Tuesday, March 25, 2008

Six Sigma

Symbol of Six Sigma

Six Sigma ဆိုတာကတော့ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေကို သတ်မှတ်ထားတဲ့ အရည်အသွေးမှ လျော့ပါးသွားခြင်း မရှိအောင်၊ တစ်နည်းအားဖြင့် အလေအလွင့် မရှိစေရန် စနစ်တကျ သတ်မှတ်ထားတဲ့ လက်တွေ့နည်းနာများ ဖြစ်ပါတယ်။


Bill Smith (1929-1993)

Six Sigma ရဲ့ ဖခင်ကြီး အဖြစ် Motorola မှ Bill Smith (1929-1993) ကို ဖော်ပြကြပါတယ်။ Bill Smith ဆိုတာကတော့ University of Minnesota( အခု Carlson School of Management လို့ သိကြပါတယ်။) မှာ ပညာသင်ခဲ့သူပါ။ Engineering ပိုင်းနဲ့ အရည်အသွေး အာမခံမှု အပိုင်းမှာ ၃၅ နှစ်လောက် အတွေ့အကြုံရှိခဲ့ပြီး Motorola မှာတော့ Vice President and Senior Quality Assurance Manager အဖြစ် တာဝန်ယူခဲ့ပါတယ်။ သူ့ရဲ့ Six Sigma လို တီထွင်ဖော်ထုတ်မှုများကြောင့် အမေရိကားရဲ့ ကုန်စည်ထုတ်လုပ်မှုကဏ္ဍမှာ အများကြီး တိုးတက်မှု ရှိခဲ့တဲ့အတွက် အသိအမှတ်ပြုမှုပေါင်းများစွာနဲ့ ဆုချီးမြှင့်တွေ ရရှိခဲ့ပါတယ်။

Six Sigma ဟာ သူ့မတိုင်ခင်က Quality Control ၊ TQM နဲ့ Zero Defects တို့ကို ပြင်ဆင်မွမ်းမံဖြည့်စွက်မှုတွေ လုပ်ထားတာပါလို့ ပြောလို့ရပါတယ်။ ၄င်းတို့လိုပဲ သူ့မှာ ပါဝင်တာတွေကတော့

- တည်ငြိမ်တဲ့ ကုန်ထုတ်ဖြစ်စဉ်ဟာ လုပ်ငန်းအောင်မြင်ရေးအတွက် အရေးပါခြင်း
- ကုန်စည်ထုတ်လုပ်ခြင်းနဲ့ စီးပွားရေး လုပ်ငန်းဆောင်တာများဆိုသည်မှာ တိုင်းတာနိုင်ခြင်းခွဲခြမ်းစိတ်ဖြာလေ့လာနိုင်ခြင်းတိုးတက်ကောင်းမွန်စေနိုင်ခြင်း နဲ့ ထိန်းချုပ်နိုင်ခြင်း
- အရည်အသွေး တိုးတက်ဖို့ရာ အဖွဲ့အစည်း တစ်ခုလုံးမှာ တာဝန်ရှိပြီး အထူးသဖြင့် Top Level Management လို့ခေါ်တဲ့ ဦးဆောင်တဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ ပိုပြီး တာဝန်ရှိခြင်း

တို့ဖြစ်ပါတယ်။ ဒီအထိက မထူးဆန်းပါဘူး။ ဒီလောက်ကတော့ အဖွဲ့အစည်းနဲ့ လုပ်ငန်းတွေမှာ လုပ်ဖူးသူများ Basic Instinct လို့ခေါ်တဲ့ ပင်ကိုဗီဇအသိ လောက်နဲ့တင် သိနိုင်ပါတယ်။

Six Sigma ဆိုတာ ဘာကို ရည်ညွန်းသလဲဆိုတော့ ထုတ်ကုန် သို့မဟုတ် ရလဒ် ကို သတ်မှတ်ချက်အတိုင်း ပြီးစီးရရှိဖို့ရာ ဘယ်လောက်ထိ မြင့်မြင့်မားမား စွမ်းဆောင်အားထုတ်နိုင်သလဲဆိုတာပါ။ ပိုပြီး အသေးစိတ်ပြောရင် Six Sigma ကို လိုက်နာပြီး ထုတ်လုပ်တဲ့ ထုတ်လုပ်မှုဟာ 3.4 DPMO ပဲ လေလွင့်မှု ရှိရပါမယ်။ DPMO ဆိုတာ Defects per One Million Opportunities ကို ဆိုလိုတာပါ။ အရည်အသွေး စံချိန်စံညွှန်း မပြည့်စုံမှုဟာ အကြိမ်တစ်သန်းဖြစ်နိုင်တဲ့ အချိန်မှာ 3.4 ပဲ ရှိပါတယ်လို့ ပြောတာပါ။

100,000 x numbers of defects
DPMO = _______________________________________
numbers of units x numbers of opportunities per units

Six Sigma ကို Motorola Inc. ရဲ့ Service Mark (℠) နဲ့ Trademark အဖြစ် မှတ်ပုံတင်ထားပါတယ်။ Motorola ရဲ့ Report အရ ၂၀၀၆ ခုနှစ်မှာ Six Sigma ကြောင့် US$17 billion လွေလွင့်မှုမှ သက်သာခဲ့ပါတယ်လို့ ဆိုပါတယ်။

Methodology

Six Sigma ရဲ့ နည်းလမ်း မှာ အဓိက အပိုင်းနှစ်ခု ပါဝင်ပါတယ်။ အဲဒါတွေကတော့ DMAIC နဲ့ DMADV ပါ။

DMAIC ကို တည်ရှိပြီးသား လုပ်ငန်းတစ်ခု တိုးတက်ကောင်းမွန်အောင် အသုံးပြုလေ့ရှိပြီး DMADV ကိုတော့ ထုန်ကုန်အသစ်တစ်ခု ထုတ်လုပ်ဖို့ သို့မဟုတ် လုပ်ငန်းစဉ် တစ်ခု အသစ် တီထွင်ဖို့အတွက် အသုံးပြုလေ့ ရှိပါတယ်။

ကဲ DMAIC နဲ့ DMADV အကြောင်းတို့ကို နောက်မှ ရေးဦးမယ်ဗျာ။ အခြားသော Six Sigma ရဲ့ ဒီဇိုင်းတွေ အကြောင်းကိုလည်း ရေးပါဦးမယ်။ အခုတော့ မိတ်ဆက်ပေါ့။

ဘာလို့ Six Sigma အကြောင်း ရေးဖြစ်သလဲဆိုတာလဲ နောက်တော့ ရေးပါဦးမယ်။

Calculate - Six Sigma Calculator