Thursday, November 6, 2008

ငါနှင့် ငါရဲ့ ပေါင်းသင်းဆက်ဆံရေးများ








ငါ့ကို ငါ ဘယ်လိုပေါင်းနေလဲ
ပြန်မေးမိတဲ့အခါ
သူငယ်ချင်းပေါင်း ပေါင်း
အတိုင်အဖောက်တွေမိလို့

ရည်းစားလိုပေါင်းတဲ့အခါ
လိုချင်သမျှတွေ
လိုက်လျောကြည့်မိပြန်တယ်

နတ်ဘုရားလိုပေါင်းရင်
အပြစ်မရှိ
ကိုးကွယ်မိတယ်

မိဘလိုပေါင်း
ကြည်ညိုမှုတွေအတိ
ကျေးဇူးတွေ အပြည့်ပါလား

နောက်ဆုံးတော့လည်း
ကိုငှက်လိုပဲ ဆိုမိတယ်
``ငါနှင့် ငါကြား ဗျာများနေဆဲ ငါ...´´။ ။