Monday, December 31, 2007

Bye Bye 2007

ပြက္ခဒိန် တစ်ခု ပြောင်းချိတ်လိုက်တာပါပဲ
ဒါပေမယ့် ၂၀၀၇မြစ်ထဲ ရေပြန်ချိုးလို့ မရတော့ဘူး

အတိတ်နဲ့ အနာဂါတ်လို့ ခေါ်တဲ့ အရာနှစ်ခုကြားက
စည်းပါးပါးလေးပေါ်မှာ တရားတစ်ဘက် ဓါးတစ်လက်နဲ့
အစားအသောက်မပျက်သေးဘူး

တရိပ်ရိပ် ချီနေတဲ့ အချိန်ဆိုတဲ့ စစ်သည်တော်တွေ
မှုန်ဝါးဝါး ကျန်နေခဲ့တဲ့ အိပ်မက်ပန်းချီတွေ
လုံးပါး ပါးသွားတဲ့ မျှော်လင့်ချက်တွေ
ရင့်ထော်လာတဲ့ ခံနိုင်ရည်တွေ
ဆုံးရှုံးသွားတဲ့ စိတ်ကူးတွေ
တွေ..တွေ..တွေ..တွေ..
ဇီးပင်တစ်ပင်ရဲ့ ပျိုမျစ်မှုလို
နာနာထုခံထားရတဲ့ အိုးတစ်လုံးလို
နာရီတစ်လုံးအတွက် သံပတ်တစ်ချက်လို
ခပ်ပြင်းပြင်းမီးကြားက ဓါးသွားတစ်ချောင်းလို
တိုက်စားမှုကြောင့်ဖြစ်တဲ့ ထွန်းစသဲသောင်တစ်ခုလို

အဖြစ်နဲ့ အပျက်
ရှေ့ရောက်လိုက် နောက်ရောက်လိုက်
အသစ်နဲ့ အဟောင်း
ဝယ်သူဖြစ်လိုက် ရောင်းသူဖြစ်လိုက်

ဒီလိုပဲ သွားကြတာပေါ့ဗျာ။ ။


//Pink Flyod - Time//