Tuesday, October 30, 2007

တယ်လီပသီဘလော့ဂ်

ငါ့ရဲ့ စိတ်ထဲမှာတော့
ပို့စ်တွေ တစ်ခုပြီး တစ်ခု တက်နေတယ်

ကိုတက်စ်လာနဲ့ ဗျစ်ရည်မော့ရင်းလည်း ရေးတယ်
ကိုစိုးဇေယျနဲ့ အကြော်စားရင်းလည်း ရေးတယ်
ကိုနေဘုန်းလတ်နဲ့ ဂျီတော့ရင်းလည်း ရေးတယ်
မပန်ရဲ့ ဘလော့ဂ်ကို ဖတ်ရင်းလည်း ရေးတယ်
ကိုညီလင်းဆက်ပြောတာ နားထောင်ရင်းလည်း ရေးတယ်

..........................

မိန်းမနဲ့ စကားပြောရင်းလည်း ရေးတယ်
သားသားနဲ့ ဆော့ရင်းလည်း ရေးတယ်

ကိုတက်စ်လာက ပြောတယ်
Academic နဲ့ Professional ဆိုတာ....

ကိုစိုးဇေယျက ပြောတယ်
၃ နှစ်လောက် လုပ်ခဲ့ပေမယ့်....

ကိုနေဘုန်းလတ်က ပြောတယ်
အဲဒါဆိုရင် ဘယ်လိုနေမလဲ....

မပန်က ရေးတယ်
ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်....

ကိုညီလင်းဆက်က ပြောတယ်
ကျွန်တော် သေချာပြောပြခဲ့ပါတယ်....

..........................

မိန်းမက ပြောတယ်
ဈေးသွားရတာ ကလေးက တစ်ဖက်နဲ့....

သားသားနဲ့ဆော့တော့
ခေါ ခေါ နဲ့ ဟိုဘက်လှည့်ပြီး အိပ်ချင်ယောင်ဆောင်နေတာတဲ့....

ကျွန်တော် ရေးနေတယ်
ဒါပေမယ့် ဖတ်လို့မရဘူး

ဒါပေမယ့်....
....ရေးနေတယ်
....ရေးနေတယ်
....ရေးနေတယ်

မနက် ၅ နာရီ ၄၅ မိနစ်၊ အောက်တိုဘာ၊ ၃၀

ဟော ဘာသံတွေလဲဟ
....
....
လမ်းမပေါ်မှာ လူတစ်အုပ်
ကွာချင်တိုင်း ကွာလိုက်ပုံကတော့
ဝီရရသဆိုတာ ရှာလို့ မတွေ့ဘူး
သိင်္ဂါရရသဆိုတာ ဝေးရော

အေးလေ...
သူ့ဆန်တစ်လုံးစားစား၊ နှစ်လုံးစားစား
မရဲချင်လို့မှ မဖြစ်ပဲကိုး

သူတို့ရေးနေတယ်
ဒါပေမယ့် ကျွန်တော်ဖတ်လို့မရဘူးဗျာ။ ။