Wednesday, February 13, 2008

How to create Myanmar Blog ?

မြန်မာဘလော့ဂ်တစ်ခု လုပ်ဖို့အတွက် အတော်များများ စိတ်ဝင်စားတာ သိရတဲ့အတွက် ၀မ်းသာပါတယ်ခင်ဗျာ။ လူတိုင်းမှာ စိတ်ဝင်စားစရာ၊ အတုယူအားကျစရာ အနည်းဆုံး သင်ခန်းစာယူစရာတွေ အနည်းနဲ့ အများရှိနေကြမှာပါ။ ဒါတွေကို ဘလော့ဂ်ကနေတဆင့် မျှမယ်ဗျာ။ ဟိုအရင်တုန်းကတော့ စာရေးဆရာတွေရဲ့ စာအုပ်စာပေတွေကနေတဆင့် သင်ယူကြတာပေါ့။ အခုတော့ အင်တာနက်ရဲ့ ဘလော့ဂ်စာမျက်နှာတွေမှာ ကျွန်တော်တို့ ကိုယ်တိုင် မဖြတ်သန်းဖူးပေမယ့် လူတွေရဲ့ ဖြတ်သန်းမှုမျိုးစုံကို အချိန်ခဏလေးအတွင်း ဖြတ်သန်းလို့ရနေပြီ။

ကျွန်တော်တို့ ဘလော့ဂ်စပြီး ရေးတဲ့ အချိန်က အရင် မြန်မာဘလော့ဂါတွေရဲ့ လက်တွဲကူညီဖေးမမှုကြောင့် အခုလို ကိုယ်ပိုင်ဘလော့ဂ်လေး တစ်ခု ဖြစ်လာတာပါလို့ ကျွန်တော်ရေးဖူးပါတယ်။ အခုတော့ တစ်ယောက်ချင်းစီကို အချိန်ပေးပြီး မြန်မာလို ရေးတဲ့ ဘလော့ဂ်တစ်ခု ဘယ်လိုလုပ်ရမယ်ဆိုတာ ပြန်ပြီးပြောဖို့ အချိန်အခက်အခဲ ရှိတဲ့အတွက် မြန်မာဘလော့ဂ်တစ်ခု လုပ်ဖို့ အစအဆုံး အခြေခံလမ်းညွှန်မှ အစ ဘလော့ဂ်တစ်ခုကို ကိုယ့်စိတ်ကြိုက် မွမ်းမံပြင်ဆင်ပုံတွေပါ သိသွားနိုင်အောင် ရေးထားတဲ့ ဘလော့ဂ်တွေနဲ့ ပို့စ်တွေကို ညွှန်ပြပါရစေ။


မြန်မာ ဘလော့ဂါ ဖိုရမ် မှာ ဘလော့ဂ်စလုပ်မယ့်သူတွေကနေ အဆင့်မြင့်မွမ်းမံမှုတွေအထိ လေ့လာဆွေးနွေးလို့ရပါတယ်။

Myanmar Blog Directory မှာတော့ မြန်မာဘလော့ဂ်ပြုလုပ်ပုံများကို စိတ်တိုင်းကျ လေ့လာနိုင်ပါတယ်။ ကျွန်တော်လည်း အဲဒီကနေပဲ ဘလော့ဂ်နဲ့ပတ်သတ်တာ တော်တော်များများကို လေ့လာခဲ့တာပါ။ အဲဒီက Making Myanmar Blog ခေါင်းစဉ်အောက်က လင့်ခ်တွေမှာ သေချာလေ့လာပြီး လိုက်လုပ်မယ်ဆိုရင် မြန်မာဘလော့ဂ်တစ်ခု ပြုလုပ်ဖို့ လုံလောက်တဲ့ အကူအညီတွေ ရနိုင်ပါလိမ့်မယ်။

ကိုစေတန်ဂေါ့ဒ် ပြုစုထားတဲ့ Making Myanmar Blog ဆိုတဲ့ စာအုပ်မှာလည်း အများကြီး လေ့လာစရာတွေရှိပါတယ်ခင်ဗျာ။ ဒေါင်းလုဒ်လုပ်ပြီး လေ့လာကြည့်နိုင်ပါတယ်။

Myanmar Blogger Help Desk မှာတော့ ဘလော့ဂ်လုပ်ရင်း တွေ့နိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းဖို့၊ ဘလော့ဂ်ကို တန်ဆာဆင် မွမ်းမံဖို့ လိုအပ်တာတွေ အများကြီး လေ့လာတွေ့ရှိနိုင်ပါတယ်။

ဘလော့ဂ်နဲ့ နည်းပညာဆိုင်ရာတွေကို ဟိုးအရင် ဘလော့ဂ်လုပ်ကာစကနေပြီး အခုအချိန်ထိ ကျွန်တော် အမြဲတမ်း ၀င်ရောက်ဖတ်ရှုဖြစ်တဲ့ လေးစားရပါသော မြန်မာဘလော့ဂ်များကိုလည်း အောက်မှာ စာရင်းပြုစုပေးထားပါတယ်။ ကျွန်တော်စာရင်းထဲမှာ မပါပေမယ့် ကျွန်တော် ဖတ်ဖြစ်တဲ့၊ လေ့လာဖြစ်တဲ့ ဘလော့ဂ်တွေ၊ ကျွန်တော်မသိသေးတဲ့ ဘလော့ဂ်တွေလည်း အများကြီး ရှိဦးမှာပါ။ ကျွန်တော့်ကို မိတ်ဆွေတို့သိတဲ့ နည်းပညာဘလော့နဲ့ ဖိုရမ်တွေ ပြောသွားမယ်ဆိုရင်လည်း ကျေးဇူးအများကြီးတင်မှာပါ။

ကိုညီလင်းဆက်
ကိုမောင်လှ
ကိုမင်းကျော်
ကိုစေတန်ဂေါ့ဒ်
ကိုချမ်းမြစိုး
ကိုမျိုးကျော်ထွန်း
ကိုမြတ်မင်းဟန်
ကိုဝေယံလင်း
၁၈၁ဘုရင့်နောင်

နောက်ဆုံးကတော့ ကျွန်တော်ရေးခဲ့ဖူးတဲ့ မြန်မာဘလော့ပြုလုပ် ပြင်ဆင်ပုံလေးတွေကို ပြန်ညွှန်ပါရစေ။ အားလုံး အဆင်ပြေကြပါစေဗျာ။

Creating A Blog with Blogger.com

သင့်ဘလော့ဂ်သို့ ဒုတိယ Sidebar တစ်ခု ပေါင်းထည့်ခြင်း

Adding Your Blog/Web URL to Search Engine Index (Google, Yahoo, ...)