Thursday, August 2, 2007

ဈေးအကြီးဆုံးများ

``အကောင်းကြိုက်တတ်ကြတဲ့ ဒီလောကသားတွေအလယ် ကြင်နာသူလည်း အကောင်းပဲကြိုက်ရှာမယ်´´ ဆိုတဲ့ ချစ်ကောင်းရဲ့ သီချင်းတစ်ပုဒ်ထဲက အတိုင်းပေါ့ဗျာ။ ကျွန်တော်တို့လည်း အရာရာ အကောင်းဆုံး မဟုတ်ရင်တောင်မှ အကောင်းဆုံးဆိုတဲ့ အရာ တော်တော်များများကိုတော့ ကြိုက်ကြပါတယ်။
ကဲ... အကောင်းဆုံး ဟုတ် မဟုတ်တော့ မသိဘူး။ ဈေးအကြီးဆုံးတွေကို ဒီဝက်ဘ်ဆိုတ်မှာ ရှာပြီး တင်ပေးလိုက်တယ်ဗျာ။ အနည်းဆုံး စိတ်ကူးတော့ ယဉ်လို့ရပါတယ်။

ဒီအိမ်ကြီးကတော့
ဧက ၆.၅ ကျယ်တယ်။ William Randolph Hearst ဆိုတဲ့သူ ပိုင်ပြီးတော့
ခင်ဗျားမှာ ငွေပိုငွေလျှံလေး US$ ၁၆၅ မီလီယံလောက် ရှိရင် ၀ယ်ထားလို့ရတယ်။
ရေကူးကန် ၃ ခု၊ အိပ်ခန်း ၂၉ ခန်း၊ ကဖို့ ခုန်ဖို့ ဒစ်စကို တစ်ခုနဲ့
ရုပ်ရှင်ပြဇာတ်ခန်းမ တစ်ခုပါဝင်ပါတယ်။
John F. Kennedy ဟန်းနီးမွန်းထွက်ခဲ့တဲ့ နေရာထဲမှာ အပါအ၀င်ပေါ့။
စိတ်ဝင်စားရင် အကျိုးဆောင်ခ ၂ % ပဲပေး။ ၀ယ်ပေးမယ်။


ဒါကတော့ ကျွန်တော် လက်ရှိ ဟိုနား ဒီနား သွားဖို့ ၀ယ်ထားတဲ့
McLaren F1 ပါ။
သိပ်မရှိပါဘူး။ US$ ၁.၂၅ မီလီယံလားပဲ ပေးလိုက်ရတယ်။
တန်ပါတယ်။ ခုဆို ဈေးသွားပြီး ကန်စွန်းရွက်ဝယ်ဖို့လောက်ကတော့ ခဏလေးပဲ။
ပြန်ရောင်းဖို့ အစီအစဉ်မရှိသေးဘူးနော်။

ဒါကတော့ သွားရင်းလာရင်း နားထောင်ဖို့ MP3 Player ပါ။
TrekStor i.Beat organix Gold ဆိုတာပေါ့။
၁၈ ကာရက်ရွှေရယ်၊ စိန် ၆၃ လုံးရယ်ပေါင်းစပ် ပါဝင်ပြုလုပ်ထားတယ်။
စိန်စီသော တေးသံကို နားဆင်ချင်ပေမယ့်လည်း
ဈေးကွက်ထဲမှာ မတင်သေးဘူးလို့ အမေဇုန်မှာတွေ့ပါတယ်။
ဒီ MP3 ကို ရုရှကနေဒီယန်လူမျိုး ဘီလီယံနာ Alex Shnaider ဆိုတဲ့
Midland Formula 1 ပိုင်ရှင်အတွက်
ဂျာမန်ကုမ္ပဏီဖြစ်တဲ့ TrekStor က အထူးပြုလုပ်ပေးထားတာဖြစ်လို့
ဈေးကွက်ထဲမှာ မတွေ့နိုင်သေးဘူးတဲ့။


ခရီးသွား စီးပွားရေး လုပ်ငန်းရှင်များ ၀မ်းမြောက်ဖွယ်
Ego Lifestyle က ထုတ်လုပ်တဲ့ Tulip E-Go Diamond Laptop
AMD Turion 64 Processor MT family - (1.0 Mb L2 cache)
1024Mb So-Dimm DDR internal memory (2 slots) - PC3200 DDR
ATI Radeon Xpress 200
100 GB SATA HDD
12.1 inch widescreen WHGA

Battery Lifetime ကတော့ ၄ နာရီပဲ ရတယ်ဗျာ။
ဒါပေမယ့် သုံးပျော်မယ်ထင်ပါတယ်။ ဘက်ထရီမကုန်ခင်
သွားချင်တဲ့နေရာ အမြန်ရောက်ဖို့
McLaren F1 ရှိနေတာပဲ။
ဈေးလေးလည်း တော်တယ်။
ဝယ်ထားပါလား။
US$ ၃၅၀ ၀၀၀ ပဲရှိတယ်။

စီင်္းပွားရေးပဲလုပ်လုပ်၊ ချူသစ်နဲ့ပဲ ကြူကြူ
ဒီနေ့ လူတွေမရှိမဖြစ် လက်ထဲက မလွှတ်နိုင်တဲ့
ပစ္စည်းတစ်ခုကတော့ ဟန်းဖုန်းပေါ့။
Peter Aloisson ကထုတ်တဲ့
Diamond Crypto Smartphone ကတော့ ကိုင်တဲ့သူ
လုံးဝကို လက်ကချနိုင်မှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ
ရှားပါး စိန်ပြာ ၁၀လုံးအပါအ၀င်
စိန်အလုံး ၅၀ ပါဝင်တပ်ဆင်ထားလို့ပါ။
ဘော်ဒီကို ပလက်တီနမ်နဲ့ လုပ်ထားပါတယ်။
Logo နဲ့ Navigation Key တွေကို ၁၈ ကာရက်ရွှေနဲ့ လုပ်ထားတာဆိုတော့
လက်က မချမိစေနဲ့နော်။
ပျောက်သွားရင် နှမြောစရာကြီး။
၁ ၃၀၀ ၀၀၀ တောင် ပေးထားရတာ ရိုရိုသေသေ ကိုင်ဖို့တော့ လိုတယ်။
SMS, MMS, E-mail, Internet, WAP, JAVA အကုန်ရတယ်။
Windows CE ကိုထည့်သွင်း အသုံးပြုထားတယ်။
ပုံဖော်မှာကTFT Display နဲ့။ Media Player ပါပြီးသား။
256 bit Cryptographic Algorithm နဲ့ လုံခြုံရေးအတွက် တာဝန်ယူတယ်။
ကဲ ပြောချင်ရာပြော မောင့်သဘော။

ကျန်တာတွေတော့ ဒီနေရာမှာ သွားရှာလိုက်ပါဗျာ။ ကျွန်တော် အိပ်မက်က မနိုးခင် ဆက်ပြီး စိတ်ကူးယဉ်လိုက်ဦးမယ်။
အချိန်မရတဲ့ သူတွေ ကြည့်လို့ရအောင် ပုံတွေတော့ တင်ပေးလိုက်မယ်။
အားလုံးပဲ ကျန်းမာချမ်းသာစွာနဲ့ ဖြစ်ချင်တဲ့ စိတ်ကူးယဉ်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေ။US$ ၅၀၀ ၀၀၀ တန် Chess Set


US$ ၃.၇ မီလီယံတန် ဂစ်တာ
US$ ၁၇၅ တန် Sandwich

US$ ၅၀ တန်တဲ့ Kopi Luwak ကော်ဖီ


စားကြပါ သောက်ကြပါ။ အားမနာနဲ့နော်။ လိုချင်တဲ့ ပစ္စည်းရှိလည်း ယူသွား။
ကိုယ်ပိုင်လိုချင်လို့ ပိုက်ပိုက်လိုနေလား။ ဒီမှာ လိုသလောက်သာ ယူသွားပါ။


ကဲ အဆင်ပြေပြီနော်။