Friday, August 8, 2008

Secure Browsing With WOT


ကျွန်တော်တို့ အင်တာနက်ပေါ်မှာ ဟိုဟိုဒီဒီ လျှောက်သွားရင်းနဲ့ ဘယ် website တွေက ကိုယ့်စက်ကို ဘယ်လောက် အန္တရာယ်ပေးနိုင်မလဲဆိုတာ အမြဲတမ်း မသိနိုင်ပါဘူး။ အဲဒီလို သွားရင်း လာရင်းနဲ့ တချို့ website တွေကနေ ကိုယ့်စက်ထဲကို မလိုလားအပ်တဲ့ Malware တွေ ထည့်သွင်းသွားတာမျိုး ကြုံရနိုင်ပါတယ်။ ဒါပေမယ့် ဘယ် website က အန္တရာယ်ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ သေချာတာကတော့ Porn Site တွေ၊ Crack/Serial/Key Gen ပေးတဲ့ site တွေကတော့ ကိုယ့်ကို ဒုက္ခကောင်းကောင်းပေးဖို့ များပါတယ်။ ဒီတော့ ဘယ် site ကို သွားရင် ကိုယ့်စက်ကို ဒုက္ခပေးနိုင်မလဲဆိုတာ သွားသတိ၊ လာသတိလေး ရှိအောင် သတိပေးနိုင်မယ်ဆိုရင် ကောင်းတာပေါ့။ ကျွန်တော်သိထားတာလေး တစ်ခု ပြောချင်ပါတယ်။ ဒီ့ထက်ပိုကောင်းတာတွေ့ရင်လည်း ကျွန်တော့်ကို လက်တို့ဖို့ မေ့မနေနဲ့ဦးနော်။

Weekly Download 48,008 ရှိပြီးတော့ Total Download 640,852 ကြိမ်ရှိပြီတဲ့။ Mozilla ရဲ့ Recommend လုပ်တဲ့ Extension တစ်ခုလည်းဖြစ်တဲ့ WOT(Web of Trust) မိတ်ဆွေရဲ့ Firefox မှာ install လုပ်ထားလိုက်ပါ။ Install လုပ်ရမယ့်လင့်ခ်ကတော့ -

https://addons.mozilla.org/en-US/firefox/addon/3456

မှာဖြစ်ပါတယ်။ အင်တာနက် အသုံးပြုရင်း Adware, Browser Exploit, Internet Fraud, Malware, Phishing, Spam, Spyware တွေရဲ့ ရန်က ကင်းဝေးအောင် WOT က ကူညီပါလိမ့်မယ်။ www.mywot.com မှာလည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် Setting တွေ ပြန်ပြင်လို့လည်း ရတယ်လို့ ဆိုပါတယ်။

ပြီးတော့ Google ရဲ့ Safe Search ကို Enable လုပ်ထားဖို့လည်း မမေ့နဲ့နော်။