Sunday, September 14, 2008

Screen Capture Freeware : Bug Shooting

Free Image Hosting at www.ImageShack.us

ကျွန်တော် အရင်တုန်းကတော့ Screen Capture လုပ်ဖို့ FastStone Capture ကို သုံးပါတယ်။ ဘယ်သူ့ဘလော့ဂ်က Download လုပ်ထားသလဲတော့ မမှတ်မိတော့ဘူး။ မြန်မာဘလော့ဂါ တစ်ယောက်ဆီကပဲ။ နောက်တော့ Windows Vista ပြောင်းတင်ပြီးတဲ့နောက် Snipping Tool ဆိုပြီး ပါလာတဲ့အတွက် Screen Capture လုပ်ဖို့ အခက်အခဲ မရှိတော့ဘူးပေါ့။ အခု နောက်တစ်မျိုးတွေ့လို့ လက်တို့လိုက်တာပါ။ Bug Shootingတဲ့။ သုံးကြည့်ပါ။ မဆိုးဘူးဗျ။ သူ့မှာ သဘောကျတာလေးတစ်ခုက Delayed Capture ဆိုတာလေးပါ။ Setting ထဲမှာ ၃ စက္ကန့်ကြာမှ Capture ဆိုရင် ကလစ်နှိပ်ပြီး ၃ စက္ကန့်ကြာရင် Screen ကို Capture လုပ်ပေးသွားပါလိမ့်မယ်။