Sunday, November 2, 2008

``ထ´´









ထ..၊
သူငယ်ချင်း.. ထ..၊ ထ..၊
ချော်လဲနေလည်း ထ
ရောထိုင်နေလည်း ထ

ဘဝကို လှဖို့ ပဖို့ဆိုရင်
ထနေမှ ဖြစ်မယ်
ထရုံနဲ့ မပြီးသေးဘူး
ကြွနေရဦးမယ်

လိုဘတွေဆိုတာ
ရတာ မရတာ အပထား
တစ်ဝမ်းတစ်ခါး လှဖို့ကတော့
အများလိုပဲ အရေးကြီးတယ်


မျှပါဦးဆိုရင်
ငါ့မလည်း မဝသေးဘူးကွ...။


မှတ်ချက်။ ။ ဘာရယ်မဟုတ်ပါ။ ဒါမျိုးတွေ လျှောက်ရေးကြည့်ချင်လို့။ ယုံချင်ယုံ မယုံချင်နေ ဒါ ငါ့ကဗျာ :D