Monday, October 22, 2007

ဆုံးမစာ

ကျောက်ခေတ်အတွေးနဲ့တော့
နေရတာ တန်တယ်မထင်နဲ့

နောက်ဆုံးပေါ်ကားကြီးပေါ်
ဖင်တွေ ဇိမ်ခံတာလည်း ခံပေါ့

ဈေးအကြီးဆုံး ထမင်း ဟင်းလည်း
နောက်ဆုံးတော့ ချေးဖြစ်ရတာပဲ

တွင်းထွက်တွေ ကိုယ်ပေါ်တင်ထားတော့ရော
ဘာတွေ တန်ဖိုးတက်သွားစရာရှိလဲ

လူတိုင်းက မော့ကြည့်နေပေမယ့်
နောက်ကျော မယားဘူးလား

တစ်သက်စာလောက် ကောင်းစားဖို့အရေး
ဒီလောက်တောင် မိုက်ပြမနေပါနဲ့