Friday, December 28, 2007

သွားစေချင်တဲ့ Blog များ၊ ဖတ်စေချင်တဲ့ Post များ

အခုတလော ကိုယ်တိုင်မရေးပဲ သူများဘလော့ဂ်တွေကိုပဲ လိုက်ကြည့်နေမိလို့ အရမ်းညွှန်ချင်တဲ့ ဘလော့ဂ်တွေကိုပဲ ညွှန်ပါရစေခင်ဗျ။ တော်တော်များများတော့ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် မညွှန်းရပဲ မနေနိုင်လို့ ညွှန်းပါရစေခင်ဗျာ။

ကျွန်တော် အရမ်းကို သွားကြည့်စေချင်တဲ့ ဘလော့တစ်ခု ရှိတယ်ခင်ဗျ။ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ သွားသာကြည့်လိုက်ပါ။ နည်းပညာကို ပေါ့ပေါ့ပါးပါးလေ့လာဖို့ စိတ်ဝင်စားတယ် ဆိုရင်တော့ မသွားမဖြစ် သွားဖတ်ကြည့်ဖို့ အကြံပေးပါရစေခင်ဗျ။

>>-----> R Blog ..! <-----<<

R Blog က ဒီပို့စ်လေးကို ဖတ်ကြည့်စေချင်တယ်ခင်ဗျ။

နောက်ထပ် လမ်းညွှန်ချင်တဲ့ဘလော့ဂ်တစ်ခုကတော့ ကျွန်တော် အကြိုက်ဆုံး ကဗျာဘလော့ထဲမှာ ထိပ်ဆုံးမှာပါတဲ့ ဘလော့ဂ်တစ်ခုပါ။

>>-----> နှစ်ချို့ကော်ဖီထဲက မြို့ပျက်ည တစ်ခု <-----<<

မြို့ပျက်ညထဲက လတ်တလော ကြိုက်နေတဲ့ ကဗျာတစ်ပုဒ် ကိုလည်း ဖတ်ကြည့်ပါဦး

အခု အရမ်းကြိုက်နေတဲ့ ကဗျာလေးတစ်ပုဒ်ကို ပြောပါရစေဦး။ ကိုညီလင်းဆက် ရဲ့ ပို့စ်မှာ တွေ့တာဗျ။

ဟိုလိုလို ဒီလိုလို မှာ တင်ထားတဲ့ သိမ်းမယ် ကို ဖတ်ကြည့်စေချင်တယ်ခင်ဗျ။ Love and Dream ဆိုတဲ့ပို့စ်လည်း လွှတ်ကောင်းဗျ။

ကျွန်တော် အွန်လိုင်းရောက်တိုင်း မဖတ်မဖြစ် ဖတ်တဲ့ ဘလော့ဂ်တွေကိုလည်း ညွှန်ဦးမယ်။ အရေးအသားတွေကို မလေးစားပဲ မနေနိုင်လောက်အကို အရမ်းကာရော ကောင်းတဲ့သူတွေခင်ဗျ။ မသိသေးသူတွေလည်း သွားလို့ရအောင်လို့ပါ။ ပြီးတော့ ကျွန်တော်ကြိုက်မိတဲ့ ပို့စ်လေးတွေကိုလည်း ပြန်ပြောင်း ပြောပြချင်လို့ပါခင်ဗျ။

မျှော်လင့်ချက်တစ်ခုနဲ့ ရှင်သန်နေတဲ့ ပန်ဒိုရာ ရဲ့ ကျွန်တော် အရမ်းကြိုက်တဲ့ Identity

Oh.. My Blog ! မှ နောက်ဆုံး တင်ထားတဲ့ တရွတ်တိုက် ရွေကြည့်ခြင်း


ဘယ်ပို့စ်ကို ညွှန်ရမှန်းမသိအောင် အားလုံးလိုလို ကြိုက်တဲ့ ပန်းချီ ဘလော့ဂ် တစ်ခုကိုလည်း သွားဖြစ်အောင် သွားစေချင်ပါတယ်ခင်ဗျ။

ကဲ... နောက်မှ ဆက်ရေးရင် ရေးဦးမယ်။ အများကြီးပဲ ကျန်သေးတယ်။