Tuesday, August 12, 2008

Entrecard.com


Entrecard.com ဆိုတာ side bar မှာ ကိုယ့်ဘလော့ဂ် သူ့ဘလော့ဂ် အပြန်အလှန် လင့်ခ်ချိတ်ပြီး အပြန်အလှန် ကြော်ငြာတဲ့ Blog Marketing Service တစ်မျိုးပါပဲ။ ဒါပေမယ့် သူ့မှာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာလေးတွေရှိပါတယ်။ အတိုဆုံး ပြောရရင်တော့ ကိုယ်ကလည်း သူများရဲ့ ဘလော့ဂ်လေးကို side bar မှာ ထည့်၊ ကိုယ့်ဘလော့ဂ်ကိုလည်း သူများ ဘလော့ဂ် side bar မှာ ထည့်၊ ကိုယ့်ဘလော့ဂ်ကို လင့်ခ်ချိတ်ပေးတဲ့သူတွေကို သွားလည်ရင်၊ ကိုယ်ကလည်း သူများဘလော့ဂ်တွေကိုသွားလည်၊ ဒါဆိုရင် တဖြည်းဖြည်းနဲ့ Credits တွေတက်လာမယ်။ ပြီးရင် အဲဒီ Credits တွေကို မိမိဘလော့ဂ် ကြော်ငြာဖို့အတွက် ပြန်သုံးချင်ရင်သုံး၊ ဒါမှမဟုတ် Domain ဝယ်တာလိုမျိုး ပြန်သုံးချင်ရင်သုံး၊ ဒါမှမဟုတ် paypal account(This is My Referral Link) ထဲကို ပြန်လွှဲခိုင်းပြီး ငွေသားအဖြစ်နဲ့ ထုတ်ချင်ရင်ထုတ်လို့ရပါတယ်။ အောက်မှာ ပုံလေးတွေ ပြထားပါတယ်။ စိတ်ဝင်စားလို့ Sign up လုပ်ပြီးသွားရင် Increased Online Traffic.com မှာ ဖော်ပြထားတဲ့ 10 Entrecard Traffic Tips For Success ဆိုတာကိုလည်း ဖတ်ကြည့်လိုက်ပါဦးဗျာ။