Friday, August 24, 2007

အဖြေ = ?

မြစ်တွေ့တာနဲ့ လှေ ရှာဖို့ပဲကြိုးစား
စဉ်းစားပါဦးလား
ကိုယ်တိုင် လှေဖြစ်ကြဖို့
မြစ်ဆိုတာ ဒီတစ်ခုထဲ ရှိတာမှ မဟုတ်တာ

ချောင်းဆုံးရင် မြစ်တွေ့မတဲ့
မြစ်က ပင်လယ် စီးဝင်သတဲ့
``.................´´
ဟင်... ကျုပ်လား နေပါဦးကွယ် ငါ့ နွားခြေရာခွက် အပျောက်မခံနိုင်သေးဘူး

ဒီလိုနဲ့ တဖြည်းဖြည်း ပွန်းပဲ့
ငဲ့ကွက်သူမဲ့တဲ့ တရားတွေ
သူ့ကြည့် ငါ့ကြည့်
ကောက်မယ့်သူ တစ်ယောက်မှ မရှိကြတော့ဘူး

ဟေ့ အဲဒါတွေက ပြောနေရမှာ မဟုတ်ဘူး
နေရိပ်အလာကိုများ နေပူက စောင့်ရမတဲ့
နည်းနည်းပါးပါး အရိပ်ရဖို့ ရှေ့တိုး ကြိုးစားပါလား
ရပ်နေလိုက်တာများ လမ်းမလျှောက်တတ်တော့ သလို..

ကျွန်တော်တို့အားလုံး လမ်းလျှောက်တတ်ဖို့ သင်ယူရပါဦးမည်။