Sunday, January 11, 2009

Good News !!! Ko Lay Phyu will Back to Stage

IC ရဲ့ ရှိုးပွဲတိုင်းမှာ "လေးဖြူ" "လေးဖြူ" လို့ ပွဲတောင်းခံရတဲ့ ကျွန်တော်တို့ရဲ့ ကိုလေးဖြူကြီးတစ်ယောက်ကို စင်မြင့်တွေပေါ်မှာ ပြန်လည်တွေ့မြင်နိုင်ပါတော့မယ်လို့ ဂီတအသိုင်းအဝိုင်းနဲ့ နီးစပ်သူများက ပြောပြပါတယ်။ Alpine ရဲ့ ရှိုးမှာ ပြန်လည်စတင် ဖျော်ဖြေမယ်လို့လည်း သိရပါတယ်။ ဘာကြောင့် ရှိုးတွေ မဆိုတော့သလဲဆိုတာ အတိအကျ မသိပေမယ့် အခုလို ပြန်လည် သီဆိုမယ်ဆိုရင် ကျွန်တော် အပါအဝင် သူ့ပရိတ်သတ်တွေကတော့ သူ့ဂီတနဲ့ ရှိုးမှာ လိုက်ပါ စီးမြောကြဦးမှာပါ။

သူကို့ သူ့ပရိတ်သတ်က ချစ်တာကတော့ မထူးဆန်းဘူးဗျ။ သူက သီချင်းဆိုရုံဆိုပြီး စင်ပေါ်က ဆင်းသွားတဲ့ အဆိုတော်မှ မဟုတ်တာ။ သုဝဏ္ဏမှာ လုပ်တဲ့ သင်္ကြန်ရှိုးတုန်းကဆိုရင် ပရိတ်သတ်တွေကို ရေလေးဘာလေး ဖြန်းပေးဖို့ကို သူကပဲ ဆော်သြတာလေ။ အောက်ကပရိတ်သတ်က နေပူကြဲတဲမှာခုန်ပေါက်အားပေးနေကြတာ ဆိုတော့ ရေလေးဖြန်းပေးတဲ့ အချိန်မှာ သူ့ကို ကျေးဇူးတင်လိုက်တာဗျာ။ အမှတ်တရတစ်ခုပါပဲ။