Friday, February 1, 2008

Check Your Browser Security

ကျွန်တော် အရင်တုန်းက သိထားတာလေးတွေက နည်းသေးတယ်ဗျ။ Anti-virus, Anti-spyware, Firewall တို့ကို တင်ထားရင် စက်အတွက် တော်တော်လေး လုံခြုံပြီပေါ့ဗျာ။ လူပြောသူပြောများတဲ့ ကိုယ်လည်း အသုံးပြုရတာ လွယ်တဲ့ Software တွေတင်ထားလိုက်တာပါပဲ။ တခါတလေတော့ Software Review တွေ ဘာတွေ လိုက်ဖတ်ပြီး နည်းနည်းပါးပါး ရွေးလိုက်သေးတယ်။ အဓိက အားထားပြီး ရှာတာကတော့ Opensource နဲ့ Freeware တွေထဲကနေပဲ ရှာတာပါပဲ။ ZoneAlarm Firewall (Free Version) ရယ် PC Tools Antispyware (Google Pack ကနေ ယူထားတဲ့ Free ပါပဲ) ကိုတော့ တော်တော်ကြာကြာ သုံးခဲ့ပါတယ်။ အဆင်ပြေပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဘာကြောင့်ညာကြောင့် စက်က ဒုက္ခပေးတာမျိုးမကြုံခဲ့ရပါဘူး။

ဒါပေမယ့် တစ်နေ့မှာတော့ စက်ထဲက အချို့ Software တွေရယ် အချို့ပစ္စည်းတွေရယ်က အလုပ်မလုပ်တော့ဘူးဗျ။ အဲဒါနဲ့ မျိုးစုံ အပြစ်ရှာတာပဲ။ မတွေ့ဘူးဗျ။ တွေးလိုက်တာပေါ့ဗျာ။ ကောင်ကောင် ကိုက်ပြီလို့။ နောက်ဆုံးတော့ ရှိပြီးသား Firewall တွေ Anti-virus တွေ အကုန်ဖြုတ်ပြီး အခြား Software တွေသုံးပြီး ပြန်စစ်မယ်လို့တွေးမိတာနဲ့ ZoneAlarm, PC Tools, NOD32 အကုန်ဖြုတ်ပစ်လိုက်တယ်။ အဲဒီလိုလည်းဖြုတ်ပြီးရော ခုနလေးက သုံးလို့မရတဲ့ Software တွေ Hardware တွေ အကုန်သုံးလို့ရသွားရောဗျ။

ဖြစ်နိုင်တာကတော့ ZoneAlarm က Allow ? Deny ? ဆိုပြီး Software တွေကို Run သင့် မ Run သင့် မေးတဲ့ အချိန်မှာ Deny ကို ကျွန်တော့်ရဲ့ ရင်နှစ်သည်းချာကဖြစ်ဖြစ် ကျွန်တော်ကဖြစ်ဖြစ် မှားပြီး နှိပ်ခဲ့မိပုံပေါ်ပါတယ်။ ဒါကြောင့် ဘာမှ သုံးလို့မရ ပြုလို့မရ ဖြစ်ကုန်တာတယ် ထင်တာပဲဗျ။ ကျွန်တော်လည်း အချိန်ကောင်းကောင်းမရတာနဲ့ သေချာတော့ မစမ်းလိုက်မိဘူး။

ဒါနဲ့ ကျွန်တော် PC Tools ကပဲ Free ရတဲ့ PC Tools Firewall Plus ဆိုတာရယ်၊ Spyware Doctor ရယ်၊ Free Antivirus ရယ်ကို Download လုပ်ပြီး PC Tools တွေပဲ သီးသန့် တင်လိုက်တယ်။ အဲဒီမှာ စတွေ့တော့တာပဲ။ ဘာလဲဆိုတော့ စက်က တက်ဖို့လည်း ကြာ ဆင်းဖို့လည်း ကြာ (ဘတ်စ်ကားပေါ်မှာဆို စပယ်ယာ ကောင်းကောင်း ကလော်တုတ်ခံရမယ့် အချိုးမျိုးနဲ့)၊ ပြီးတော့ ကျွန်တော်က စက်ကို တက်တက်ချင်းမှာ Software 4 ခု ၅ ခုလောက်ကို ဖွင့်တတ်တယ်ဗျ။ သိပ်လည်း စိတ်က ရှည်တာမဟုတ်ဘူး။ ကိုယ်ဖွင့်ချင်တာတွေ တန်းစီပြီး ဖွင့်ချလိုက်တာ။ အဲဒါတွေလည်း တစ်ခုမှ တက်မလာဘူး။ အရင်ဆို သည်းခံနိုင်တဲ့ ဘောင်အတွင်းမှာ ဖွင့်တာတွေ ပွင့်ပါတယ်။ ကျွန်တော်ဖွင့်တာတွေလား။ သိပ်တော့ မများလှပါဘူး။ အင်တာနက်သုံးမယ် ဆိုရင် Gtalk ရယ်၊ UltraSurf ရယ်၊ Multiproxy ရယ်၊ Tab တွေ ၃၀ လောက် ကို Restore လုပ်ပြီး ပြန်ဖွင့်တဲ့ Firefox ရယ်၊ Tab 10 ခုလောက် ဖွင့်ရမယ့် IE7 ရယ်၊ Winamp ရယ်၊ အဲလောက်ပါပဲ။ :P

ကျွန်တော်လည်း PC Tools ကို အကုန်ပြန်ဖြုတ်၊ Comodo ဆိုတာကို စမ်းပြီး တင်သုံးကြည့်လိုက်တယ်။ မိုက်တယ်ဗျ။ အေးဆေးပဲ။ အလကားရတဲ့နွား သွားဖြဲမကြည့်တော့ပါဘူး။ နော။ ကိုယ်လည်း ရေးတတ်တာ မဟုတ်ဘဲနဲ့။ အဆင်သင့်လေး ယူသုံးရတာကို။

အခုချိန်ထိ ပြောချင်တဲ့ ဆိုလိုရင်းကို မရောက်သေးဘူး။ :P

ကျွန်တော်ပြောချင်တာက စက်ကိုသာ လုံခြုံရေးအတွက် အမျိုးမျိုး စစ်ဆေးနေတာ။ ကျွန်တော်တို့ အမြဲတမ်းသုံးနေတဲ့ Browser ကို လုံခြုံရေးအတွက် ဒါမှမဟုတ် Error အတွက် တစ်ခါမှ မစစ်ဆေးဖူးဘူးဗျ။ အဲဒါလေးကို ထုံးစံအတိုင်း Freeware နဲ့ Opensource တွေကို လိုက်ရှာရင်း FreewareWiki ဆိုတဲ့ Site မှာတွေ့လာလို့ မိတ်ဆွေတို့လည်း ကိုယ်သုံးနေကျ Browser များကို စစ်ဆေးချင်သပဆိုရင် စစ်ဆေးနိုင်အောင် ဒီမှာ ပြန်ညွှန်းလိုက်ရပါကြောင်း....။

Check Browser Security and Error

ကြုံတုန်းလေး ဒါလေးတွေလည်း မရှိသေးရင် ယူသွားပါဦး။

Comodo Free Personal Firewall

Comodo Free Antivirus

ပြီးတော့ ကျွန်တော် အခုဖတ်ကြည့်နေတဲ့ Freeware Review ဆိုတာကိုလည်း ဒီမှာ ကြည့်သွားပါဦး။
Free နဲ့ Open Site တွေက Software တွေသုံးပြီး အားလုံး အဆင်ပြေကြပါစေဗျာ...။ မိတ်ဆွေတို့ သိတာလေးတွေကိုလည်း ကျွန်တော့်ကို လက်တို့ခဲ့ဦးနော်။