Tuesday, November 20, 2007

ကျွန်တော့်ကဗျာ

အဖေ...
အမေ့ ငြီးငွေ့မှုတွေကို ညနေတိုင်း မော့သောက်ပေးပါနော်...

အမေ...
အဖေ့ ဒေါသတွေကို အရသာရှိရှိ ဟင်းတစ်ခွက် ချက်ပေးပါနော်...


ညီ ညီမလေးတို့...
ဘာမှ မကြောက်နဲ့နော်...
အဖေ နဲ့ အမေက မင်းတို့ ငါတို့ကို သိပ်ချစ်ပါတယ်ကွာ...

ငါ့ဝိညာဉ်ရေ...
တောင့်ထားစမ်းပါကွာ...
ဒါမျိုးတွေက မင်းတို့ ငါတို့ပဲ မဟုတ်ပါဘူးကွာ...

(/ဘလော့ဂါ မောင်နှမတစ်ယောက်ရဲ့ ပျော်ရွှင်အားကျစရာ ပို့စ်လေးတစ်ခုကို ဖတ်ပြီး ကျွန်တော် မပျော်နိုင်ပဲ ကိုယ့်ကိုကိုယ် အားပေးခဲ့ရတဲ့ ဟိုတစ်ချိန်က ခပ်ခါးခါး ရက်တွေမှာ ရေးခဲ့ဖူးတာလေးကို ပြန်သတိရလို့ တင်လိုက်တာပါ/)