Sunday, September 7, 2008

အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက်သို့အလှူ

စာအုပ်တွေ သယ်ကြတုန်းက

ကျောင်းကို ရောက်တော့ လျှောက်ကြည့်ကြတယ်

လွန်ခဲ့သော (၁၈) နှစ်က အောင်ဇမ္ဗူကျောင်းရဲ့ ဘဝအစ မူလကျောင်း

မထိုက်နဲ့ Giant

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ဆင်ခြံကျေးရွာမှာ ရှိတဲ့ အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက်အတွက် ဗလာစာအုပ် ဒါဇင် ၉၀ နဲ့ ငွေသား အလှူ ၅၀ ၀၀၀(ငါးသောင်း) ကျပ်ကို သွားရောက် လှူဒါန်းဖြစ်ခဲ့ပါတယ်။ သွားရောက်လှူဒါန်းရာမှာ လိုက်ပါဖြစ်ခဲ့တဲ့သူတွေကတော့ ကိုဇော်ဇော်၊ ကိုဝေ၊ ကိုသူတော်၊ မဘာညာ နဲ့ ကျွန်တော်ဖြစ်ပါတယ်။ ကိုပီကေကတော့ ခရီးလွန်နေလို့ မလိုက်ပါနိုင်တာပါ။ ပင့်ဂိုးကတော့ အလုပ်ကနေ ခွင့်ယူဖို့ အခက်အခဲရှိလို့ မလိုက်ဖြစ်ခဲ့ပါဘူး။ အဲဒီစာသင်တိုက်မှာ မူကြိုမှ ၁၀ တန်းအထိ ကျောင်းသားပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ ဆရာ၊ ဆရာမပေါင်း ၅၀ ခန့်ရှိပါတယ်။ ၃ မိုင်ခွဲ လောက် ဝေးတဲ့ ကျေးရွာတွေကနေ လာတက်တဲ့ ကျောင်းသား ကျောင်းသူတွေရှိပါတယ်။ မိုးအရမ်းသည်းတာလိုမျိုး ရာသီဥတုဆိုးရွားရင် ကျောင်းကနေ အပြန်မှာ လိုက်ပို့ပေးရပါတယ်တဲ့။ အဲဒီလို ရာသီဥတုဆိုးနေရင် ကျောင်းနဲ့ ရွာ သွားရတာ ၂ နာရီကနေ ၃ နာရီလောက် ကြာတတ်တယ်လို့လည်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ (သဒ္ဓမ္မဇောတိကဓဇ) က မိန့်ပါတယ်။ 16 MB memory ပါတဲ့ ကင်မရာလေးလည်း memory full ဖြစ်၊ ဓါတ်ခဲကလည်း ကုန်ဆိုတော့ ပုံတွေ များများစားစား ရိုက်လာလို့မရခဲ့ပါဘူး။ မူကြိုထဲက ကလေးလေးတွေ အိပ်နေတဲ့ပုံလေးတွေ ရိုက်ချင်လို့ အားလုံး ကြိုးစားကြပါသေးတယ်။ ပုံတွေကတော့ resolution လည်း ချထားရတဲ့အတွက် ကောင်းကောင်းမရပါဘူး။ အခုလောက် မှတ်တမ်းတင်လို့ရအောင် ကင်မရာ ငှားလိုက်တဲ့ ပင့်ဂိုးကိုပဲ ကျေးဇူးတင်ပါတယ်။

အမှတ်တရဆိုပြီး သီးသန့်မတွေ့ဖြစ်ပေမယ့် ရက်ခြားပြီး တွေ့ဖြစ်ခဲ့တဲ့သူတွေကတော့ မိုးကုတ်မှ ကိုသားဖြိုးတို့ရယ်၊ ကိုခွန်မောင်ရယ်တို့နဲ့ အတူတူ စားသောက်ရင်း စကားတွေ ပြောဖြစ်ခဲ့ပါတယ်ဗျာ။ အခြား ထွေထွေထူးထူး အစီအစဉ်တော့ မရှိခဲ့ပါဘူး။