Sunday, February 10, 2008

ငိုနေတဲ့ ကွန်ပျူတာ

ငါ့မှာ တွက်ချက်စရာ ကိန်းဂဏန်း အမြောက်အများ မရှိဘူး
ငါ့မှာ နောက်ဆုံးပေါ် ဆက်သွယ်ရေး ကိရိယာတွေ မရှိဘူး
ငါ့မှာ ပြင်ပြင်ဆင်ဆင် သစ်လွင်တဲ့ဟန်လည်း မရှိဘူး
ငါ့မှာ ဖျော်ဖြေစရာ မာလ်တီမီဒီယာတွေ မရှိဘူး
ငါ့မှာ ရင်ပူလာရင်တောင် အအေးပေး စနစ်တွေ မရှိဘူး
ငါ့မှာ ခိုင်းတဲ့ အတိုင်းလုပ်မယ့် စက်ခလုတ်တွေလည်း မရှိဘူး
ငါ့မှာ အာပေါင်အာရင်း သန်သန်ပြောပြရမယ့် ဒေတာတွေလည်း မရှိဘူး

ငါ့မှာ ရီကာဗာ မလုပ်ချင်တဲ့ ဒေတာတွေ ရှိတယ်
ငါ့မှာ မညီမျှတဲ့ အင်ပွတ် အောက်ပွတ် စနစ်တွေ ရှိတယ်
ငါ့မှာ ဘယ်သူနဲ့မှ ပြောလို့မရတဲ့ စကားပြောခွက်ရှိတယ်
ငါ့မှာ ငါတစ်ယောက်တည်းကြားတဲ့ နားတစ်စုံရှိတယ်
ငါ့မှာ အမြဲတမ်း အသံထွက် ငြီးငြူနေတဲ့ ဗဟိုတွက်စက်တစ်ခု ရှိတယ်
ငါ့မှာ တုန်တုန်မှုန်မှုန် မြင်ကွင်းတစ်စုံရှိတယ်
ငါ့မှာ မီးမပျက်တာတောင် ပျက် ပျက်သွားတဲ့ မှတ်ဥာဏ်အချို့လည်း ရှိတယ်

ငါဘာလို့ ဒီလိုဖြစ်သွားတာလဲ သိလား
ငါငိုလိုက်လို့လေ.....။