Wednesday, May 14, 2008

Do ! Do ! Don't Talk !

လုပ်စရာရှိတာ လုပ်ကြပါခင်ဗျာ။ တတ်နိုင်တဲ့ဘက်က ကူညီစရာရှိတာ ကူညီကြပါ။ အခုလို အရေးကြီးနေတဲ့ အချိန်မှာတောင်မှ တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးနေတဲ့သူတွေကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောနေတာ ဘယ်သူမှ အကျိုးမရှိပါဘူး။

လက်တစ်ဖက်အားရင် လက်တစ်ဘက်နဲ့ ကူလိုက်ပါ။ ငွေတစ်ကျပ် ကူညီနိုင်ရင် ငွေတစ်ကျပ်နဲ့ ကူညီလိုက်ပါခင်ဗျာ။ ဘာမှ မကူညီနိုင်သေးရင်လည်း ဘေးကနေ ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါ။