Thursday, February 28, 2008

Virus Total




Virus Total ဆိုတဲ့ site တစ်ခု အကြောင်း ပြောချင်လို့ပါ။ သူက ကိုယ့်ရဲ့ File တစ်ခုမှာ Virus ရှိမရှိ စစ်ဆေးပေးတဲ့ Website တစ်ခုပါ။

ဒီလိုပြောထားပါတယ်။
Virustotal is a service that analyzes suspicious files and facilitates the quick detection of viruses, worms, trojans, and all kinds of malware detected by antivirus engines.

ဒီတော့ မသင်္ကာတဲ့ ဖိုင်တစ်ခုခုကို စစ်ဆေးချင်ရင် Virustotal မှာ စစ်ဆေးကြည့်နိုင်ပါတယ်။






This is a list of the companies that participate in VirusTotal with their antivirus engines.

AhnLab (V3)
Aladdin (eSafe)
ALWIL (Avast! Antivirus)
Authentium (Command Antivirus)
Avira (AntiVir)
Bit9 (FileAdvisor)
Cat Computer Services (Quick Heal)
ClamAV (ClamAV)
CA Inc. (Vet)
Doctor Web, Ltd. (DrWeb)
Eset Software (ESET NOD32)
ewido networks (ewido anti-malware)
Fortinet (Fortinet)
FRISK Software (F-Prot)
F-Secure (F-Secure)
AVG Technologies (AVG)
Hacksoft (The Hacker)
Ikarus Software (Ikarus)
Kaspersky Lab (AVP)
McAfee (VirusScan)
Microsoft (Malware Protection)
Norman (Norman Antivirus)
Panda Security (Panda Platinum)
Prevx (Prevx1)
Rising Antivirus (Rising)
Secure Computing (Webwasher)
Softwin (BitDefender)
Sophos (SAV)
Sunbelt Software (Antivirus)
Symantec (Norton Antivirus)
VirusBlokAda (VBA32)
VirusBuster (VirusBuster)

Saturday, February 23, 2008

Vista Ebook

Windows Vista နဲ့ ပတ်သတ်တဲ့ eBook တွေပါ။ ကျွန်တော်လည်း မဖတ်ရသေးဘူး။ မိတ်ဆွေတစ်ယောက်ရဲ့ အသိတစ်ယောက်က ပို့လိုက်လို့ ပြန်တင်လိုက်ပါတယ်။ ပို့ပေးသူ ကိုထွန်းထွန်းရေ။ ကျေးဇူးပါပဲ ခင်ဗျာ။


DOWNLOAD - MCTS-Windows_Vista_Configuration-70-620

DOWNLOAD - Que.Tricks.of.the.Microsoft.Windows.Vista.Masters

ကျွန်တော်ကတော့ တစ်အုပ်မှ မဖတ်ရသေးဘူး :D

Wednesday, February 13, 2008

How to create Myanmar Blog ?

မြန်မာဘလော့ဂ်တစ်ခု လုပ်ဖို့အတွက် အတော်များများ စိတ်ဝင်စားတာ သိရတဲ့အတွက် ၀မ်းသာပါတယ်ခင်ဗျာ။ လူတိုင်းမှာ စိတ်ဝင်စားစရာ၊ အတုယူအားကျစရာ အနည်းဆုံး သင်ခန်းစာယူစရာတွေ အနည်းနဲ့ အများရှိနေကြမှာပါ။ ဒါတွေကို ဘလော့ဂ်ကနေတဆင့် မျှမယ်ဗျာ။ ဟိုအရင်တုန်းကတော့ စာရေးဆရာတွေရဲ့ စာအုပ်စာပေတွေကနေတဆင့် သင်ယူကြတာပေါ့။ အခုတော့ အင်တာနက်ရဲ့ ဘလော့ဂ်စာမျက်နှာတွေမှာ ကျွန်တော်တို့ ကိုယ်တိုင် မဖြတ်သန်းဖူးပေမယ့် လူတွေရဲ့ ဖြတ်သန်းမှုမျိုးစုံကို အချိန်ခဏလေးအတွင်း ဖြတ်သန်းလို့ရနေပြီ။

ကျွန်တော်တို့ ဘလော့ဂ်စပြီး ရေးတဲ့ အချိန်က အရင် မြန်မာဘလော့ဂါတွေရဲ့ လက်တွဲကူညီဖေးမမှုကြောင့် အခုလို ကိုယ်ပိုင်ဘလော့ဂ်လေး တစ်ခု ဖြစ်လာတာပါလို့ ကျွန်တော်ရေးဖူးပါတယ်။ အခုတော့ တစ်ယောက်ချင်းစီကို အချိန်ပေးပြီး မြန်မာလို ရေးတဲ့ ဘလော့ဂ်တစ်ခု ဘယ်လိုလုပ်ရမယ်ဆိုတာ ပြန်ပြီးပြောဖို့ အချိန်အခက်အခဲ ရှိတဲ့အတွက် မြန်မာဘလော့ဂ်တစ်ခု လုပ်ဖို့ အစအဆုံး အခြေခံလမ်းညွှန်မှ အစ ဘလော့ဂ်တစ်ခုကို ကိုယ့်စိတ်ကြိုက် မွမ်းမံပြင်ဆင်ပုံတွေပါ သိသွားနိုင်အောင် ရေးထားတဲ့ ဘလော့ဂ်တွေနဲ့ ပို့စ်တွေကို ညွှန်ပြပါရစေ။


မြန်မာ ဘလော့ဂါ ဖိုရမ် မှာ ဘလော့ဂ်စလုပ်မယ့်သူတွေကနေ အဆင့်မြင့်မွမ်းမံမှုတွေအထိ လေ့လာဆွေးနွေးလို့ရပါတယ်။

Myanmar Blog Directory မှာတော့ မြန်မာဘလော့ဂ်ပြုလုပ်ပုံများကို စိတ်တိုင်းကျ လေ့လာနိုင်ပါတယ်။ ကျွန်တော်လည်း အဲဒီကနေပဲ ဘလော့ဂ်နဲ့ပတ်သတ်တာ တော်တော်များများကို လေ့လာခဲ့တာပါ။ အဲဒီက Making Myanmar Blog ခေါင်းစဉ်အောက်က လင့်ခ်တွေမှာ သေချာလေ့လာပြီး လိုက်လုပ်မယ်ဆိုရင် မြန်မာဘလော့ဂ်တစ်ခု ပြုလုပ်ဖို့ လုံလောက်တဲ့ အကူအညီတွေ ရနိုင်ပါလိမ့်မယ်။

ကိုစေတန်ဂေါ့ဒ် ပြုစုထားတဲ့ Making Myanmar Blog ဆိုတဲ့ စာအုပ်မှာလည်း အများကြီး လေ့လာစရာတွေရှိပါတယ်ခင်ဗျာ။ ဒေါင်းလုဒ်လုပ်ပြီး လေ့လာကြည့်နိုင်ပါတယ်။

Myanmar Blogger Help Desk မှာတော့ ဘလော့ဂ်လုပ်ရင်း တွေ့နိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းဖို့၊ ဘလော့ဂ်ကို တန်ဆာဆင် မွမ်းမံဖို့ လိုအပ်တာတွေ အများကြီး လေ့လာတွေ့ရှိနိုင်ပါတယ်။

ဘလော့ဂ်နဲ့ နည်းပညာဆိုင်ရာတွေကို ဟိုးအရင် ဘလော့ဂ်လုပ်ကာစကနေပြီး အခုအချိန်ထိ ကျွန်တော် အမြဲတမ်း ၀င်ရောက်ဖတ်ရှုဖြစ်တဲ့ လေးစားရပါသော မြန်မာဘလော့ဂ်များကိုလည်း အောက်မှာ စာရင်းပြုစုပေးထားပါတယ်။ ကျွန်တော်စာရင်းထဲမှာ မပါပေမယ့် ကျွန်တော် ဖတ်ဖြစ်တဲ့၊ လေ့လာဖြစ်တဲ့ ဘလော့ဂ်တွေ၊ ကျွန်တော်မသိသေးတဲ့ ဘလော့ဂ်တွေလည်း အများကြီး ရှိဦးမှာပါ။ ကျွန်တော့်ကို မိတ်ဆွေတို့သိတဲ့ နည်းပညာဘလော့နဲ့ ဖိုရမ်တွေ ပြောသွားမယ်ဆိုရင်လည်း ကျေးဇူးအများကြီးတင်မှာပါ။

ကိုညီလင်းဆက်
ကိုမောင်လှ
ကိုမင်းကျော်
ကိုစေတန်ဂေါ့ဒ်
ကိုချမ်းမြစိုး
ကိုမျိုးကျော်ထွန်း
ကိုမြတ်မင်းဟန်
ကိုဝေယံလင်း
၁၈၁ဘုရင့်နောင်

နောက်ဆုံးကတော့ ကျွန်တော်ရေးခဲ့ဖူးတဲ့ မြန်မာဘလော့ပြုလုပ် ပြင်ဆင်ပုံလေးတွေကို ပြန်ညွှန်ပါရစေ။ အားလုံး အဆင်ပြေကြပါစေဗျာ။

Creating A Blog with Blogger.com

သင့်ဘလော့ဂ်သို့ ဒုတိယ Sidebar တစ်ခု ပေါင်းထည့်ခြင်း

Adding Your Blog/Web URL to Search Engine Index (Google, Yahoo, ...)

Sunday, February 10, 2008

ငိုနေတဲ့ ကွန်ပျူတာ

ငါ့မှာ တွက်ချက်စရာ ကိန်းဂဏန်း အမြောက်အများ မရှိဘူး
ငါ့မှာ နောက်ဆုံးပေါ် ဆက်သွယ်ရေး ကိရိယာတွေ မရှိဘူး
ငါ့မှာ ပြင်ပြင်ဆင်ဆင် သစ်လွင်တဲ့ဟန်လည်း မရှိဘူး
ငါ့မှာ ဖျော်ဖြေစရာ မာလ်တီမီဒီယာတွေ မရှိဘူး
ငါ့မှာ ရင်ပူလာရင်တောင် အအေးပေး စနစ်တွေ မရှိဘူး
ငါ့မှာ ခိုင်းတဲ့ အတိုင်းလုပ်မယ့် စက်ခလုတ်တွေလည်း မရှိဘူး
ငါ့မှာ အာပေါင်အာရင်း သန်သန်ပြောပြရမယ့် ဒေတာတွေလည်း မရှိဘူး

ငါ့မှာ ရီကာဗာ မလုပ်ချင်တဲ့ ဒေတာတွေ ရှိတယ်
ငါ့မှာ မညီမျှတဲ့ အင်ပွတ် အောက်ပွတ် စနစ်တွေ ရှိတယ်
ငါ့မှာ ဘယ်သူနဲ့မှ ပြောလို့မရတဲ့ စကားပြောခွက်ရှိတယ်
ငါ့မှာ ငါတစ်ယောက်တည်းကြားတဲ့ နားတစ်စုံရှိတယ်
ငါ့မှာ အမြဲတမ်း အသံထွက် ငြီးငြူနေတဲ့ ဗဟိုတွက်စက်တစ်ခု ရှိတယ်
ငါ့မှာ တုန်တုန်မှုန်မှုန် မြင်ကွင်းတစ်စုံရှိတယ်
ငါ့မှာ မီးမပျက်တာတောင် ပျက် ပျက်သွားတဲ့ မှတ်ဥာဏ်အချို့လည်း ရှိတယ်

ငါဘာလို့ ဒီလိုဖြစ်သွားတာလဲ သိလား
ငါငိုလိုက်လို့လေ.....။

Saturday, February 9, 2008

မှ ... နေဘုန်းလတ်

မိုးကောင်းကင်မှာ
တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ အက်ဆစ်မိုးတို့ ရွာချ
ဘ၀တွေ နစ်မွန်း သွားကြတယ်

ကျေးငှက်တို့က တောင်ပံတွေကို တမ်းတ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
တိတ်တဆိတ် ခရီးဆက်ခဲ့ကြတယ်

တနေ့မှာပေါ့
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တို့ စဲတဲ့တနေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှောက်
ငါတို့ ပြန်တွေ့ကြမယ်

နေဘုန်းလတ်

အသေးစိတ်တွေ ကျွန်တော် ပြောလို့ မကောင်းတာတွေ ရှိမယ်။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ ကြား နားလည်မှုဆိုတာ သူလိုကိုယ်လို အားနာပါးနာ ထက်တော့ ပိုပါတယ်ဗျာ။

ဖတ်ရင်း မျက်လုံးတွေ ၀ါးတားတား ဖြစ်လာတယ်။

Friday, February 8, 2008

ဘလော့ဂါ ဘာလဲ ဘယ်လဲ

ကျွန်တော်ပြောချင်တာ ဖြစ်တဲ့ အတွက် ကျွန်တော့ အာဘော် လို့ ပြောချင်လဲ ရသလို၊ ကျွန်တော်နဲ့ အတွေးအမြင်တူတဲ့ သူတွေရဲ့ သဘောထား ဖြစ်တယ်ဆိုလဲ ကျွန်တော် မငြင်းပါဘူး။ ကျွန်တော် တို့ အင်တာနက် ကိုစသုံးလာ ခဲ့ကြတာ အခုဆို အတော်လေး အချိန်ကြာလာခဲ့ပါပြီ။ ကျွန်တော်အပါအ၀င် အင်တာနက် ပေါ်မှာ ဘလောက်လို့အမည်ရတဲ့ ကိုပိုင် ၀က်ဆိုဒ် တပိုင်း ဖြစ်တဲ့ စာမျက်နှာလေးတွေမှာ သန်ရာ သန်ရာ ၊ ကို့အမြင် တွေ အတွေးအခေါ်တွေ၊ စိတ်ကူးတွေ ၊ ကျွန်တော်တို့ အိမ်မက်လေးတွေ ဖြန့်လာ ခဲ့ ကြတာလဲ အခုဆို ကျွန်တော်တောင် တနှစ်ကျော် လောက်ကြာလာ ခဲ့ပါပြီ။ ကျွန့် တော့ အရင် ရေးသားခဲ့ကြတဲ့ သူတွေ၊ အဲလို အားလုံးသော ဘလောက် ရေးသားသူတွေ၊ အထူးသဖြင့် မြန်မာ လိုရေးသားလို့ ရတဲ့ အခါ မြိုင်မြိုင်ဆိုင်ဆိုင် ရေးသား နိုင်အောင် အခြင်းခြင်း ပညာတွေ ဝေငှ ၊ နည်းပညာတွေ ဖြေချ လို့ မြန်မာ ဘလောက်ဂါ တွေရယ်လို့ ပေါ်ပေါက် အမည်တပ် လို့ရလာခဲ့တာလဲ အချိန်လေး အတော်ကြာ ဖြတ် သန်းခဲ့ကြပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အင်တာ နက်ရဲ့ ပါဝါတခု ဖြစ်တဲ့ အခမယ့် ရယူနိုင်တဲ့နည်းပညာ တွေနဲ့ ၀န်ဆောင်မှုတွေ ကို အသုံးပြု ခဲ့ကြပြီး ကိုပိုင် ဘလောက်လေးတွေ ရေးနိုင်ခဲ့ကြပါတယ်။ ကျွန်တော် လေနဲနဲ ရှည်သွားပုံရတယ်ဗျာ။ ဆိုလိုချင်တာ ဒီလိုလေးပါ။ ကျွန်တော်တို့ ကိုယ့်ဘလောက်ကို ရေးကြရာမှာ ကို့အမြင်တွေ ကို အဓိက ရေးကြပါတယ်။ ပါစင်နယ် ဆန်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ ဘလောက်တွေကို ခေါင်းစဉ် အမျိုးမျိုး တတ်လို့ ရပါတယ်။ ကျွန်တော်တခါလဲ ဒီပုံစံလေးရေးခဲ့ဘူးပါတယ်။

ကျွန်တော်လုပ်တဲ့ ၊ ကျွန်တော် ရေးတဲ့ ပေါ်ကို မူတည်ပြီး ဒီဘလောက်ရဲ့ အမည်နဲ့ အနှစ်သာ ရ ဟာ ကွဲ ပြား သွားမှာပါဘဲ။ ဒါပေမယ့် အားလုံးသော ဘလောက်ဂါတွေ (အများစုလို့ထင်ပါသည်) ရည်ရွယ်ရင်းတစ်ခု ရှိတယ်ဗျ။ အဲဒါ ကိုသိပြီးတဲ့ အကြောင်းအရာတွေ ကို ဝေငှ ပေး ချင်တယ်။ ဝေငှတဲ့နေရာမှာ အမျိုးမျိုး ရှိမှာပါ။ အဲဒီထဲက အတူညီဆုံးတစ်ခု ဟာ အင်တာနက်သုံးနေတဲ့ သူတွေတင်မက မသုံးရသေးတဲ့ သူတွေကိုပါ အသိပညာ ဝေငှ ပေးချင်ကြတယ်။ အတတ်ပညာတွေ ဝေငှချင်ကြတယ်။ ဒါကြောင့်လဲ ဘလောက်သက် နုနယ် နေ ကြသေးတဲ့ အချိန်ကတည်းက နေယနေ့ အထိ ကျွန်တော်တို့ နိုင်ငံတကာ က မြန်မာ ဘလောက်ဂါတွေရဲ့ရသမျိုးစုံပါတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေဖို့ စုစည်း ခဲ့ကြတာ ယနေ့အချိန်အထိပါ။ ကျွန်တော်တို့အခက် အခဲတွေ ကြားထဲက ကြိုးစားနေကြဆဲ ပါ။ နောက်ပိုင်း ရန်ကုန် နဲ့ မန်း မှာပါ အမှတ်တရ ဟော ပြောပွဲတွေ လုပ်နိုင်လာ ခဲ့ အောင် စုစည်းပေးနိုင်ခဲ့ကြပါတယ်။ မန်းကလဲ မန်း အလျောက် အောင်မြင်ပါတယ်။ ရန်ကုန် ကလဲ ရန်ကုန်အလျောက် အောင်မြင်ကြပါတယ်။ အဲဒီ အချိန်ကစလို့ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းပေါ်တယ် တခုဖန်တီးကြပြီး ဘလောက်ဖတ်သူရော ရေးသူတွေပါ အကျိုးရှိစေမယ့် အစဉ်အစဉ်တွေ ပါတဲ့ဆိုဒ် တခုတည်ထောင်ဖို့ လေ့ လာ ကြိုးစားလာခဲ့ပြန်ပါတယ်။ နောက်ဆုံး အနေနဲ့ လာမည့် နွေက စလို့ ကျွန်တော်တို့ တွေ စုစည်းနိုင်တဲ့ အားတွေနဲ့ ပြည်တွင်း ပညာရေး တိုးတက်စေမယ့် တဖက်တလမ်း ဖြစ်တဲ့ ကွန်ပျုတာ အခြေခံ သင်တန်းတွေလို၊ ရုံးသုံးကွန်ပျုတာ လက်တွေ့ အသုံးချ သင်တန်းတွေလို အကျိုးရှိစေမယ့် သင်တန်းများ ကို အခမယ့် သင်ကြားပေး ကြဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ ပရဟိတ လုပ်ငန်းနဲ့ နည်းပညာ ပြန့်ပွားရေး အခြေခံ အုတ်မြစ်ကို ကျွန်တော်တို့ လက်တွေ့ဖော် ဆောင် နိုင် အောင်ကျွန်တော်တို့ ကြိုးစားကြဖို့ သဘော တူညီစွာနဲ့ လက်ခံခဲ့ကြပါတယ်။ အဲဒီလို လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်တွင်း မှာလုပ်ဆောင်ကြမယ့် သူတွေ အတွက် များစွာသော ငွေအား၊ လူအား စတဲ့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့မည်သည့် ဘလောက်ရေးသားသော ဆန္ဒရှိတဲ့ ဘလောက်ဂါများမဆို ပါဝင် ဆောင်ရွက် နိုင်စေဖို့ စီစဉ်ကြပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့ မှာ ဘာ အရောင်မှ မဆိုး အဖြူရောင် သက်သက်လှုပ်ရှားခဲ့ကြတာပါ။ ပါဝင်သူတွေအနေနဲ့ မည်သည့် အကြောင်း အရာများ ကိုရေးသားနေသူ မဆို ပါဝင်နိုင်ပါတယ်။ သူ့ရဲ့ရေးသား မှု တိုင်းအပေါ် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ကာယကံရှင်သာလျှင် ခံစား တာဝန်ယူ နိုင်ရမည်ဆိုတဲ့ မူအရ ကျွန်တော်တို့ အားလုံးသော ဘလောက်ဂါများ အား ဖိတ်ခေါ် ခဲ့ ကြတာဖြစ်ပါတယ်။ အထက်ပါရေးသား ချက်များ ကတော့ ကျွန်တော့် ကိုယ်တိုင် ပါဝင်လာ ခဲ့တဲ့ ကျွန်တော့် မြန်မာ ဘလောက်ဂါဘာလဲ ဖြစ်ပါတယ်။ ဘလောက်ဂါဘယ်လဲ ဆိုတဲ့မေးခွန်း ကတော့ တယောက်ခြင်းရဲ့ သဘောထားနဲ့သာ ဆိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အားလုံးသိမ်းကြုံးသဘော တူတယ်ဆိုတာ အိပ်မက် အရမ်းဆန်ပါ လိမ့်မယ်။ ကျွန်တော်တို့ ဟာ ကို့ အမြင် ၊ ကို့ အတွေး ၊ ကို့ပညာ တွေ ကို လွတ် လွတ် လပ်လပ်ဖြန့်ဝေနေတဲ့ သူတွေပါ။ ကျွန်တော်တို့ ဟာ သူတပါး အသုံးချခံတဲ့ သူတွေ မဖြစ်စေရပါဘူး၊ အဝေးကနေ ဘာတွေပြောပြော ကို့ အိမ်ထဲက အကြောင်း ကိုသိ ရသလို ကို့အိမ်ရဲ့ ကျေးဇူးကိုကျွန်တော်တို့ ဘယ်တော့မှ မေ့လို့ မရကြပါဘူး၊ မခေါ်ချင် နေလို့ ရပါတယ်၊ မတော်ချင်လို့ မရတဲ့ မြန်မာ စကားပုံကို နားလည်ကြမှာ ပါ။

ကျွန်တော်တို့ တဦးချင်း ယုံကြည်ရာ လျှောက်လှမ်း လို့ ရပါတယ်။ ကိုယုံကြည်တဲ့ လမ်း ကို ကိုလျှောက်ကြတာ အကောင်းဆုံးပါလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သွားနေတာ အသိပညာ ဖြန့်ဝေတဲ့၊ နည်းပညာ တွေ တန်းတူတတ်စေချင်တဲ့၊ ပညာရေးမှာ မနိမ့်ပါး ရအောင် ကျွန်တော်တို့သွားမှာပါ။ ကျွန်တော်တို့ လျှောက်တဲ့ လမ်းဟာ ကြမ်းနေမယ် ဆိုရင်တောင် သာသာ ယာယာ လျှောက် လှမ်း နိုင်မယ်လို့မျှော်လင့်ပါတယ်။ အဲဒီတော့ ကျွန်တော့် ကို ကျွန်တော်ပြန်မေးပါတယ်။ ဘလောက်ဂါဘယ်လဲလို့ - - -

zawzaw.myanmarbloggers.org မှ ကူးယူဖော်ပြပါသည်။

Funny 14

Photobucket

Wednesday, February 6, 2008

ပြည်တွင်း ဘလော့ဂါ ၊ ပြည်ပမီဒီယာ နှင့် လက်ရှိ အခြေအနေ

ကျွန်တော်တို့ အခုတလော ဘာမှ မဖြစ်သလိုသာ နေ နေကြတာပါ။ ဘာဖြစ်နေလဲဆိုတာကို အားလုံးသိကြမှာပါ။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ သဘောထားကိုပြောဖို့ အများကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဖွသလို ဖြစ်မှာစိုးလို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ပြောဖို့ လိုမယ်ထင်လို့ ပြောပါရစေ။

ပထမဆုံး ပြောချင်တာကတော့ ပြည်တွင်း ဘလော့ဂါတွေပါ။ ဘလော့ဂါတွေ ဘာကြောင့် ဘလော့ဂ်ရေးကြသလဲဆိုတာ တစ်ယောက်နဲ့ လွတ်လပ်စွာ အမြင် ကွဲလွဲနိုင်ပါတယ်။ ကျွန်တော်ကတော့နိုင်ငံရေးတို့၊ ကျွန်မကတော့ လူမှုရေးတို့၊ ကျုပ်တို့ကနည်းပညာအကြောင်းတို့၊ ငါကတော့ကိုယ်ရေးကိုယ်တာတို့ ကြိုက်သလိုသာပြောပါ။ ပြောလို့ရပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကိုယ်ရေးချင်တာကို ကိုယ်ရေးတာပါ။ ဘယ်သူရဲ့ လွှမ်းမိုးမှု၊ လောင်းရိပ်ကိုမှ မခံချင်လို့ လွတ်လပ်တဲ့ ဘလော့ဂ်ကို ရေးနေကြတာပါ။

ဘလော့ဂ်နဲ့ ပတ်သတ်လို့ကတော့ ဘယ်သူ ဘာပြောပြော ကျွန်တော်လည်း ကျွန်တော်ရေးချင်တာကို ရေးတာပါ။ ပြည်တွင်းဘလော့ဂါတွေမှာ နိုင်ငံရေးရယ်လို့ ပီပီပြင်ပြင် ရေးနေတဲ့သူ ကျွန်တော်လည်း မတွေ့မိပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ အပြင်မှာတော့ ပြောချင်ပြောကြမှာပေါ့။ ဒါကတော့ လဘက်ရည်ဆိုင်ထိုင်ရင်းလည်း ပြောနေကြတာပဲဆိုတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ငါတို့ ဘလော့ဂါတွေကို ဒီလို လုပ်လိုက်ရင် ဒီလို လုပ်ကြမယ်ဆိုတာ ဘယ်သူတွေဆီက ဘယ်လို လာတဲ့ စကားလဲဆိုတာ မေးခွန်း အများကြီး ထုတ်ဖို့ရှိပါတယ်။ အခု ပြည်ပမီဒီယာတွေမှာ ဘလော့ဂါတွေက ပြောသလိုလိုနဲ့ တက်နေတဲ့ သတင်းတွေကို ပြောစရာရှိပါတယ်။ ကိုနေဘုန်းလတ်ကို ဘလော့ဂ်လုပ်လို့ အဖမ်းခံရသလို ပြောနေကြပါတယ်။ ဘာလို့ နိုင်ငံရေးနဲ့ဘလော့ဂ်ကို အတင်းရောထွေးအောင် လုပ်နေရတာလဲ။

ပြည်ပ မီဒီယာတွေကို အမှန်အတိုင်းပြောရရင် ကျွန်တော် အပါအ၀င် လူအတော်များများက မရမက ၀င်ဖတ်ကြပြီး သတင်းတွေ ဖတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် မိုးလုံးပြည့်မုသာဝါဒီဆိုတာကို မနေ့တနေ့က အထိ ဟာသလို သဘောထားခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် ဘယ်မီဒီယာကို အပြည့်အ၀ ယုံကြည်ပါသလဲဆိုရင် ဘယ်မီဒီယာကိုမှ မယုံကြည်ပါဘူး။ ယုံကြည်လောက်စရာ၊ စိတ်ချလောက်စရာ မီဒီယာကို ဘယ်မှာမှ မတွေ့နိုင်ပါဘူး။ ကျွန်တော်ဆိုလိုတာက ပြည်တွင်း ပြည်ပ အားလုံးကို ဆိုလိုတာပါ။ ဘယ်သူ ဘယ်ဝါ ပြောစရာ မလိုလောက်အောင်ကို အားလုံးလိုလိုဟာ ၀ါဒမှိုင်းတွေ တိုက်နေကြတာပါ။ လောလောဆယ် သတင်း မီဒီယာနဲ့ မပတ်သတ်ပဲ အရင်တစ်ချိန်တုန်းက ပတ်သတ်ခဲ့ဘူးတဲ့သူတွေက အစ သတင်းတစ်ခုကို သတင်းအတိုင်းမဟုတ်ပဲ ကိုယ်တစ်ယောက်တည်း ဒါမှမဟုတ် ကိုယ့်ကို ထောက်ပံ့သူတွေရဲ့ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကို အထောက်အကူဖြစ်အောင် ရေးနေကြတာ အထင်အရှားပါ။

ကိုနေဘုန်းလတ်ဟာ ဘာအကြောင်းနဲ့ အထိန်းသိမ်းခံထားရတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိသေးခင်မှာ ဘလော့ဂ်ကြောင့်လို့ ဘာကြောင့် စွပ်စွဲနေကြတာလဲ။ ပြည်တွင်းက ဘလော့ဂါတွေကို အနေအစားကျပ်အောင် လုပ်နေကြတာလား။ ပြည်တွင်းဘလော့ဂါတွေ အသစ်အသစ် ထွက်မလာရဲအောင် လုပ်နေကြတာလား။ ရှိပြီးသား ဘလော့ဂါတွေ ဆက်မလုပ်ရဲအောင် လုပ်နေတာလား။ အကြောင်းအရာတွေကို ရောထွေးသွားအောင် မလုပ်ကြပါနဲ့။ ခင်ဗျားတို့လို ဟိုအဝေးကနေ ဘေးတီးနေတဲ့သူတွေကြောင့် ဘာအကြောင်းမှ ထူးပြီး ကောင်းလာစရာမရှိဘူး။ အကျိုးယုတ်ဖို့ပဲ ရှိတယ်။

တစ်ယောက်တစ်ပေါက် ၀ိုင်းပြောလို့ အထဲကလူ ပိုဆိုးသွားရင် ၊ အပြင်ကလူတွေ ထပ်ပြီး ဒုက္ခများသွားရင် ခင်ဗျားတို့ ပယောဂ ကင်းတယ်လို့ မထင်နဲ့။ အဲဒီလောက်မှ မစဉ်းစားတတ်ရင် ဒီအလုပ်တွေကို ဆက်မလုပ်နဲ့။ ကိုယ်လုပ်တဲ့ အလုပ်က တစ်ဘက်သားကို စေတနာနဲ့ ကောင်းစေချင်တာလား။ အပြစ်လွတ်လား။ ကိုယ်နာမည်ကြီးဖို့ပဲလား။ သေချာစဉ်းစား။

လက်ရှိအခြေအနေမှာ ပြည်တွင်းက အချို့ဘလော့ဂါတွေ ဘယ်သူတွေရဲ့ မှိုင်းမိနေသလဲ။

လက်ရှိအခြေအနေမှာ ပြည်ပက အချို့သောမီဒီယာတွေ ဘယ်လမ်းကြောင်းကို မောင်းသွင်းနေသလဲ။

လက်ရှိအခြေအနေမှာ ဘာလုပ်သင့်သလဲ။ ဒါမှမဟုတ် ဘာမလုပ်သင့်ဘူးလဲ

ပြည်ပမီဒီယာတွေကတော့ အော်နေဦးမှာပဲ။ ဟုတ်တယ်မို့လား။ ခင်ဗျားတို့လည်း ဖတ်ရင်းသေချာ စဉ်းစား။ ခင်ဗျားတို့ ထမင်းတစ်လုပ်စားရဖို့အရေး ဘလော့ဂ်တွေ၊ ဘလော့ဂါတွေကို လာပြီး အသုံးမချနဲ့။ လက်ရှိတွေကလည်း ဘလော့ဂ်ကို အသုံးချ၊ အတိုက်အခံတွေကလည်း ဘလော့ဂ်ကို အသုံးချနဲ့ ဘလော့ဂ်တွေလည်း စစ်မြေပြင်လုံးလုံးဖြစ်နေပြီ။ နောက်ဆုံးတော့ ဘယ်သူမှ အယုံအကြည်ခံရလိမ့်မယ် မထင်နဲ့။ ဘယ်ဘက်ကိုမှ လေးစားစရာ မမြင်တော့ဘူး။

လက်ရှိအချိန်မှာ ဘယ်သူ ကောင်းသလဲ၊ မကောင်းဘူးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ကို ရှင်းပြီးသားပါ။ ဘယ်သူတွေ ဘယ်လောက်ထိ အောက်တန်းကျ မိုက်ရိုင်းတယ်ဆိုတာ တစ်ကမ္ဘာလုံး သိပြီးသားပါ။ အဲဒါကို ခင်ဗျားတို့ ကျုပ်တို့က ပါးပါးနပ်နပ်မရှိပဲ ကလေးအတွေးတွေနဲ့ လုပ်တဲ့သူကလုပ်၊ ငါတို့အတွက် ခွင်ဝင်ပဟဲ့ဆိုပြီး ဖွတဲ့သူက ဖွ လုပ်နေလို့ကတော့ ခင်ဗျားတို့ ကျုပ်တို့ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာလို့ ထင်တာတွေနဲ့ အဝေးကြီး ဝေးနေဦးမှာပဲ။

ကြိုပြောထားရရင် ကျွန်တော့်ကို ဘယ်သူ့ဘက်က ဘယ်ဝါ့ဘက်က လာမပြောနဲ့။ ဘယ်ဘက်ကမှ မဟုတ်ဘူး။ ကျွန်တော်သည် ကျွန်တော် မှန်တယ်ထင်တဲ့ဘက်ကနေမှာပဲ။ ဘယ်သူ့ လောင်းရိပ်အောက်မှာမှ နေမှာ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကိုမှ အမှန်ဆုံး၊ အကောင်းဆုံးလို့ လက်ခံထားတဲ့သူ မဟုတ်ဘူး။

နေဘုန်းလတ်သို. ...

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Friday, February 1, 2008

Check Your Browser Security

ကျွန်တော် အရင်တုန်းက သိထားတာလေးတွေက နည်းသေးတယ်ဗျ။ Anti-virus, Anti-spyware, Firewall တို့ကို တင်ထားရင် စက်အတွက် တော်တော်လေး လုံခြုံပြီပေါ့ဗျာ။ လူပြောသူပြောများတဲ့ ကိုယ်လည်း အသုံးပြုရတာ လွယ်တဲ့ Software တွေတင်ထားလိုက်တာပါပဲ။ တခါတလေတော့ Software Review တွေ ဘာတွေ လိုက်ဖတ်ပြီး နည်းနည်းပါးပါး ရွေးလိုက်သေးတယ်။ အဓိက အားထားပြီး ရှာတာကတော့ Opensource နဲ့ Freeware တွေထဲကနေပဲ ရှာတာပါပဲ။ ZoneAlarm Firewall (Free Version) ရယ် PC Tools Antispyware (Google Pack ကနေ ယူထားတဲ့ Free ပါပဲ) ကိုတော့ တော်တော်ကြာကြာ သုံးခဲ့ပါတယ်။ အဆင်ပြေပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဘာကြောင့်ညာကြောင့် စက်က ဒုက္ခပေးတာမျိုးမကြုံခဲ့ရပါဘူး။

ဒါပေမယ့် တစ်နေ့မှာတော့ စက်ထဲက အချို့ Software တွေရယ် အချို့ပစ္စည်းတွေရယ်က အလုပ်မလုပ်တော့ဘူးဗျ။ အဲဒါနဲ့ မျိုးစုံ အပြစ်ရှာတာပဲ။ မတွေ့ဘူးဗျ။ တွေးလိုက်တာပေါ့ဗျာ။ ကောင်ကောင် ကိုက်ပြီလို့။ နောက်ဆုံးတော့ ရှိပြီးသား Firewall တွေ Anti-virus တွေ အကုန်ဖြုတ်ပြီး အခြား Software တွေသုံးပြီး ပြန်စစ်မယ်လို့တွေးမိတာနဲ့ ZoneAlarm, PC Tools, NOD32 အကုန်ဖြုတ်ပစ်လိုက်တယ်။ အဲဒီလိုလည်းဖြုတ်ပြီးရော ခုနလေးက သုံးလို့မရတဲ့ Software တွေ Hardware တွေ အကုန်သုံးလို့ရသွားရောဗျ။

ဖြစ်နိုင်တာကတော့ ZoneAlarm က Allow ? Deny ? ဆိုပြီး Software တွေကို Run သင့် မ Run သင့် မေးတဲ့ အချိန်မှာ Deny ကို ကျွန်တော့်ရဲ့ ရင်နှစ်သည်းချာကဖြစ်ဖြစ် ကျွန်တော်ကဖြစ်ဖြစ် မှားပြီး နှိပ်ခဲ့မိပုံပေါ်ပါတယ်။ ဒါကြောင့် ဘာမှ သုံးလို့မရ ပြုလို့မရ ဖြစ်ကုန်တာတယ် ထင်တာပဲဗျ။ ကျွန်တော်လည်း အချိန်ကောင်းကောင်းမရတာနဲ့ သေချာတော့ မစမ်းလိုက်မိဘူး။

ဒါနဲ့ ကျွန်တော် PC Tools ကပဲ Free ရတဲ့ PC Tools Firewall Plus ဆိုတာရယ်၊ Spyware Doctor ရယ်၊ Free Antivirus ရယ်ကို Download လုပ်ပြီး PC Tools တွေပဲ သီးသန့် တင်လိုက်တယ်။ အဲဒီမှာ စတွေ့တော့တာပဲ။ ဘာလဲဆိုတော့ စက်က တက်ဖို့လည်း ကြာ ဆင်းဖို့လည်း ကြာ (ဘတ်စ်ကားပေါ်မှာဆို စပယ်ယာ ကောင်းကောင်း ကလော်တုတ်ခံရမယ့် အချိုးမျိုးနဲ့)၊ ပြီးတော့ ကျွန်တော်က စက်ကို တက်တက်ချင်းမှာ Software 4 ခု ၅ ခုလောက်ကို ဖွင့်တတ်တယ်ဗျ။ သိပ်လည်း စိတ်က ရှည်တာမဟုတ်ဘူး။ ကိုယ်ဖွင့်ချင်တာတွေ တန်းစီပြီး ဖွင့်ချလိုက်တာ။ အဲဒါတွေလည်း တစ်ခုမှ တက်မလာဘူး။ အရင်ဆို သည်းခံနိုင်တဲ့ ဘောင်အတွင်းမှာ ဖွင့်တာတွေ ပွင့်ပါတယ်။ ကျွန်တော်ဖွင့်တာတွေလား။ သိပ်တော့ မများလှပါဘူး။ အင်တာနက်သုံးမယ် ဆိုရင် Gtalk ရယ်၊ UltraSurf ရယ်၊ Multiproxy ရယ်၊ Tab တွေ ၃၀ လောက် ကို Restore လုပ်ပြီး ပြန်ဖွင့်တဲ့ Firefox ရယ်၊ Tab 10 ခုလောက် ဖွင့်ရမယ့် IE7 ရယ်၊ Winamp ရယ်၊ အဲလောက်ပါပဲ။ :P

ကျွန်တော်လည်း PC Tools ကို အကုန်ပြန်ဖြုတ်၊ Comodo ဆိုတာကို စမ်းပြီး တင်သုံးကြည့်လိုက်တယ်။ မိုက်တယ်ဗျ။ အေးဆေးပဲ။ အလကားရတဲ့နွား သွားဖြဲမကြည့်တော့ပါဘူး။ နော။ ကိုယ်လည်း ရေးတတ်တာ မဟုတ်ဘဲနဲ့။ အဆင်သင့်လေး ယူသုံးရတာကို။

အခုချိန်ထိ ပြောချင်တဲ့ ဆိုလိုရင်းကို မရောက်သေးဘူး။ :P

ကျွန်တော်ပြောချင်တာက စက်ကိုသာ လုံခြုံရေးအတွက် အမျိုးမျိုး စစ်ဆေးနေတာ။ ကျွန်တော်တို့ အမြဲတမ်းသုံးနေတဲ့ Browser ကို လုံခြုံရေးအတွက် ဒါမှမဟုတ် Error အတွက် တစ်ခါမှ မစစ်ဆေးဖူးဘူးဗျ။ အဲဒါလေးကို ထုံးစံအတိုင်း Freeware နဲ့ Opensource တွေကို လိုက်ရှာရင်း FreewareWiki ဆိုတဲ့ Site မှာတွေ့လာလို့ မိတ်ဆွေတို့လည်း ကိုယ်သုံးနေကျ Browser များကို စစ်ဆေးချင်သပဆိုရင် စစ်ဆေးနိုင်အောင် ဒီမှာ ပြန်ညွှန်းလိုက်ရပါကြောင်း....။

Check Browser Security and Error

ကြုံတုန်းလေး ဒါလေးတွေလည်း မရှိသေးရင် ယူသွားပါဦး။

Comodo Free Personal Firewall

Comodo Free Antivirus

ပြီးတော့ ကျွန်တော် အခုဖတ်ကြည့်နေတဲ့ Freeware Review ဆိုတာကိုလည်း ဒီမှာ ကြည့်သွားပါဦး။
Free နဲ့ Open Site တွေက Software တွေသုံးပြီး အားလုံး အဆင်ပြေကြပါစေဗျာ...။ မိတ်ဆွေတို့ သိတာလေးတွေကိုလည်း ကျွန်တော့်ကို လက်တို့ခဲ့ဦးနော်။