Friday, July 13, 2007

Installing Windows Defenfer without WGA Check

ကိုစစ်အိမ်ရဲ့ ဘလော့ဂ်မှာ Key Logger ဆော့ဖ်ဝဲတွေကို သတိထားဖို့ (Dangerous Key Logger for every Computer) ရေးထားတာ ဖတ်ရတော့ ကိုစစ်အိမ်ကို တော်တော်ပဲ ကျေးဇူးတင်မိပါတယ်။ Key Logger တွေအကြောင်း ပိုသိလာရပြီး ပိုသတိထားမိလာစေလို့ပါ။ Download တွေလည်း ပေးထားတာ ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ကျွန်တော်တောင် မ စရာရှိတာတွေ မ လာသေးတယ်။ ကိုစစ်အိမ်ညွှန်ထားတဲ့ Windows Defender ကို အရင်ကတည်းက သုံးချင်ပေမယ့် WGA (Windows Genuine Advantage) လို့ခေါ်တဲ့ Windows OS ကို လိုင်စင်အစစ်နဲ့ သုံးတာ ဟုတ်မဟုတ်စစ်တာကြောင့် သုံးလို့မရခဲ့ပါဘူး။ အဲဒါနဲ့ပဲ အရင်တုန်းက Internet Explorer 7 ကို WGA မစစ်ပဲ Install လုပ်နည်း အတုခိုးခဲ့တဲ့ DotComUnderground ကနေပဲ သွားရှာကြည့်မိပါတယ်။ တွေ့ပါတယ်။ အောက်မှာ မသိသေးသူများအတွက် ကြိုးစားပြီး ပြန်ရေးထားပါတယ်ခင်ဗျာ။ လိုအပ်တာ၊ မှားယွင်းနေတာများ ရှိရင်လည်း ပြောခဲ့ပါဦး။ သိရှိနားလည်သူများရဲ့ ဝေဖန်အကြံပြုမှုများကိုလည်း လေးလေးစားစား တောင်းခံပါရစေခင်ဗျ။

အဆင့် (၁) Windows Defender Final Version ကို ဒီမှာ Download လုပ်ပါ။

အဆင့် (၂) Orca ( a .msi package editor) ကို ဒီမှာ Download လုပ်ပါ။ Download ပြီးရင် Install လုပ်ပါ။

အဆင့် (၃) Orca ဆော့ဖ်ဝဲကို Run ပြီး WindowsDefender.msi ကို ဖွင့်ပါ။ Open -> WindowsDefender.msi


အဆင့် (၄) Orca ရဲ့ ဗယ်ဘက် Pane ထဲမှာ Custom Action ဆိုတာကို ရွေးပါ။


အဆင့် (၅) Check_WGA ကို ကလစ်လုပ်ပါ။
CHECK_WGA ဆိုတဲ့နေရာမှာ Right Click လုပ်ပြီး Drop Row ဆိုတာကို ရွေးပါ။


အဆင့် (၆) Orca ရဲ့ ဗယ်ဘက် Pane ထဲမှာ Dialog ဆိုတာကို ရွေးပါ။


အဆင့် (၇) CheckWGA ဆိုတာကို ကလစ်လုပ်ပါ။


Attribute ရဲ့ Value ဖြစ်တဲ့ 2 ဆိုတဲ့နေရာမှာ ကလစ်နှစ်ချက် နှိပ်ပါ။ 2 ကို 0 လို့ပြောင်းလိုက်ပါ။


အဆင့် (၈) File -> Save လို့ပြောပြီး Save လုပ်ပါ။ Save As မလုပ်ပါနဲ့။


အဆင့် (၉) WindowsDefender.msi ကို ကလစ်နှစ်ချက်နှိပ်ပြီး Install လုပ်နိုင်ပါပြီ။

Original post is Here.
Visit to DotComUnderground.