Monday, October 27, 2008

စုပေါင်း ဇစ်မြစ်

ကျွန်တော်မြင်တဲ့ ဇစ်မြစ်


အငဲဆိုတဲ့ ဇစ်မြစ်
အလင်းတု ထွန်းညှိထားတဲ့ ည
မြို့ပြ လမ်းမများရဲ့ အပေါ်
အသိမဲ့ သန်းခေါင်ယံ အို လူသား
ဘယ်နေရာ အိပ်စက် နားမယ်
မရေရာ ဘဝရဲ့ ဝဲဂယက်ထဲ
ငါကြွေကာ ကျခဲ့ သစ်ရွက်လို
ဘယ်သောင် ကမ်းသို့ ဆိုက်ရမယ်
ကံကြမ္မာရယ် ဖတ်လို့လည်း မပီ

ငါ့ စိတ်ဟာ ငါ့ကို ကိုက်နေဆဲ
ငါ့ ဘဝဟာ ငါ့ကို စွန့်ခွာပြေး
ငါ့ အတွက် အကုန်လုံး ခက်နေဆဲ
ဒေါသဟာ ငါ့ကို ဖဲ့ခြွေတယ်

အိမ်အပြန် ဘယ်အချိန်ကြုံမှာလဲ
ကမ္ဘာမြေရယ် အလင်းတို့ ရောက်တော့မယ်
ရင်မှာ အမှောင်တွေ ပြိုကျဆဲ
ဘယ်မှာ အိပ်စက် နားမယ်

အသက်မဲ့ ဇာတ်ရုပ်လို
ငါ့အဖြစ် က ရတယ်
ဘဝ ဇာတ်ခုံထဲ
. . . .

ဘဝ ဇာတ်ခုံထဲ

. . .

ဘဝ ဇာတ်ခုံထဲ

. . .

ဖိုးသူတော်ပြောတဲ့ ဇစ်မြစ်
မောင်ဖိုးသူတော်
: ကွန့်မန့် ၀င်လာပါလား
Thet: ဟုတ်ပ
ကျွန်တော်ပေးတာ
မောင်ဖိုးသူတော်: ကျွန်တော် မသိဘူးအဲ့ သီချင်းစာသား
မသိဘူးဆိုတာ အလွတ်မရတာပေါ့လေ
ခင်ဗျား ဆိုဘူးတယ်နဲ့ တူတယ်
ဇတ်မြစ် ဆိုတာကို
Thet: အင်း လှည်းတန်းမှာတုန်းက ဖွင့်ဖူးတယ်
မောင်ဖိုးသူတော်: ဇစ်*
Thet: သီချင်းက အသံရော စာသားရော မိုက်တယ်
ခင်ဗျားကဗျာက အဲဒီသီချင်းနဲ့ တော်တော်လေး အကြောင်းအရာတူတယ်ဗျ
မောင်ဖိုးသူတော်: ဒီဘဲလည်း ကျွန်တော်လို ကြုံဖူးပြီး ရေးသလား မသိဘူး
မူးတဲ့ အနံ့ နဲနဲ ရတယ်
Thet: အင်း ဖြစ်နိုင်တယ်။ ဟိုသီချင်းကလည်း အငဲရဲ့ ဗီစီဒီထဲမှာ နိုင်းနိုင်က ပြောထားတာ
မောင်ဖိုးသူတော်: ဟီး
Thet: သူနဲ့ အငဲနဲ့ ညဘက် အိမ်ပြန်လာတော့
လမ်းမှာ မှောင်မဲပြီး ဘယ်သူမှ မရှိတဲ့အချိန်
အဲဒီမှာ လမ်းပျောက်နေတဲ့သူတွေ လမ်းစလိုက်ရှာနေတဲ့သူတွေအကြောင်းရေးထားတာ
မောင်ဖိုးသူတော်: အေးဗျ
ကျွန်တော်ပြန်တဲ့နေ့က လည်း မီးပျက်နေလို့ မှောင်နေတယ်
Thet: :)
မောင်ဖိုးသူတော်: အေဒီကျော်မှ မီးလာတာ
ဒါတောင် လမ်းတစ်ဘက်ပဲလာတာလေ
Thet: သြော်
ဒီလိုကိုး
မောင်ဖိုးသူတော်: ဒါကြောင့်ကျွန်တော်က ဒီဘက်က မှောင်နေလို့ ဟိုဘက်က လင်းနေတယ် ရေးထားတာ
Thet: ဒါပေါ့ဗျာ။ ဒါက သင်္ကေတတွေ။ နိမိတ်ပုံတွေ :)
မောင်ဖိုးသူတော်: နောက်ပြီး အစတစ်ပိုဒ်က ကားဂိတ်မှာရေးလိုက်တာ စာရွက်လေးထုတ်ပြီး
Thet: သြော် ဒါပေါ့ အဲဒါ လိုက်ဗ် ပါဖော့မန့်
:)
မောင်ဖိုးသူတော်: နောက်အပိုဒ်တွေက ကားပေါ်မှာ စပ်ပြီး
ကွန်ပျူတာမှာရေးတာ
Thet: ဒါပေါ့ဗျာ အဲလို မီဒီယမ် အမျိုးမျိုးပေါ် အနုပညာကို သွန်ချရမယ် :D
ဟား ဟား ကဗျာဆရာတွေလို ပြောကြည့်တာ


ဒီလိုနဲ့ပဲ Gimp ကိုဖွင့်၊ ပုံတစ်ပုံဆွဲ... ဘလော့ပေါ်တင်...
ပြောတော့ မြန်တယ်နော်...
အင်း...
ပြီးတော့လည်း ပြီးသွားတာပဲ...
ပြီးတော့လည်း ပြီးသွားကြမှာပါပဲ...