Thursday, August 30, 2007

Why do we blog?

ကျွန်တော်တို့ မြန်မာဘလော့ဂါများ စုပေါင်း စီစဉ်ကျင်းပတဲ့ Why do we blog ? Seminar ကို အထက်ပါအစီအစဉ်အတိုင်း ကျင်းပမှာ ဖြစ်တဲ့အတွက် တက်ရောက်နိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ။

သူတို့ဘာတွေ တွေးနေလဲ ??



သူတို့ဘာတွေ တွေးနေလဲဆိုတာလေး စဉ်းစားကြည့်ပါလားဗျာ။ ပြီးရင် ကွန်မန့်ထဲရေးခဲ့ပေါ့နော်။

Friday, August 24, 2007

အဖြေ = ?

မြစ်တွေ့တာနဲ့ လှေ ရှာဖို့ပဲကြိုးစား
စဉ်းစားပါဦးလား
ကိုယ်တိုင် လှေဖြစ်ကြဖို့
မြစ်ဆိုတာ ဒီတစ်ခုထဲ ရှိတာမှ မဟုတ်တာ

ချောင်းဆုံးရင် မြစ်တွေ့မတဲ့
မြစ်က ပင်လယ် စီးဝင်သတဲ့
``.................´´
ဟင်... ကျုပ်လား နေပါဦးကွယ် ငါ့ နွားခြေရာခွက် အပျောက်မခံနိုင်သေးဘူး

ဒီလိုနဲ့ တဖြည်းဖြည်း ပွန်းပဲ့
ငဲ့ကွက်သူမဲ့တဲ့ တရားတွေ
သူ့ကြည့် ငါ့ကြည့်
ကောက်မယ့်သူ တစ်ယောက်မှ မရှိကြတော့ဘူး

ဟေ့ အဲဒါတွေက ပြောနေရမှာ မဟုတ်ဘူး
နေရိပ်အလာကိုများ နေပူက စောင့်ရမတဲ့
နည်းနည်းပါးပါး အရိပ်ရဖို့ ရှေ့တိုး ကြိုးစားပါလား
ရပ်နေလိုက်တာများ လမ်းမလျှောက်တတ်တော့ သလို..

ကျွန်တော်တို့အားလုံး လမ်းလျှောက်တတ်ဖို့ သင်ယူရပါဦးမည်။

Wednesday, August 22, 2007

ဘယ်သူမှားသွားတာလဲ


ဘယ်သူမှားသွားတာလဲ ???

Monday, August 20, 2007

ဘာကြောင့်လဲ

သြ.. ခင်ဗျားတို့ပဲ ခလုတ်တွေ တိုက်ကြပါဗျာ
ကမ္ဘာအကျယ်ကြီးထဲကမှ ဒီရင်ဘတ်နဲ့ ဒီဦးနှောက်ကြီးကိုပဲ လာလာပြီးတော့

ပြန်ပြောရင်လည်း ရိုင်းလိမ့်မယ်
မပြောတော့လည်း နားငြီးတယ်

သစ်ငုတ်ကြီး ` နဲ့´လာမှ
အမိ မတ ကြေးပေါ့ဗျာ

ကိုယ်ထင်ရာ ကိုယ်စိုင်းတဲ့ ကိစ္စကိုတောင်
ပတ်ဝန်းကျင်ကို သိုင်းဝိုင်းချဲ့ထွင် လေလုံးတွေ ဆင်နေသေးသဗျ

တောင်တွေ ကျော်လာခဲ့သူကို
ပင်လယ်တွေ ဖြတ်ခဲ့သူက ထောင်လွှားနေသလို

ရန်သူတစ်သောင်း
သူငယ်ချင်းကောင်း ယောင်းမတို့ရေ
နားအေး ပါးအေး ညီညွတ်ရေး တေးလေး
မညည်းနိုင်ရင်တောင်
သင်းကွဲ ငှက်လို
ဟိုး အဝေးမှာ
ဝိဉာဉ်တွေ ပျံသန်းကြစို့ရဲ့။ ။

Sunday, August 19, 2007

တိုတိုနဲ့ လိုရင်း ပြောကြပါ

တိုတိုနဲ့ လိုရင်းကို ပြောရရင် စာတစ်ကြောင်းကိုရေးတာ ဒီလို ဝေ့လည်ကြောင်ပတ်၊ တောင်ရောက်မြောက်ရောက်၊ ဘာကို ဆိုလိုချင်မှန်းမသိ ရေးမယ့်အစား ပြောပြီးသားစကားတွေလည်း ထပ်မပြော၊ ဖတ်တဲ့သူရဲ့ ရင်ထဲမှာလည်း ရှင်းခနဲ လင်းခနဲ ဖြစ်သွားအောင်၊ ဆေးကောင်း သန်းခေါင်းဆိုသလို နှုတ်တစ်ရာ စာတစ်လုံး ရေးရမယ့်အစား စကားလုံးတွေ ဖောင်းပွ ကိုယ်ရေးတဲ့စာ ကိုယ့်ဘာသာ နားမလည်၊ အရှေ့က စာနဲ့ အနောက်က စာ ခက်ခက်ခဲခဲ အဓိပ္ပါယ်ပြန်ဖွင့်နေရမယ်ဆိုရင် ဖတ်တဲ့သူက စိတ်ရှုပ်လို့ မြစ်ကမ်းဘေးသွားထိုင်ပါတယ် သပွတ်အူကြီးမျောလာတာ တွေ့ရဆိုသလို သူ့မှာ ဘာမှ အကျိုးမထူးတဲ့အတွက် ဘူးလေးရာ ဖရုံဆင့်၊ မီးလောင်ရာ လေပင့်၊ နူရာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်း၊ မြေနိမ့်ရာ လှံစိုက်၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့အတိုင်း စာရဲ့ အနှစ်သာရ ဆိုလိုရင်း ဖွင့်ဆိုချက် ရသ ခံစားမှု ဘာကိုမှ မရနိုင်တော့တဲ့ အပြင် အချိန်ကုန်လူပန်း ငွေကုန် စိတ်ဆင်းရဲ ဖြစ်ရတဲ့အတွက် ဦးနှောက်အာဟာရ အနေနဲ့ စာကို လေ့လာလိုလို့ပဲ ဖတ်ဖတ်၊ မွန်းကျပ်နေတဲ့ ခံစားမှုတွေကို အတိုင်းအတာ အနေအထားတစ်ခုလောက်ဖြစ်ဖြစ် ပြေလျှော့ပါစေတော့ရယ်လို့ပဲ ဖတ်ဖတ် စာဖတ်ချင်စိတ်ကုန်ခန်းပြီးတဲ့ သကာလ စာဆိုတာ ကြောင်ပုဇွန်စား ကြွပ်ကြွပ်ဝါးရမယ့်အစား ကြောင်အစာအန်သလို အပုံလိုက် အထွေးလိုက် လွှင့်ပစ်ခြင်းကို ခံရလိမ့်မယ်ဆိုတာ အကျယ်တ၀င့် ဥပမာ ဥပမေယျတွေနဲ့ ဗာရာဏသီချဲ့ စာဖွဲ့မနေတော့ပဲ ဒီလောက်နဲ့ပဲ တိုရင်းလိုရှင်း ခင်မင်မှုမေတ္တာရှေ့ထား စေတနာစကား ပြောကြားလိုက်ပါရစေခင်ဗျား။

Saturday, August 18, 2007

ရေးသူအကြိုက် ၅ ခု

ကိုပုဂံသားက Tag ထားပါတယ်တဲ့။ ရေးသူအကြိုက် အဟောင်းတွေတဲ့။ အင်း အောက်က ငါးခုတော့ ရေးသားသူ ကျွန်တော့်အတွက် စိတ်အဆာပြေသွားစေခဲ့ပါတယ်။ ဖတ်သူများလည်း ဘယ်လို ခံစားရတယ်ဆိုတာ ကွန်မန့်ရေးပေးခဲ့ရင် ကောင်းတာပေါ့ခင်ဗျာ။

၁။ အတုမြင် အစစ်ထင်

၂။ ဘလော့ဂါ တရေးနိုး

၃။ ကိုယ်တိုင်ရေး ပုံမတူ

၎။ မင့်ကို ရှိစေချင်တယ်

၅။ ယုံချင်ယုံ မယုံချင်နေ

Sunday, August 12, 2007

Unforgiven II by Metallica






Lay beside me, tell me what they've done
Speak the words I want to hear, to make my demons run
The door is locked now but it's opened if you're true
If you can understand the me, then I can understand the you

Lay beside me, under wicked skies
Through black of day, dark of night, we share this paralyse
The door cracks open but there's no sun shining through
Black heart scarring darker still, but there's no sun shining through

No, there's no sun shining through
No, there's no sun shining

What I've felt, what I've known
Turn the pages, turn the stone
Behind the door, should I open it for you?

What I've felt, what I've known
Sick and tired, I stand alone
Could you be there, 'cause I'm the one who waits for you
Or are you unforgiven, too?






Come lay beside me, this won't hurt, I swear
She loves me not, she loves me still, but she'll never love again
She lay beside me but she'll be there when I'm gone
Black heart scarring darker still, yes, she'll be there when I'm gone
Yes, she'll be there when I'm gone
Dead sure she'll be there

What I've felt, what I've known
Turn the pages, turn to stone
Behind the door, should I open it for you?

What I've felt, what I've known
Sick and tired, I stand alone
Could you be there, 'cause I'm the one who waits for you
Or are you unforgiven, too?






Lay beside me, tell me what I've done
The door is closed, so are your eyes
But now I see the sun, now I see the sun
Yes, now I see it

What I've felt, what I've known
Turn the pages, turn the stone
Behind the door, should I open it for you?

What I've felt, what I've known
So sick and tired, I stand alone
Could you be there? 'Cause I'm the one who waits
The one who waits for you

What I've felt, What I've known
Turn the pages, turn the stone
Behind the door, should I open it for you?

What I've felt oohh
What I've know
I take this key
And I bury it in you
Because you're unforgiven, too

(Never free)
(Never me)
'Cause you're unforgiven, too





ဒီ Metallica ရဲ့ Unforgiven သီချင်းကို MTV ရိုက်ထားတဲ့ပုံကိုရော သံစဉ်နဲ့ အဖွဲ့တစ်ခုလုံးကို အရမ်းကြိုက်တဲ့အတွက် တင်လိုက်ပါတယ်ခင်ဗျာ။ သီချင်းအသစ်တော့ မဟုတ်ပေမယ့် သူတို့ရဲ့ သီချင်းတွေက များသောအားဖြင့် တွေးစရာတွေ ပေးတတ်လို့ ကြိုက်တာပါ။ ပထမတော့ ဒီသီချင်းရဲ့ စာသားတွေကို ကဗျာဆန်ဆန် ပြန်ရေးကြည့်မလို့ပါပဲ။ ဒါပေမယ့် ကျွန်တော်ရေးလိုက်ရင် မူရင်းအရသာပျက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက် မရေးတော့ပါဘူးခင်ဗျာ။ လာဖတ်သူများ ကိုယ်တိုင်သာ နားဆင် ကြည့်ရှုပြီး ကိုယ့်အတွေးနဲ့ကို ခံစားကြည့်ကြပါတော့ခင်ဗျာ။



Download Metallica's Unforgiven II



Download Metallica's Unforgiven I


Saturday, August 11, 2007

ကျွန်တော်ဟာ Winnie the Pooh ပါ


Take the 100 Acre Personality Quiz!


ကျွန်တော်ဟာ မောင်ပွတ်ပါ (ဘလော့ဂ်တိုင်း ဆရာကြီး ဘလော့ဂါ မောင်ပွတ်မဟုတ်ပါခင်ဗျ)။ ဖြေတဲ့သူ 1,928,274 မှာ ကျွန်တော့်လို မောင်ပွတ် 724,880 ယောက်ရှိပါတယ်တဲ့။

My Color is Blue

BLUE

You give your love and friendship unconditionally. You enjoy long, thoughtful conversations rich in philosophy and spirituality. You are very loyal and intuitive.

Find out your color at QuizMeme.com!



မေးခွန်းလေးတွေ ဖြေကြည့်ပြီး သိရတဲ့ ကျွန်တော့်ရဲ့ အရောင်က အပြာရောင်ပါတဲ့။ လူပေါင်း 2,844,889 ယောက် ဖြေတဲ့ အခါမှာ ကျွန်တော့်လို အပြာရောင် ရတဲ့သူက 598,782 ယောက်ရှိပါတယ်တဲ့။ မိတ်ဆွေလည်း ကိုယ့်အရောင်ကို သိချင်ရင် သွားဖြေကြည့်လိုက်ပါဦး။

Wednesday, August 8, 2007

အမှန်တရားရဲ့ ဖြားရောင်းမှု

အဲဒီ မြင်နိုင်ခက်တဲ့ ကြယ်ကြီးပေါ့ ငါ့ကိုဖြားရောင်း
ငါကလည်း ဒီလိုမျိုးဆို...
အထီးကျန် အလင်းတွေ တထောင်းထောင်းနဲ့...

``ဟောင်းသွားပြီလား
ဟောင်းနွမ်းပြီလား
ဟိုအရင်ငါနဲ့ မင်းအချစ်
ဂန္ဓ၀င် ကဗျာတစ်ပုဒ်
အခမ်းနားဆုံး သီချင်းရယ်´´

ခုတော့ အဆို အငို တိတ်စရာဆိုလို့
ဒီသီချင်းလေးပဲရှိတော့...
ဦးနှောက်ထဲက မုန်တိုင်းတစ်လုံး ထွက်သွားတယ်
တိတ်တဆိတ်ပါပဲ...

အင်း...ပွဲတိုင်းကျော်တဲ့
ဇာတ်လိုက်ကြီးရေ...
ခင်ဗျား သိသင့်တယ်
ပန်းတစ်ပွင့်ကြွေရုံနဲ့
အဖိုးတန် အနမ်းတွေ သေကုန်ကြမယ်ဆိုတာ...

အင်းပေါ့လေ...
အားဖြစ်ဖို့ နေနေသာသာ
အဆိပ်တွေ ပစ်ကျွေးနေတာတောင်
စားချင်တဲ့သူတွေက
ခခယယ ရှိနေမှကိုး...

မြစ်တစ်စင်း လမ်းလျှောက်လာတယ်
ကွေ့ကွေ့ ကောက်ကောက်
သူ့ကျောပေါ်မှာတော့
အားကောင်းတဲ့ ခါးသီးမှုတွေ ဝေလို့ လျှံလို့...

ရထားတစ်စင်းတော့ ထွက်သွားပြန်ပြီ
ဖြောင့်ဖြောင့်တန်းတန်း
သူ့ရင်ဘတ်ပေါ်မှာ
အနမ်းသေတွေ လိမ်းလို့ ကျံလို့...။ ။

Monday, August 6, 2007

အစည်းအဝေးမှတ်တမ်း သြဂုတ်လ၊ ၅ ရက်၊ တနင်္ဂနွေ၊ ၂၀၀၇

၁။ စပွန်ဆာ မမယ်လိုဒီမောင်၊ ဘာညာ နှင့် ပင့်ဂိုး မှတာဝန်ယူမည်။

၂။ Logo နှင့် ဆောင်ပုဒ် အား ကြာသပတေးနေ့နောက်ဆုံးထား၍ nayphonelatt@gmail.com အား မိမိအကြိုက်ဆုံးလိုဂိုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အား ပေးပို့ရန် ..

သောကြာနေ့နှင့် စနေနေ့များတွင် ကိုနေဘုန်းလတ်၏ http://nayphonelatt.blogspot.com/ တွင် Vote လုပ်သွားမည်ဖြစ်ပါသည်။ Vote အား တနင်္ဂနွေနေ့ အစည်းအဝေး မစခင်အချိန်ထိသာ ရွေးချယ်သွားမည်ဖြစ်ပါသည်။

၃။ စားသောက်ဧည့်ခံကျွေးမွေးရေးနှင့် ကြိုဆိုနေရာချထားရေး အတွက် .. ကိုဘလာဂေါက်၊ ကိုဆူးရဲ၊ ကိုမင်းယွန်းသစ်၊ ကိုတေဇာ၊ မောင်ဂျက်၊ ကိုမိုးလှိုင်ည၊ မမဒီဂျွန်၊ ကိုသန့်ဇော်မင်း၊ ကိုရွှေမြတ်၊ မစိတ်ကူးတို့မှ ၀ိုင်းဝန်းကူညီကြမည်ဖြစ်ပါသည်။

၎။ ဖိတ်စာ, Flyers, Booklet, စတေကာ, ကြော်ငြာ, Vinyl, ဖိတ်စာများအား ကိုစိုးဇေယျမှ အစအဆုံး တာဝန်ယူမည် ဖြစ်ပါသည်။
ဖိတ်စာ, Flyers, စတေကာ, ကြော်ငြာ, Vinyl တို့အား ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ် နှင့် ကိုဖြိုးတို့မှ ပူးပေါင်း၍ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Booklet အား ကိုစေတန်ဂေါ့ထ်၊ ကိုစိုးဇေယျ၊ ကိုမျက်လုံးတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ ဟောပြောမည့်သူများ အတိအကျသတ်မှတ်ရန်
- ကိုနေဘုန်းလတ်၊ ကိုစေတန်ဂေါ့ထ်၊ ကိုမျက်လုံး၊ မဘာညာ နှင့် မမယ်လိုဒီမောင်

၆။ ပါဝင်ဆောင်ရွက်ကြသော ဘလော့ဂါများမှ ၀တ်စုံအား တူညီတီရှပ်များ ၀တ်ဆင်ကြမည် ဖြစ်ပါသည်။

၇။ PowerPoint များ မဘာညာထံတွင် ညှိနှိုင်းဆောင်ရွက်ကြရန် ..

၈။ စာနယ်ဇင်းရှင်းလင်းပွဲအား သြဂုတ်လ (၁၇) ရက်နေ့တွင် Mr.Brown တွင် နေ့လည် (၂) နာရီတွင် ပြုလုပ်မည်ဖြစ်ပါသည်။ Organizer များဖြစ်ကြသော ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျတို့မှ တွေ့ဆုံ ရှင်းလင်းမည် ဖြစ်ပါသည်။

၉။ ရန်ကုန်ပြင်ပမှ ဘလော့ဂါများအား ဖိတ်ကြားခြင်း Organizer များမှ ရန်ကုန်ပြင်ပမှ အပြည်ပြည်ဆိုင်ရာ မြန်မာဘလော့ဂါများအား တာဝန်ယူ ဖိတ်ကြား သွားမည်ဖြစ်ပါသည်။

ကိုဖြိုး၏ ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

Thursday, August 2, 2007

ဈေးအကြီးဆုံးများ

``အကောင်းကြိုက်တတ်ကြတဲ့ ဒီလောကသားတွေအလယ် ကြင်နာသူလည်း အကောင်းပဲကြိုက်ရှာမယ်´´ ဆိုတဲ့ ချစ်ကောင်းရဲ့ သီချင်းတစ်ပုဒ်ထဲက အတိုင်းပေါ့ဗျာ။ ကျွန်တော်တို့လည်း အရာရာ အကောင်းဆုံး မဟုတ်ရင်တောင်မှ အကောင်းဆုံးဆိုတဲ့ အရာ တော်တော်များများကိုတော့ ကြိုက်ကြပါတယ်။
ကဲ... အကောင်းဆုံး ဟုတ် မဟုတ်တော့ မသိဘူး။ ဈေးအကြီးဆုံးတွေကို ဒီဝက်ဘ်ဆိုတ်မှာ ရှာပြီး တင်ပေးလိုက်တယ်ဗျာ။ အနည်းဆုံး စိတ်ကူးတော့ ယဉ်လို့ရပါတယ်။

ဒီအိမ်ကြီးကတော့
ဧက ၆.၅ ကျယ်တယ်။ William Randolph Hearst ဆိုတဲ့သူ ပိုင်ပြီးတော့
ခင်ဗျားမှာ ငွေပိုငွေလျှံလေး US$ ၁၆၅ မီလီယံလောက် ရှိရင် ၀ယ်ထားလို့ရတယ်။
ရေကူးကန် ၃ ခု၊ အိပ်ခန်း ၂၉ ခန်း၊ ကဖို့ ခုန်ဖို့ ဒစ်စကို တစ်ခုနဲ့
ရုပ်ရှင်ပြဇာတ်ခန်းမ တစ်ခုပါဝင်ပါတယ်။
John F. Kennedy ဟန်းနီးမွန်းထွက်ခဲ့တဲ့ နေရာထဲမှာ အပါအ၀င်ပေါ့။
စိတ်ဝင်စားရင် အကျိုးဆောင်ခ ၂ % ပဲပေး။ ၀ယ်ပေးမယ်။


ဒါကတော့ ကျွန်တော် လက်ရှိ ဟိုနား ဒီနား သွားဖို့ ၀ယ်ထားတဲ့
McLaren F1 ပါ။
သိပ်မရှိပါဘူး။ US$ ၁.၂၅ မီလီယံလားပဲ ပေးလိုက်ရတယ်။
တန်ပါတယ်။ ခုဆို ဈေးသွားပြီး ကန်စွန်းရွက်ဝယ်ဖို့လောက်ကတော့ ခဏလေးပဲ။
ပြန်ရောင်းဖို့ အစီအစဉ်မရှိသေးဘူးနော်။

ဒါကတော့ သွားရင်းလာရင်း နားထောင်ဖို့ MP3 Player ပါ။
TrekStor i.Beat organix Gold ဆိုတာပေါ့။
၁၈ ကာရက်ရွှေရယ်၊ စိန် ၆၃ လုံးရယ်ပေါင်းစပ် ပါဝင်ပြုလုပ်ထားတယ်။
စိန်စီသော တေးသံကို နားဆင်ချင်ပေမယ့်လည်း
ဈေးကွက်ထဲမှာ မတင်သေးဘူးလို့ အမေဇုန်မှာတွေ့ပါတယ်။
ဒီ MP3 ကို ရုရှကနေဒီယန်လူမျိုး ဘီလီယံနာ Alex Shnaider ဆိုတဲ့
Midland Formula 1 ပိုင်ရှင်အတွက်
ဂျာမန်ကုမ္ပဏီဖြစ်တဲ့ TrekStor က အထူးပြုလုပ်ပေးထားတာဖြစ်လို့
ဈေးကွက်ထဲမှာ မတွေ့နိုင်သေးဘူးတဲ့။


ခရီးသွား စီးပွားရေး လုပ်ငန်းရှင်များ ၀မ်းမြောက်ဖွယ်
Ego Lifestyle က ထုတ်လုပ်တဲ့ Tulip E-Go Diamond Laptop
AMD Turion 64 Processor MT family - (1.0 Mb L2 cache)
1024Mb So-Dimm DDR internal memory (2 slots) - PC3200 DDR
ATI Radeon Xpress 200
100 GB SATA HDD
12.1 inch widescreen WHGA

Battery Lifetime ကတော့ ၄ နာရီပဲ ရတယ်ဗျာ။
ဒါပေမယ့် သုံးပျော်မယ်ထင်ပါတယ်။ ဘက်ထရီမကုန်ခင်
သွားချင်တဲ့နေရာ အမြန်ရောက်ဖို့
McLaren F1 ရှိနေတာပဲ။
ဈေးလေးလည်း တော်တယ်။
ဝယ်ထားပါလား။
US$ ၃၅၀ ၀၀၀ ပဲရှိတယ်။

စီင်္းပွားရေးပဲလုပ်လုပ်၊ ချူသစ်နဲ့ပဲ ကြူကြူ
ဒီနေ့ လူတွေမရှိမဖြစ် လက်ထဲက မလွှတ်နိုင်တဲ့
ပစ္စည်းတစ်ခုကတော့ ဟန်းဖုန်းပေါ့။
Peter Aloisson ကထုတ်တဲ့
Diamond Crypto Smartphone ကတော့ ကိုင်တဲ့သူ
လုံးဝကို လက်ကချနိုင်မှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ
ရှားပါး စိန်ပြာ ၁၀လုံးအပါအ၀င်
စိန်အလုံး ၅၀ ပါဝင်တပ်ဆင်ထားလို့ပါ။
ဘော်ဒီကို ပလက်တီနမ်နဲ့ လုပ်ထားပါတယ်။
Logo နဲ့ Navigation Key တွေကို ၁၈ ကာရက်ရွှေနဲ့ လုပ်ထားတာဆိုတော့
လက်က မချမိစေနဲ့နော်။
ပျောက်သွားရင် နှမြောစရာကြီး။
၁ ၃၀၀ ၀၀၀ တောင် ပေးထားရတာ ရိုရိုသေသေ ကိုင်ဖို့တော့ လိုတယ်။
SMS, MMS, E-mail, Internet, WAP, JAVA အကုန်ရတယ်။
Windows CE ကိုထည့်သွင်း အသုံးပြုထားတယ်။
ပုံဖော်မှာကTFT Display နဲ့။ Media Player ပါပြီးသား။
256 bit Cryptographic Algorithm နဲ့ လုံခြုံရေးအတွက် တာဝန်ယူတယ်။
ကဲ ပြောချင်ရာပြော မောင့်သဘော။

ကျန်တာတွေတော့ ဒီနေရာမှာ သွားရှာလိုက်ပါဗျာ။ ကျွန်တော် အိပ်မက်က မနိုးခင် ဆက်ပြီး စိတ်ကူးယဉ်လိုက်ဦးမယ်။
အချိန်မရတဲ့ သူတွေ ကြည့်လို့ရအောင် ပုံတွေတော့ တင်ပေးလိုက်မယ်။
အားလုံးပဲ ကျန်းမာချမ်းသာစွာနဲ့ ဖြစ်ချင်တဲ့ စိတ်ကူးယဉ်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေ။US$ ၅၀၀ ၀၀၀ တန် Chess Set


US$ ၃.၇ မီလီယံတန် ဂစ်တာ
US$ ၁၇၅ တန် Sandwich

US$ ၅၀ တန်တဲ့ Kopi Luwak ကော်ဖီ


စားကြပါ သောက်ကြပါ။ အားမနာနဲ့နော်။ လိုချင်တဲ့ ပစ္စည်းရှိလည်း ယူသွား။
ကိုယ်ပိုင်လိုချင်လို့ ပိုက်ပိုက်လိုနေလား။ ဒီမှာ လိုသလောက်သာ ယူသွားပါ။


ကဲ အဆင်ပြေပြီနော်။