Saturday, October 11, 2008

ရသမဲ့

ဆင်းဆင်းရဲရဲ၊ နာနာကျည်းကျည်း
လှုပ်လှုပ်ရှားရှား၊ ပြင်းပြင်းထန်ထန်

တက်တက်ကြွကြွ၊ ရှည်ရှည်ဝေးဝေး
ပြေးပြေးလွှားလွှား၊ သွားသွားလာလာ

ဝုန်းဝုန်းဒိုင်းဒိုင်း၊ ရက်ရက်စက်စက်
လဲလဲပြိုပြို၊ ထိတ်ထိတ်လန့်လန့်

တွေတွေငေးငေး၊ လွမ်းလွမ်းဆွေးဆွေး
မေ့မေ့ပျောက်ပျောက်၊ ခြောက်ခြောက်ကပ်ကပ်

တိတ်တိတ်ဆိတ်ဆိတ်၊ ကြိတ်ကြိတ်မှိတ်မှိတ်
နာနာကျည်းကျည်း၊ ဆင်းဆင်းရဲရဲ...။ ။