Tuesday, July 24, 2007

Mandalay is Blogable

ခေါင်းစဉ်ဖတ်ပြီး အတွေးတွေ အရမ်းမခေါင်ကြပါနဲ့ဦးလို့ အရင် တောင်းပန်ပါရစေ။ မန္တလေးမှာ လုပ်သွားခဲ့တဲ့ Blog နဲ့ပတ်သတ်တဲ့ Seminar အကြောင်း သတင်းပေးချင်လို့ပါ။ ခေါင်းစဉ်က Everything is Blogable ပါ။ မန္တလေးမှာ လုပ်ခဲ့တဲ့ပွဲမို့လို့ Mandalay is Blogable လို့ ခေါင်းစဉ်တပ်လိုက်တာပါ။

MdyBlogsShow ဆိုတဲ့ Blog ကိုလည်း သွားလည်လိုက်ပါဦး။ အောင်မြင်တဲ့ ပွဲလေးတစ်ပွဲ၊ ပျော်စရာ ဘလော့ဂါတွေ တွေ့ကြစုံကြ၊ ဟောကြပြောကြတဲ့ ပွဲလေးတစ်ပွဲကို တွေ့ရမှာပါ။ တက်ရောက်ကြတဲ့ မန္တလေး ဘလော့ဂါတွေလည်း အများကြီး။ အကျွေးအမွေးကလည်း ပါသေး။ ဟောပြောသူက မရတနာချို၊ နေရာက မန္တလေးတိုင်းကွန်ပျူတာပညာရှင်များအသင်းရုံး၊ အချိန်က နေ့လည် ၁ နာရီ၊ နေ့ရက်ကတော့ ၂၂ရက်၊ ဂျူလိုင်လ၊ ၂၀၀၇ မှာ အောင်မြင်တဲ့ Seminar တစ်ခု ကျင်းပနိုင်ခဲ့ပါတယ်။

ဒီ Seminar ကနေ မြန်မာဘလော့ဂါလောကအတွက် အရေးကောင်း၊ အတွေးကောင်း ဘလော့ဂါတွေ အများကြီး ထွက်ပေါ်လာနိုင်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့လည်း သုတ၊ ရသ မျှဝေခံစားစရာ မြန်မာ ဘလော့ဂ်တွေ တိုးလာပြီပေါ့ဗျာ။

Mandalay Blog Show သို့

မရတနာချို Blog သို့


မရတနာချို၏ ဟောပြောမှု
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


လာရောက်သူတွေ အော်တဲ့ စီဘုံး
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


ကျွေးမွေးဧည့်ခံရေး
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


ကိုဇော်မျိုးအောင်နဲ့ ကိုခွန်မိုးကျော်
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


မန်းဘလော့ဂါများ
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


မမြလွှာနဲ့ မပေါက်ပေါက်ဆုပ်
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

ကဲ.. မန်းဘလော့ဂါ အသစ်တို့ကို လာဖတ်ဖို့ စောင့်နေပါမယ်ခင်ဗျာ။