Wednesday, December 5, 2007

မျက်လုံးချင်း စကားပြောခန်း

ငါ့အသက်ထက်ကြီးတဲ့
ဘတ်စ်ကားကြီးပေါ်မှာထိုင်ရင်း (ဒူးကိုကွေးလျက်ပေါ့)
အမှန်တရားကို ဖောက်ပြန်တဲ့ဆောင်းရဲ့ရင်ဘတ်ထဲမှာ
ကဗျာခေါ်မလား (ယုံချင်ယုံ မယုံချင်နေ)
ရေးနေမိတယ်

ဆောင်းလေခေါ်မလား
ငါ့မျက်နှာကို ဖြတ်ရိုက်သွားတယ်
အား ပါး မိုက်တယ်ကွာ
တဖြည်းဖြည်းတော့ မှောင်လာပြီ
အင်း အမှောင်ထဲမှာ လမ်းလျှောက်ခြင်းကို မြတ်နိုးလို့ ကောင်းတုန်းပဲ

ငါ့ရင်ဘတ်ထဲမှာတော့
ငတိတစ်ကောင်ရှိတယ်
အဲဒီကောင်ကိုပဲ ဘယ်သူ့ကိုမှ မပြောဖြစ်တဲ့ စကားတွေ ပြော.. ပြော.. ပြ
ဒီလိုနဲ့ ပိုက်ကွန်သဖွယ် ဒိုင်ယာရီ ခေါ်မလား..
စတွေ့တော့တာပဲ

မိုက်တယ်ကွာ
နောနော်သီချင်းနားထောင်ရင်း
ပို့စ်ရေးရတာ တော်တော်မိုက်တယ်
ဘီယာကို တစ်ယောက်တည်း သောက်ရင်း တွေးရတာ မိုက်တယ်
ရီဝေေ၀နဲ့ လွမ်းရတာ မိုက်တယ်

ဘာပဲပြောပြော
အခုတော့ ဘလော့ဂါ တရေးနိုးလာပြီ
ဘယ်သူ ဘာပြောချင်သေးလဲ
ပြောစမ်း ပြောစမ်း ပြောကြည့်လိုက်စမ်း ဟား ဟား ဟား ဟား

စာရေးချင်တဲ့စိတ်ကို
မင်းတို့ တားကြည့်ချင်သပဆိုရင်
တားကြည့်လေ
ကဗျာမဆန်တဲ့ ကဗျာတွေလည်း ရေးဦးမှာပဲ
သင်ခန်းစာတွေလည်း သင်ယူနေဆဲပဲ
အကောင်းနဲ့ အဆိုးလည်း ရောထွေးဆဲပဲ

ဟင်းးးးးးး
အတုကို မြင်တာနဲ့ အစစ်လို့ ထင်နေကြတာ ဘာကြောင့်လဲ

ထပ်ပြောဦးမယ်
ယုံချင်ယုံ မယုံချင်နေ
ဒါငါ့ပုံတူ
မျက်နှာချင်းတူချင်မှ တူမယ်
ငါ့မျက်နှာ အစစ်တောင် ငါမမြင်ဖူးလို့

ရပါတယ်ကွာ
တုံ့ပြန်မှုရှိမှ
တန်ပြန်တိုက်ခိုက်ခြင်းလို့ ငါမယူဆပါဘူး
ချစ်သူ ဒါမှမဟုတ် ခင်သူ

ဖိတ်ခေါ်ပါတယ်ခင်ဗျား
ကျွန်တော့်ရဲ့ တယ်လီပသီဘလော့မှ နွေးနွေးထွေးထွေး... အေးခဲစွာ...။ ။