Thursday, October 9, 2008

O Brother, Where Art Thou ?


George Clooney ရဲ့ ရုပ်ရှင်ကား ကားကောင်း၊ ကားဟောင်းတစ်ခုပါ။ သူက ခြေကျင်းဝတ်တွေမှာ သံကြိုးတွေချည်ပြီး အလုပ်ကြမ်းလုပ်ရတဲ့ အကျဉ်းသားတစ်ဦးပေါ့။ သူ့သူငယ်ချင်းနှစ်ယောက်ကို ဒေါ်လာ 1.2 မီလီယမ် တန်တဲ့ ရတနာသိုက်ရှိရာကို သွားကြမယ်ဆိုပြီး အတူတူ ထွက်ပြေးကြပါတယ်။ လမ်းမှာ ဟာသမျိုးစုံ ကြုံရတွေ့ရပုံတွေ၊ သူငယ်ချင်းသုံးယောက်လုံးရဲ့ မတူတဲ့ အကျင့်စရိုက်တွေကို ပုံဖော်ပြတာ အရမ်းကောင်းပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေလည်း မိုက်တယ်။ ဆရာ ကလူနီက ရတနာသိုက်ဆီသွားတာတော့ မှန်ပါတယ်။ တကယ်က သူ့ရဲ့ ရတနာသိုက်ကို သူများလုသွားလို့ သူက ပြန်လိုက်တာဗျ။ ဟဲ ဟဲ။ ကြည့်ပြီးသားသူတွေကတော့ သိပါလိမ့်မယ်။ မကြည့်ရသေးတဲ့သူတွေ အရသာပေါ့မှာ စိုးလို့ မပြောတော့ဘူး။

ကျွန်တော် အကြိုက်ဆုံးက အဲဒီရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းလေးတွေပါ။ Country သီချင်းကောင်းတွေ အများကြီးပါတယ်။ ကိုတက်စ်ကြီးလို Country သီချင်းကောင်းနဲ့ ရုပ်ရှင်ကားကောင်း ကြိုက်တဲ့သူတွေ အဲဒီကားကို ကြိုက်မှာပဲ။ ဟောဒီနေရာမှာ O Brother, Where Art Thou ? ရဲ့ ဇာတ်ဝင်သီချင်းတွေကို Download လုပ်လို့ရပါတယ်။ အခုတလော ကျွန်တော်ကြိုက်တဲ့ ရုပ်ရှင်သီချင်းလေးတွေ လိုက်ရှာဖြစ်နေလို့ ကိုယ့်လို အကြိုက်ချင်းတူတဲ့လူတွေအတွက် ပြန်တင်လိုက်တာပါ။

အစစ အရာရာ အဆင်ပြေကြပါစေဗျာ..။