Sunday, July 6, 2008

HMY Working Aera on Google Earth

ပြင်ကနုကုန်းရွာကို Google Earth က မြင်ရတဲ့ပုံပါ ။

ပြင်ကနုကုန်းရွာမှာ လပွတ္တာမြို့နယ်အတွင်း ပထမဆုံး အိမ်တွေဆောက်ပေးခဲ့တုန်းကပုံပါ ။ အဲဒီ အိမ်ပေါ်မှာပဲ ထမင်းစားခဲ့ပါတယ်။ အုန်းဖူးဟင်းနဲ့ပါ။ အုန်းဖူးဟင်းကတော့ အရမ်းမွှေးပြီး အရသာလည်း အရမ်းရှိပါတယ်။ ဒါပေမယ့် ဓါတ်ပုံထဲမှာ မမြင်ရတဲ့ ဘေးနားက ဆိုးဝါးတဲ့အနံ့အသက်တွေကတော့ စားရတဲ့ အရသာကို အနှောက်အယှက် ဖြစ်စေပါတယ်။
My Panoramio Link : http://www.panoramio.com/photo/11820699

ကုက္ကိုရွာကို Google Earth က မြင်ရတဲ့ပုံပါ ။

ကုက္ကိုရွာက အိမ်လေးတွေ ပြီးသွားတဲ့အခါ တန်းစီပြီး မြင်ရတဲ့ပုံပါ ။
My Panoramio Link : http://www.panoramio.com/photo/11818550

အချိန်ရရင်၊ Connection ကောင်းရင် အခြားရွာတွေကိုလည်း ထပ်တင်ပေးပါဦးမယ်။ အခုလောလောဆယ်တော့ ဒီရွာနှစ်ရွာပဲ Google Earth ပေါ်တင်ရပါသေးတယ်။ တည်ဆောက်ဆဲနဲ့ တည်ဆောက်ပြီး ရွာအားလုံးပေါင်းရင်တော့ ၁၂ ရွာခန့်ရှိပါလိမ့်မယ်။ အိမ်အလုံးပေါင်းကတော့ ၁၇၀ ကျော်သွားပါပြီ။ အချို့ရွာတွေကတော့ ညှိနှိုင်းဆဲပါ။

လပွတ္တာ၊ ကုက္ကိုနဲ့ ပြင်ကနုကုန်းတို့ကို Google Earth ပေါ်မှာ တွေ့ရတဲ့ပုံပါ။


ဒါကတော့ ကိုညီလင်းဆက် ပြုစုထားတဲ့ပုံပါ။

မှတ်ချက် ။ ။ Google Earth က ပုံတွေအားလုံးက Nargis မဖြစ်ခင်က ပုံတွေပါ။