Thursday, November 8, 2007

ကိုယ့်ကို ကိုယ် ရည်းစားစကားပြောခြင်း

ကြိတ်ပြီး ခိုက်နေတာတော့ ကြာပြီ
ဖွင့်မပြောဖြစ်သေးလို့ပါ

သနားချစ်နဲ့ ချစ်နေတာလား
အထင်ကြီးစိတ်နဲ့ ချစ်နေတာလား
ငါလည်း မသိဘူး

ဒါပေမယ့် ဖွင့်ပြောမိတော့မှ
ဒီလောက်ကြီး မချစ်မှန်း သိရတော့တယ်

အင်း...
မတော်တဆများ
ငါ့ကိုယ် ငါ ပြန်ချစ်သွားရင် ဒုက္ခ။ ။