Friday, September 5, 2008

ငလျင် လှုပ်သွားပါတယ်

ညနေ ၃ နာရီ ၁၀ မိနစ်လောက်က ရန်ကုန်မှာ ငလျင်လှုပ်သွားပါတယ်။ အခန်းထဲက မီးချောင်းတွေ ယိမ်းယိုင်သွားရုံလောက် လှုပ်တာပါ။ တိုက်တွေပေါ်က လူအချို့တော့ တိုက်အောက်ကို ပြေးဆင်းပြီး အော်ဟစ်ပြောဆိုနေကြတာ တွေ့ရပါတယ်။ ဘယ်နေရာတွေက သိသာလောက်အောင် လှုပ်သလဲတော့ မသိသေးပါဘူး။ ပင့်ဂိုးဆီကလည်း သိတယ်ဆိုတော့ မြို့ထဲတစ်ဝိုက်မှာတော့ သိသာမယ်ထင်တယ်။ အလုံမှာလည်း သိသာအောင် လှုပ်သွားပါတယ်။