Friday, May 30, 2008

Need Volunteers

လပွတ္တာမှ ကိုညီလင်းဆက်တို့အဖွဲ့ ဒီနေ့မှာ ကိုက္ကိုရွာကို သွားပါမယ်။ အိမ်ထောင်စု (၃၂) ခုအတွက် အိမ်ယာများပြန်လည်တည်ထောင်ရေး နဲ့ အလှူပစ္စည်းများ ပေးဝေရေး လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ကိုင်တဲ့အခါမှာ ကျွန်တော်တို့ အဖွဲ့နဲ့ပူးပေါင်းပြီး ပါဝင်ကူညီလိုသူ (၅) ဦးခန့်ကို ဖိတ်ခေါ်လိုပါတယ်။ Volunteer အဖြစ်လိုက်ပါလိုသူများ အနေနဲ့ thethtoo@gmail.com သို့ဖြစ်စေ၊ ၀၉ ၅၀ ၂၆၃၀၀ သို့ဖြစ်စေ မေလ (၃၁)ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်စေလိုပါတယ်။ လိုက်ပါလိုသူများအနေနဲ့ ရန်ကုန်မှ လပွတ္တာသို့ ခရီးစရိတ်၊ စောင်၊ အ၀တ်အထည်တို့ကို မိမိအစီအစဉ်နှင့် မိမိ ကျခံရမှာဖြစ်ပါတယ်။ လပွတ္တာမြို့ပေါ်နဲ့ အခြားရွာများသို့ သွားလာစဉ် စားသောက်စရိတ်နှင့် တည်းခိုနေထိုင်ရေးများကို ကျွန်တော်တို့အဖွဲ့မှ စီစဉ်ကျခံပေးမှာဖြစ်ပါတယ်။