Wednesday, November 28, 2007

EzyPage Basic Edition

ကျွန်တော် ပို့စ်လေး တစ်ခုကို ဖန်တီးကြည့်နေတာ ရက် တော်တော်ကြာသွားပြီ။ စိတ်ကူးထဲက အတိုင်း လက်တွေ့ မဖန်တီးနိုင်သေးလို့ ကြာနေရတယ်ဗျာ။ အခု ကြားဖြတ်အနေနဲ့ EzyPage ဆိုတဲ့ လွယ်လွယ်ကူကူ Web page တွေ ဖန်တီးလို့ရတဲ့ Software လေးတစ်ခု ညွှန်ပါရစေ။ ကိုစိုးဇေယျကြီးက HTML အကြောင်းပြောနေတဲ့ အချိန်မှာ ကျွန်တော်က HTML တတ်စရာမလိုပဲ Web Page ဖန်တီးတဲ့ Software ကို ညွှန်ရတာ ကန့်လန့်တိုက်တာတော့ မဟုတ်ပါဘူးဗျာ။ စိတ်မဆိုးကြေး ကိုစိုးဇေယျ။ တကယ်တော့ Blogger ဖြစ်ဖြစ်၊ Programmer ပဲ ဖြစ်ဖြစ်၊ System/Hardware Engineer ပဲ ဖြစ်ဖြစ် HTML လောက်ကတော့ သိထား တတ်ထားရင် ကိုယ့်ရဲ့ အလုပ်ကို တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်သောအားဖြင့် အများကြီး အထောက်အကူပြုတယ်လို့ ယုံကြည်ပါတယ်။ အခုညွှန်းချင်တဲ့ Software လေးကတော့ HTML ကို အချိန်ပေးပြီး မလေ့လာနိုင်သေးတဲ့သူတွေ၊ HTML ကို လုံးဝ စိတ်မ၀င်စားဘဲ Web Page လေးတွေ စမ်းသပ်ရေးသားချင်တဲ့ ၀ါသနာရှင်တွေ အတွက် အများကြီး အသုံးဝင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက Dropdown Menu တို့ဘာတို့ကို Coding တွေ နားလည်စရာ မလိုပဲ လွယ်လွယ်ကူကူနဲ့ ဖန်တီးရေးဆွဲလို့ရနိုင်တာမို့လို့ပါ။

Ezy Page Basic Edition ရဲ့ Home Page ဖြစ်တဲ့ |-->www.EzyWare.com<--| ကိုလည်း သွားလည်လိုက်ပါဦး။ သူတို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Always Making Software Easier To Use ဆိုတာလေးကိုလည်း သဘောကျမိပါတယ်ခင်ဗျ။

|-->EzyPage Basic Edition 10 ကို Download လုပ်ရန်<--|