Monday, January 26, 2009

ရင်ဘတ်ထဲမှာ စူးစူးပြီး အောင့်တတ်သလား ?

သုံးပုံနှစ်ပုံ အဖြည့်ခံထားရတဲ့ ဖန်ခွက်ကို ရှေ့ချ
ပျော့ဖတ်နေတဲ့ နာရီတွေ အကြောင်း ငြင်းသလို ခုံသလိုနဲ့
ရွတ်ဖတ်ကြ...

ဖန်တီးမှုဟာ ဘာကြောင့်တိုးတက်လာသလဲဆိုရင်... ?
မျက်ကန်းပြီး မျိုးမချစ်တဲ့ကောင်တွေရဲ့ တစ္ဆေ ဆိုတာ ... ?
မေးခွန်းကို ပြန်မေးတဲ့ အဖြေ ဝေလေလေ ဟုတ်၏ မဟုတ်၏ ... ?

``ဒီမယ် ကျုပ်ပြောမယ်´´
အဲဒီမှာ စပြီး ဖလန်း ဖလန်းတွေ ဖြစ်ကုန်တယ် ...

လူတွေ
မယဉ်ကျေးခင်တုန်းက
သူများမကောင်းကြောင်း
ကိုယ့်ကောင်းကြောင်းတွေ ပြောတယ်

နည်းနည်း
အဆင့်မြင့်လာတော့
သူများတွေလည်း ကောင်းတော့ ကောင်းတယ်
ငါ့လောက်တော့ မကောင်းဘူး ပြောကြတယ်

အယဉ်ကျေးဆုံး အဆင့်မှာ
အရိုင်းစိုင်းဆုံးတွေ ပြောပြီး
ရိုးသားကြသတဲ့

မိတ်ဆွေ
ခင်ဗျား ဖန်ခွက်ထဲက မျက်ရည်
မအေးခင်မော့လိုက်ဦးဗျာ...

Wednesday, January 21, 2009

21-JAN-2009



မင်းလည်း ၂၁၊
ငါလည်း ၂၁၊
ဗရမ်းဗတာလောကထဲမှာ
အချို့ဖြစ်ရပ်တွေဟာ
စီစဉ်ပြီးသားများ ဖြစ်လေသလား၊

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
ကိုယ်စိတ်နှစ်ဖြာကျန်းမာပျော်ရွှင်ပါစေ၊
ငါ့လို လူဆိုးတစ်ယောက်ကို
နားလည်ခွင့်လွှတ်မှုရှိတဲ့အတွက်
မင်း နောင်တ မရစေရပါဘူး။
အခုတော့ ဒီစကားလေးနဲ့ပဲ ကျေနပ်ဦးနော်...။

Tuesday, January 20, 2009

How to hide selected Updates in Windows Vista

အခု ကျွန်တော် ပြောပြမှာက Windows Vista မှာ ကိုယ် Install မလုပ်ချင်တဲ့ Windows Update တွေကို ဘယ်လို Hide လုပ်ထားမလဲဆိုတာပါ။ Windows Update ကို လုံးဝ Disable လုပ်ထားတာ မဟုတ်ပါဘူး။ (Windows Update ကို လုံးဝ Disable လုပ်တာကတော့ သိမယ်ထင်ပါတယ်။) အခုပြောပြမှာလေးက အချို့ Install မလုပ်ချင်တဲ့ Windows Update တွေကိုပဲ ရွေးပြီး Hide လုပ်ချင်ရင် လုပ်နိုင်ဖို့ပါ။

လုပ်ရမယ့်နည်းလမ်းကတော့ Screen ရဲ့ ညာဘက် အောက်ထောင့်မှာ ရှိတဲ့ Notification Area က Windows Update Icon (ဒါမှမဟုတ် Control Panel > Windows Update) ကနေတဆင့် Windows Update ကို ဝင်လိုက်ပါ။ ပြီးရင် Install မလုပ်ချင်တဲ့ Update ပေါ်မှာ Right Click နှိပ်ပြီး Hide Update ကို နှိပ်လိုက်ရင် ရပါပြီ။ အဲဒီလို နှိပ်လိုက်ရင် အဲဒီ Update က Grayed Out ဖြစ်သွားလိမ့်မယ်။ ဒါဆို Cross button ကိုနှိပ်ပြီး Close လုပ်လိုက်ရုံပါပဲ။ အဲဒီ Update ကို နောက်ထပ် Install လုပ်မှာ မဟုတ်တော့ပါဘူး။

ကိုယ် Hide လုပ်ခဲ့တဲ့ Update ကို ပြန်ပြီး Install လုပ်ချင်ရင်တော့ Windows Update ရဲ့ Restore Hidden Update ကို ဝင်ပြီး Install လုပ်ချင်တဲ့ Update ကိုနှိပ်ပြီး Install ပြန်လုပ်နိုင်ပါတယ်။

ဒီပို့စ်လေးက XP နဲ့ အကျွမ်းတဝင်ဖြစ်ပြီးသူများ Vista မှာ ဟိုလိုလို ဒီလိုလို ရှာရခက်နေတဲ့သူတွေ ရေးတာပါ။

Saturday, January 17, 2009

Myanmar Man's Diary

Myanmar Man's Diary ဆိုတဲ့ ဘလော့က အသစ်မဟုတ်ပါဘူး။ 7-Oct-2005, Friday ကတည်းက ဘလော့စပြီးရေးနေတဲ့ ကိုမြတ်သူရရဲ့ ဘလော့ဂ်ပါ။ အခုတော့ www.bamarlay.com (Myanmar Man's Diary) ကိုရွှေ့ပြောင်းရေးသားနေပါပြီ။ ကျွန်တော့်အနေနဲ့ ကိုမြတ်သူရရဲ့ ဘလော့ကနေ သိခဲ့ရတဲ့ web site နဲ့ ဘလော့တွေ ဆိုတာ မနည်းပါဘူး။ သူ့ရဲ့ Myanmar Website ဆိုတဲ့ Label ချည်းပဲ ၈၇ ခုရှိပါတယ်။ မြန်မာဘလော့ကောင်းကောင်းနဲ့ web site ကောင်းတွေကို ရှာရှာဖွေဖွေ ညွှန်းတတ်လို့ အမြဲသွားကြည့်ရတဲ့ ရှေးဦးမြန်မာဘလော့တစ်ခုပါ။ www.myanmar2day.com (Today In Myanmar) မှာလည်း ပူးပေါင်းပါဝင်ရေးသားနေပါတယ်လို့ သူ့ရဲ့ နဂိုမူလ myatthuya.blogspot.com ရဲ့ Annoucement မှာ ပြောထားပါတယ်။ ဒီတစ်ခါတော့ သူများကို ညွှန်းတတ်တဲ့ ကိုမြတ်သူရကို ကျွန်တော် ပြန်ညွှန်းထားလိုက်ပြီ။ :D

ဒါနဲ့ စကားမစပ် ပရော့စီကျော်တဲ့ ဆော့ဝဲလေးနဲ့ ကိုမြတ်သူရရဲ့ www.bamarlay.com ကို ဝင်ကြည့်တော့ You Are Banned. တဲ့။ နေရာတကာ ဘန်းတွေနဲ့ မလွတ်နိုင်ဘူး။ စကားစပ်လို့ PayPal လို site တွေကလည်း Sanction ဆိုပြီးဘန်းထားပါတယ်။ အပြင်ကလည်း ဘန်း၊ အတွင်းကလည်း ဘန်း။ ကြာတော့ ဘန်းမထားရင်တောင် ရိုးရိုးဘယ်လို ကြည့်ရမယ်ဆိုတာ မေ့ကုန်ပြီ။

ကိုမြတ်သူရကတော့ သူ့ဆိုက်မှာ ပရော့စီမျိုးစုံသုံးပြီး တစုံတခု မဖွယ်မရာလုပ်မှာစိုးလို့(လုပ်ခဲ့တာရှိလို့) ဒီပရော့စီကို ဘန်းထားတာ ဖြစ်မယ်လို့ ယူဆပါတယ်။

Thursday, January 15, 2009

Blogger and Blogspot are Rebanned In Myanmar

ပြန်ပိတ်သွားပြန်ပြီဗျို့။ ဘယ်လို စမ်းသပ်နေကြသလဲဆိုတာတော့ မသိပါဘူး။ ပြီးခဲ့တဲ့ ပို့စ်က ပြောခဲ့တာတွေရဲ့ ဆန့်ကျင်ဘက်တွေ ပြန်ဖြစ်သွားပြီလို့ပဲ ပြောရမလိုလို :D

အကျော်အခွ နည်းပညာများကို ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လေ့ကျင့်ပေးနေသလား အောက်မေ့ရတယ်။

Wednesday, January 14, 2009

Blogger and Blogspot are Unbanned In Myanmar

Blogger နဲ့ Blogspot ကို ဘန်းထားရာမှ ပြန်လည် အသုံးပြုလို့ရနေတာကို တွေ့ရပါတယ်။ အခုလို အမြဲတမ်း ဖွင့်ထားပေးမယ်ဆိုရင် ကျွန်တော်တို့လို နည်းပညာ၊ အတွေးအခေါ်၊ ဗဟုသုတ၊ အနုပညာ စသည်တို့ကို မျှဝေချင်တဲ့သူတွေ၊ လေ့လာဆည်းပူးချင်တဲ့သူတွေ အတွက် အတိုင်းမသိ ဝမ်းသာကျေးဇူးတင်စရာ ကောင်းပါတယ်။ နိုင်ငံတကာစီးပွားရေး၊ ပညာရေးစတဲ့ နယ်ပယ် အသီးသီးမှာ မြန်မာလူငယ်များ ထိုးဖောက်ဖို့အတွက် ကျွန်တော်တို့မှာ လေ့လာစရာ၊ သင်ယူစရာတွေ အများကြီး ရှိပါတယ်။ ဒါတွေကို blog တွေက အများဆုံး ဖြည့်ဆည်းပေးနိုင်ပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း နိုင်ငံ့ခေါင်းဆောင်တွေက အစ ပြည်သူတွေနဲ့ အမြန်ဆုံး ထိရောက်စွာ ဆက်သွယ်နိုင်ဖို့ blog တွေ ဖွင့်ပြီး အပြန်အလှန် ပြောဆိုရေးသားကြတာတွေ ရှိပါတယ်။ (ဥပမာ= မလေးရှားဝန်ကြီးချုပ် Mahatir ရဲ့ Blog )

အခုလို www.blogger.com နဲ့ blogspot တွေကို ပိတ်ဆို့မှုမှ ပြန်ဖွင့်ပေးလိုက်တာ ကိုညီလင်းဆက်ပြောသလို အားလုံးအတွက် တိုးတက်မှုတစ်ခုပါပဲခင်ဗျာ။

Monday, January 12, 2009

Paranoid

Image Hosted by ImageShack.us


Paranoid

Survive ဖြစ် မဖြစ်တော့ မသိဘူး
Paranoid ဖြစ်တာတော့ အသေအချာပဲ...။

မှတ်ချက်။....။ MS Paint တွင် Line Tool နဲ့ ဆွဲထားတာပါ။

Sunday, January 11, 2009

Good News !!! Ko Lay Phyu will Back to Stage

IC ရဲ့ ရှိုးပွဲတိုင်းမှာ "လေးဖြူ" "လေးဖြူ" လို့ ပွဲတောင်းခံရတဲ့ ကျွန်တော်တို့ရဲ့ ကိုလေးဖြူကြီးတစ်ယောက်ကို စင်မြင့်တွေပေါ်မှာ ပြန်လည်တွေ့မြင်နိုင်ပါတော့မယ်လို့ ဂီတအသိုင်းအဝိုင်းနဲ့ နီးစပ်သူများက ပြောပြပါတယ်။ Alpine ရဲ့ ရှိုးမှာ ပြန်လည်စတင် ဖျော်ဖြေမယ်လို့လည်း သိရပါတယ်။ ဘာကြောင့် ရှိုးတွေ မဆိုတော့သလဲဆိုတာ အတိအကျ မသိပေမယ့် အခုလို ပြန်လည် သီဆိုမယ်ဆိုရင် ကျွန်တော် အပါအဝင် သူ့ပရိတ်သတ်တွေကတော့ သူ့ဂီတနဲ့ ရှိုးမှာ လိုက်ပါ စီးမြောကြဦးမှာပါ။

သူကို့ သူ့ပရိတ်သတ်က ချစ်တာကတော့ မထူးဆန်းဘူးဗျ။ သူက သီချင်းဆိုရုံဆိုပြီး စင်ပေါ်က ဆင်းသွားတဲ့ အဆိုတော်မှ မဟုတ်တာ။ သုဝဏ္ဏမှာ လုပ်တဲ့ သင်္ကြန်ရှိုးတုန်းကဆိုရင် ပရိတ်သတ်တွေကို ရေလေးဘာလေး ဖြန်းပေးဖို့ကို သူကပဲ ဆော်သြတာလေ။ အောက်ကပရိတ်သတ်က နေပူကြဲတဲမှာခုန်ပေါက်အားပေးနေကြတာ ဆိုတော့ ရေလေးဖြန်းပေးတဲ့ အချိန်မှာ သူ့ကို ကျေးဇူးတင်လိုက်တာဗျာ။ အမှတ်တရတစ်ခုပါပဲ။

John Lennon's Love





J
ohn Lennon's "Love"




Love is real, real is love
Love is feeling, feeling love
Love is wanting to be loved

Love is touch, touch is love
Love is reaching, reaching love
Love is asking to be loved

Love is you
You and me
Love is knowing
We can be

Love is free, free is love
Love is living, living love
Love is needing to be loved

John Lennon တို့က အဲလိုကြီးဗျာ
ရိုးလိုက်တာ
အဲဒီ့ အဆန်းမထွင်တာကြီးကိုက လှနေတယ်
တကယ်က လှနေတယ်ဆိုတာထက် ပိုတယ်
ဘယ်လိုပြောမလဲဆိုရင်
ဗမာလိုလည်း ပြောလို့မရဘူး
ဘိုလိုလည်း ပြောလို့မရဘူး
အာာာ
ဒါကြောင့် သေတာ
ဒါကြောင့် သေကြတာ
ဒါကြောင့် သေကုန်ကြတာကိုးးးးးး.....။

Friday, January 9, 2009

3 Facts

(၁) ကျော်ပြီးဖတ် (၂) မကျော်ပဲတင် (၃) မကျော်ပဲ မန့်...

(၁) Oepn you konewd sfawtore to raed uatdpe (etxerme rdinig of the wvae)

(၂) rmemeber to add s bofere : and 2 at end of တတတ (rmemeber do taht ticwe)

(၃) cemmont whoutit you konewd sfawtore

dnot tlel taht i siad (:

Monday, January 5, 2009

Steve Vai's Bangkok (From Fire Garden)



Source : http://www.youtube.com/watch?v=VgsEhHzEoA4

Friday, January 2, 2009

Guns N' Roses's Sorry (Chinese Democracy)




GNR ရဲ့ Chinese Democracy ထဲက Sorry ဆိုတဲ့ သီချင်းကို တော်တော် နားထောင်ဖြစ်နေတယ်။ ဒီသီချင်းက သူ့ရဲ့ တစ်ချိန်က အချစ်ဆုံး သူငယ်ချင်းကြီး Slash ကို ရည်ရွယ်တယ်လို့လည်း အများက ပြောကြတယ်။ ဟုတ်မဟုတ်တော့ မသိနိုင်ပါဘူး။ စာသားတွေ ဖတ်ကြည့်တော့လည်း ဟုတ်သလိုလို မဟုတ်သလိုလို။ ကိုယ်လည်း သူတို့ အကြောင်း သေချာသိတာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်မှာ ပြောစရာတွေ ဆိုစရာတွေ အများကြီး ရှိမှာပေါ့ဗျာ။ ကိုယ်ကြုံတွေ့ဘူးတာတွေနဲ့ နှိုင်းယှဉ်ခံစားကြည့်ရင် သူ့စာသားတွေ၊ သီချင်းသံစဉ်တွေ၊ အဆိုရယ်ကို နားလည်နိုင်မှာပါ။ နောက်ဆုံးတော့ ကျွန်တော့် ထုံးစံအတိုင်းပေါ့ဗျာ။ မိတ်ဆွေတို့ပဲ ဆက်လက်ခံစားကြည့်ပါ။ ကျွန်တော်ပြောချင်တာတွေက ပြောလည်း မပြောတတ်သလို ပြောလည်း မပြောချင်ဘူး။ စိတ်ထဲမှာ ခံစားပြီး ခံစားနားလည်သွားတာမျိုးလေးနဲ့ပဲ ကျေနပ်ချင်တာ။ စကားလုံးတွေက တခါတလေ သိပ်မုန်းဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် တယ်လီပသီနဲ့ ဘလော့ဂ်ရေးချင်တယ်။


Music



You like to hurt me
You know that you do
You like to think
In some way
That it's me
And not you
(But we know that isn't true)

You like to have me
Jump an' be good
But I… don't want to do it

You don't know why
I won't act the way
You think I should

You thought they'd make me
Behave and submit

What were you thinking
'Cause I don't forget

You don't know why
I won't give in
To hell with the pressure
I'm not cavin' in

You know that I
Got under your skin
You sold your soul
But I won't let you win

You talk too much
You say I do
Difference is nobody cares about you

You've got all the answers
You know everything
Why nobody asked you
It's a mystery to me

I'm sorry for you
Not sorry for me
You don't know who in the hell to
Or not to believe

I'm sorry for you
Not sorry for me
You don't know who you can trust now
Or you should believe
You should believe
You don't know who you can trust now
Or you should believe

You close your eyes
All well an' good
I'll kick you ass
Like I said that I would

You tell them stories they'd rather believe
Use and confuse them
They're numb and naïve

The truth is the truth hurts
Don't you agree?

It's harder to live
With the truth about you
Than to live with
The lies about me

Nobody owes you
Not one goddamn thing
You know where to put your
'Just shut up and sing'

I'm sorry for you
Not sorry for me
You don't know who in the hell to
Or not to believe
I'm sorry for you
Not sorry for me
You chose to hurt those that love you
An' won't set them free
Won't set them free
You chose to hurt those that love you
An' won't set them free

You don't need
Anyone else to be
Sorry for you
You've got no heart
You can't see
All that you've done for me
I know the reasons
You tear me apart

Lyric from http://chinesedemocracylyricsgnr.blogspot.com/2008/11/sorry-lyrics-chinese-democracy-guns-n.html