Saturday, August 2, 2008

Free Antivirus and PC Repair

ဗိုင်းရပ်စ်ပြဿနာကို ကျွန်တော်တော့ Clamwin နဲ့ ရှင်းတယ်ခင်ဗျ။ အရင်တုန်းက Kaspersky သုံးတယ်။ နောက်ပိုင်းတော့ Key တွေ Download လုပ်ရခက်တာနဲ့ မသုံးဖြစ်တာပါ။ Kaspersky Antivirus နဲ့ Internet Security အတွက် Key တွေကို Kavkiskey မှာ Download လုပ်လို့ရပါတယ်။ ကျွန်တော်ကတော့ အခုလောလောဆယ် Clamwin ဆိုတဲ့ Opensource Software နဲ့ပဲ အဆင်ပြေနေပါတယ်။

PC ပြဿနာတွေကိုတော့ Advanced WindowsCare Personal နဲ့ ရှင်းပါတယ်။ သုံးရတာ လွယ်ကူပြီး Windows ပြဿနာတော်တော်များကို ရှင်းနိုင်တော့ မဆိုးဘူး။ Windows Vista နဲ့လည်း အဆင်ပြေပါတယ်။ Spyware Removal, Security Defense, Registry Fix, System Optimization, Startup Manage, Privacy Sweep, Juck Files Clean စတဲ့ လုပ်ငန်းတွေကို ကလစ်တစ်ချက်နှိပ်ရုံနဲ့ ဖြေရှင်းလုပ်ဆောင်ပေးသွားမှာပါ။

အခြား အသုံးပြုတဲ့ Software နှစ်ခုလည်း ရှိပါသေးတယ်။ Antivirus အတွက် Avast နဲ့ PC Cleane အတွက် Ccleaner တို့ကိုလည်း သုံးပါတယ်။ အခုနောက်ပိုင်းမှာတော့ Crack တွေ KeyGen တွေရှာပြီး သုံးရတဲ့ Pirate Software တွေထက် Opensource ဒါမှမဟုတ် Freeware တွေကိုပဲ လိုက်ရှာပြီး သုံးနေမိပါတယ်။ PortableApps ကတော့ USB Drive အတွက် (မသိသေးရင်) မသွားမဖြစ်သွားပြီး သုံးကြည့်သင့်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ Opensource နဲ့ Freeware ကောင်းတာတွေရှိရင် ပြောသွားကြပါဦး။ Opensource Firewall ကောင်းကောင်းတစ်ခု ရှာနေတာ အခုထိ မတွေ့သေးလို့ပါ။