Monday, January 28, 2008

အချိန်ဖြုန်းဖို့ အကောင်းဆုံး Website ၁၅ ခု

The 15 Best Places to Waste Time on the Web

တစ်နေ့ Moola.com ကို မရောက်တာကြာတာနဲ့ သွားကြည့်လိုက်ပါတယ်။ သူက ကျွန်တော် တစ်ခါပြောဖူးသလို အွန်လိုင်းဂိမ်းလေ။ ကွန်နက်ရှင် မကောင်းတာရော အွန်လိုင်းမသုံးဖြစ်တာရောကြောင့် မကစားတာကြာပါပြီ။ အဲဒီက ရတဲ့ပိုက်ဆံတွေလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေက ငွေလိုတဲ့ လုပ်ငန်းလုပ်ချင်တဲ့သူတွေကို အလှူပေးလိုက်ပြီ။ သိတယ်မို့လား။ တို့က ဖွံ့ဖြိုးပြီးနိုင်ငံက ချမ်းသာတဲ့လူဆိုတော့လေ။ :P

အဲဒီ kiva.org အကြောင်း သိပ်မသိသေးလို့ သိရင် ထပ်ရေးဦးမယ်။ သူက ဖွံ့ဖြိုးဆဲနိုင်ငံက လုပ်ငန်းလုပ်ဖို့ ငွေလိုနေတဲ့သူတွေကို စေတနာရှင်တွေ လှူနိုင်တန်းနိုင်အောင် လုပ်ပေးနေတာပါ။ သွားကြည့်လိုက်ပါဦး။ ကျွန်တော်လည်း မြန်မာပြည်မှာ ISP ကုမ္ပဏီတစ်ခု တည်ထောင်နိုင်အောင် ငွေလေး ဒေါ်လာ သန်း ၁၀၀ လောက် ချေးမလား စဉ်းစားနေတာ။ မီးပျက်နေရင် တွက်ခြေမကိုက်နိုင်လို့ ရေနံတွင်းတူးပြီး လောင်စာဆီ ထုတ်ဖို့ပါ တစ်ခါတည်း ချေးရမှာဆိုတော့ မချေးဖြစ်ဘူး။ :P

Moola Alert တစ်ခုမှာ ဖတ်မိတာလေး ပြောချင်လို့ပါ။ The 15 Best Places to Waste Time on the Web ဆိုတာလေ။ PC World ကပြောတဲ့ အချိန်ဖြုန်းလို့ ကောင်းတဲ့ Website ၁၅ ခုထဲမှာ Moola.com ပါတဲ့အကြောင်းပါ။ ဒါနဲ့ ကျန်တဲ့ site တွေ ဘာတွေလဲလို့ သိချင်လို့ သွားကြည့်ပြီး ပြန်တင်ချင်တာနဲ့ မသိသေးသူများအတွက် ပြန်တင်လိုက်တာပါ။ သိပြီးရင် ဆောရီးဗျို့။ တစ်ခုချင်းစီ အကြောင်း ရေးချင်ပေမယ့် မီးပျက်တော့မှာမို့ နောက်များမှ...။ သိတယ်မို့လား။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးမှာနေတဲ့သူဆိုတော့ မဖွံ့ဖြိုးသေးတဲ့ ယိုးဒယား လိုနိုင်ငံကလူတွေ မီးပိုပြီးသုံးရအောင် တို့က ချွေတာပေးရမယ်လေ။ ခမျာတွေ သနားပါတယ်။ :P


  1. YouTube.com
  2. Craigslist.org
  3. Fark.com
  4. The Internet Movie Database
  5. Flickr.com
  6. Reddit.com
  7. Microsoft Virtual Earth 3D Beta
  8. Triplets and Us
  9. RuneScape
  10. Rotten Tomatoes
  11. Moola.com
  12. AOL In2TV
  13. HOT or NOT
  14. Pogo.com
  15. What Would Tyler Durden Do?
အဲဒီ ၁၅ ခုထဲမှာ ကျွန်တော် မကြာခဏသွားလေ့ရှိတာတွေက Moola ရယ်၊ Pogo ရယ်၊ Hot or Not ရယ်ပါ။ You Tube ကတော့ MTV တွေ ကြည့်ချင် ဒေါင်းချင်လို့ သွားနေကြပေါ့။ IMDB ကတော့ ရုပ်ရှင်အကြောင်းတွေ လိုက်ရှာရင်းနဲ့ တခါတလေ ရောက်ပါတယ်။ ကျန်တာတွေတော့ သိပ်သိဘူးဗျ။ သွားကြည့်လိုက်ပါဦး။

ဒါနဲ့ စကားမစပ်... သီချင်းနဲ့ပတ်သတ်တာတွေကတော့ website သီးခြားလုပ်ဖြစ်မှာမို့လို့ စောင့်မျှော် နားဒုက္ခ ဆင်ပေးကြပါဦး နော်လို့...။