုက်ရုံပါပဲ။ တော်တော် လွယ်သွားပြီ။ တစ်ခုချင်းစီ လိုက်ကြည့်ပြီး ပိတ်နေစရာ မလိုတော့ဘူး။

၅။ နောက်တစ်ခုက Firefox မှာ ကျွန်တော် အရမ်းလိုချင်တဲ့ Feature လေးတစ်ခု Maxthon မှာပဲ တွေ့လိုက်ရတယ်။ Firefox မှာ Reload All ဆိုတဲ့ Tab အားလုံးကို တစ်ပြိုင်နက် Reload/Refresh လုပ်လို့ရပေမယ့် Tab အားလုံးကို တစ်ပြိုင်နက် Stop လုပ်လို့ မရပါဘူး။ Maxthon မှာ ရတယ်ဗျာ။ ဒါလည်း သိပ်ကြိုက်တဲ့ အချက်တစ်ခုပါပဲ။

၆။ Maxthon မှာ CPU Saving Mode ဆိုတာတစ်ခုရှိပါတယ်။ သူ့ကို Disable လုပ်ထားလို့ရသလို Standard Mode မှာ ထားမယ်ဆိုရင် Active မဖြစ်တဲ့ Tab တွေရဲ့ Flash နဲ့ Java Script တွေအားလုံးကို Stop လုပ်ပေးထားပါလိမ့်မယ်။ Full Mode မှာ ဆိုရင်တော့ Tab အားလုံးမှာ Stop လုပ်ပေးသွားမှာပါ။

၇။ Tools > Translation > Useful Tools အောက်မှာ လက်ရှိဖွင့်ထားတဲ့ Site ရဲ့ Alexa Ranking, Domain Informaion, Archived Page, Similar Page # Google, Linked Page # Google တို့ကို အလွယ်တကူကြည့်လို့ရပါတယ်။ ဒီလိုဆိုတော့လည်း Google ကိုဖွင့် link:http://www.thethtoo.com ဒါမျိုးတွေ ရိုက်ထည့်နေရတဲ့ အလုပ်တွေ သက်သာသွားတာပေါ့ဗျာ။

၈။ လာပြန်ပြီ။ Screen Capture ။ File Menu မှာ လုပ်တဲ့ Screen Capture ထက် ပိုပြီး အသေးစိတ် ဖမ်းလို့ရပြီ။ Tools Menu က Screen Capture မှာတော့ Capture Region/ Full Screen/ Window/ Current Web Page ဆိုပြီး စိတ်ကြိုက် ရွေးဖမ်းလို့ရပါတယ်။ ပုံရဲ့ Quality ကိုလည်း ကြိုတင်သတ်မှတ်ထားပြီး အတိုးအလျှော့လုပ်လို့ရပါသေးတယ်။

၉။ Firefox မှာ You Tube Video တို့လို Embed လုပ်ထားတဲ့ Media File (FLV, MP3, WMA, SWF, AVI) တွေကို Download လုပ်ချင်ရင် Extension တွေ အများကြီးရှိပါတယ်။ Maxthon ကတော့ အဲဒီလို Extension တွေ လိုက်ရှာ Install လုပ်စရာ မလိုတော့ပါဘူး။ Browser မှာတင် ပါဝင်ပြီးသားပါ။ File Sniffer ဆိုတာလေးကို နှိပ်ပြီး Page တစ်ခုမှာ ရှိတဲ့ FLV, MP3, WMA, SWF, AVI, RM တို့လို Media File တွေကို Download လုပ်လို့ရပါတယ်။ JS, CSS တို့လို Web File တွေကိုလည်း Download လုပ်လို့ရတယ်ဗျာ။ Kool !!!

ဒါတွေကတော့ လောလောဆယ် ကျွန်တော် Maxthon ကို ကြိုက်ရခြင်း အကြောင်းရင်းတွေပါ။ Installer File size 5 MB ကျော်ကျော်လေးနဲ့ သူလုပ်နိုင်တာတွေက အများကြီးပါပဲ။

ဒါ့အပြင် URL Alies လို့ခေါ်တဲ့ URL တွေကို နာမည်ပေးပြီး သိမ်းထားနိုင်ခြင်း၊ Shot Cut Key တွေ ဖန်တီးထားနိုင်ခြင်း၊ Tab တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်ရောက်တိုင်း Auto Reload/Refresh လုပ်စေနိုင်ခြင်း၊ Key တစ်ချက်နှိပ်ရုံနဲ့ Site အများအပြားကို အလိုအလျောက်ဖွင့်ပေးအောင် စီစဉ်ထားနိုင်ခြင်း၊ မှားယွင်းပိတ်မိတဲ့ Tab တွေကို ပြန်ဖွင့်နိုင်အောင် Undo List ထဲမှာ သိမ်းဆည်းပေးထားခြင်း၊ Link တစ်ခုကို ကော်ပီလုပ်လာပြီး Address Bar မှာ Paste and Go ဆိုတာနဲ့ လျင်မြန်စွာ Surf လုပ်နိုင်ခြင်း၊ Privacy Data Clean လုပ်ရလွယ်ကူခြင်း စသည်ဖြင့် အခြားသော စိတ်ကျေနပ်စရာ အလွယ်တကူ လျင်မြန်စွာ အသုံးပြုနိုင်မယ့် အချက်တွေ အများကြီး ကျန်ပါသေးတယ်။

အဲဒီတော့ ကျွန်တော်ကတော့ Maxthon ကို တော်တော် ကြိုက်နေတယ်။ ကျွန်တော်လိုချင်တာတွေ တော်တော်များများက သူ့မှာ Browser တစ်ခု Install လုပ်ရုံနဲ့ ပါဝင်နေပါတယ်။ မိတ်ဆွေတို့လည်း ဒါမျိုးလေးတွေ လိုက်ရှာနေတယ်ဆိုရင် စမ်းသုံးကြည့်နိုင်ပါတယ်။