Wednesday, November 14, 2007

3 Column Header

ကျွန်တော် ကို၁၈၁ဘုရင့်နောင် ရဲ့ ဘလော့ဂ်မှာ Add 3 Columns Footer ဆိုတဲ့ ပို့စ်ထဲကအတိုင်း Footer မှာ ကော်လံ ၃ ခုထည့်တာကို စမ်းကြည့်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော်က Header မှာလည်း ကော်လံ ၃ ခု ထည့်တာကို စမ်းချင်တော့ Google မှာ လိုက်ရှာပါတယ်။ မတွေ့ဘူးခင်ဗျာ။ ကျွန်တော် မရှာတတ်တာလဲ ဖြစ်မှာပါ။ ဒါနဲ့ 3 Columns Footer က Code တွေကို ပြင်ပြီးတော့ 3 Column Header လုပ်ကြည့်လိုက်တာ အဆင်ပြေသွားပါပြီ။ ဒါပေမယ့် Page Element တွေက ရွဲ့နေတယ်ဗျ။ အဲဒါလေး အခုစမ်းနေပါတယ်။ သိရှိနားလည်သူများလဲ သင်ပြပေးခဲ့ပါဦး။ ကျွန်တော်က Coding ကျွမ်းကျင်တဲ့သူမဟုတ်တော့ အချိန်ရရင် ရသလို အေးဆေးပဲ စမ်းကြည့်ပြီး ဘလော့ဂ်ကို ကလိနေပါတယ်။ မိတ်ဆွေများ ရောက်လာတဲ့အချိန် ဘလော့ဂ်က Error တစ်ခုခု ရှိနေတယ် ဆိုရင် ကျွန်တော် စမ်းနေတာ အဆင်မပြေလို့ဖြစ်ပါလိမ့်မယ်။ အခုရက်ပိုင်းမှာ စမ်းချင်တာလေးတွေ စမ်းနေလို့ အဆင်မပြေမှုများရှိရင် သည်းခံပေးကြပါဦးခင်ဗျာ။