Tuesday, June 26, 2007

Chaos

ဘိုးလှိုင် (ဒေါက်တာတင်လှိုင်- လန်ဒန်တက္ကသိုလ်မှာ ပညာသင်ခဲ့ဟု ထုတ်ဝေသူအမှာမှာ ပါပါတယ်) မြန်မာပြန်တဲ့ ခေးအော့စ် ဆိုတဲ့ စာအုပ် ဖတ်ဖူးကြသလားဗျာ။ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ ကျွန်တော် အမြည်းပေးမယ်ဗျာ။ ebook တော့ မရှိလို့ တင်မပေးနိုင်တာ ခွင့်လွှတ်ပါဗျာ။ စာအုပ်ကျောဖုံးမှာ ဒီလို အညွှန်းလေး ရေးထားပါတယ်။

ခေးအော့စ်

ဘရာဇီး၌ လိပ်ပြာတောင်ပံ တစ်ချက်ခတ်လျှင်
တက်ဆပ်ပြည်နယ်၌ မုန်တိုင်းကျနိုင်သလား ။
ထိုအခြင်းအရာကို
Butterfly effect ဟူသတဲ့ ။
ခေးအော့စ်အဖုံးကို လိပ်ပြာတောင်ပံဆွဲထားခြင်မှာ ထိုသဘောကို ရည်ရွယ်သည် ။

ခေးအော့စ်အကြောင်းကို နာကြားကြရာတွင်
အပွင့်စနစ်များ (open system) အကြောင်း
ဆင်ခြင်ကြရန်ဖြစ်ပါတယ် ။
လောကသဘာဝမှာ အပိတ်စနစ် (closed system) ကနည်းနည်း
အပွင့်စနစ်သာ များကြောင်း ဆင်ခြင်ခြင်းအားဖြင့်
သဘာဝနှင့် သပ္ပါယဖြစ်ဖို့ ရည်ရွယ်ကြောင်းပါ ။

၀၀၀ ၀၀၀ ၀၀၀

အင်္ဂလိပ်စကားလုံး Chaos ကို ပရမ်းပတာ၊ ကသောင်းကနင်း၊ အလွန်ရှုပ်ထွေးခြင်း၊ ဗြောင်းတိဗြောင်းဆန်
စသည်ဖြင့် သာမန် အနက်ကောက်လို့ ရပါတယ် ။
သို့သော် သိပ္ပံအရဆိုရင်တော့ Chaos ဆိုတာ ပရမ်းပတာ ဖြစ်သော်လည်း
ထိုပရမ်းပတာထဲမှာ စည်းရှိနေသော သဘော လို့
အနက်ကောက်ရမှာတဲ့ ။

"ခေးအော့စ်" အမှာ မှ

၀၀၀ ၀၀၀ ၀၀၀

ခေးအော့စ်အတွက် ဖိဘက်ပြန်လာသူတွေထဲမှာ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာန ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်နေတဲ့ ဒေါက်တာစံလှသော် ပါဝင်ပါတယ်။ သူက ရေရှည်မိုးလေ၀သဟောကိန်း (Long range weather prediction) ရဲ့ ခက်ခဲနက်နဲမှုကို သဘောပေါက်လက်ခံတယ်။ သူ့ဆရာ ဦးလှပြောပြချက်ကို ထောက်ခံတယ်။ လောရင့်ရဲ့ သုတေသနကိုလည်း စိတ်ဝင်စားသူ ဖြစ်ပါတယ်။ ကြုံကြိုက်တဲ့အတွက် ဒေါက်တာ စံလှသော်က သူဖတ်ထားတဲ့ ``ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီးစာစောင်´´ (Bulletin of World Meteorological Organization) တစ်ခုမှာ ပါတဲ့ ဆရာကြီး လောရင့်ရဲ့ မေးဖြေ (အင်တာဗျူး) ဆောင်းပါးကို မိတ္တူကူးပြီး ဘိုးလှိုင်ကို ပေးလာပါတယ်။



Dr. H. Taba : The study of "chaos" became your principle interest in place of the general circulation. Could you explain chaos for us in simple terms?

Edward N. Lorenz : Chaos means something that looks random but is not random. The theory of chaos deals with sensitive dependence on initial conditions in non-linear dynamical systems, which is responsible for the apparent randomness. The Earth's atmosphere, plus its surroundings, is chaotic. There is evidence suggestive of chaos everywhere, starting with observations, practical experiments and numerical models, which depend heavily on initial conditions. The absence of periodicity is perhaps the easiest way to recognize that a system is chaotic. Most of our ideas about chaos in the atmosphere have come from working with models. Sophisticate models such as the large general circulation models used in operational weather forecasting centres are chaotic in the sense that small differences and perturbations eventually become extremely large.

အခန်း (၇) ခေးအော့စ် ရှေ့ဆောင်ဆရာကြီးများမှ


၀၀၀ ၀၀၀ ၀၀၀

အနုပညာသမိုင်း သုတေသီ Richard Taylor (Art Historian) က Jackson Pollock ရဲ့ လက်ရာတွေကို လေ့လာခဲ့ရာမှာ ခေးအော့စ်ရဲ့ အပိုင်းတစ်ခုဖြစ်တဲ့ (Fractal Geometry) ကိုသုံးပြီး သရုပ်ခွဲကြည့်ခဲ့ပါတယ်။


Painting Jackson Pollock at 1949

ဖရက်တယ်နဲ့ သရုပ်ခွဲလိုက်တော့ ပေါလော့ခ်ရဲ့ လက်ရာတွေဟာ မျောက်ဝံလက်ရာမဟုတ်ဘူး၊ စုတ်တံခါ ဘုတ်ပြားလည်း မဟုတ်ဘူး။ အလွန်ထူးခြား ကွဲပြားတယ်ဆိုတာ တွေ့ရပါတယ်။ ထူးသမှ အလွန်ကို ထူးပါတယ်လို့ တေလာက ဖေါ်ပြပါတယ်။




သမံကာ ရှံကာ ကြည့်ရင်တော့ ဖရက်တယ်ဆိုတဲ့ အရာတွေဟာ ဗရုတ်သုတ်ခတွေလို့ မြင်ရတွေ့ရတဲ့ ပစ္စည်းမျိုးပါ။ ဒါပေမယ့် ဖရက်တယ်တစ်ခုဟာ တစ်ခုတည်းသော ဂျီသြမေထရီ မြင်ကွင်းပုံ (a single geometric pattern) ကို အကြိမ်ပေါင်း ထောင်သောင်းချီ ကျော့ထားတဲ့ ပုံအရွယ်အစား အမျိုးမျိုးပြောင်းပြီး ထပ်ခါတလဲလဲ ပုံဖြစ်ပါတယ်။ ဒီပုံတွေရဲ့ ဖွဲ့စည်းပုံမှာ ဥပဒေသနဲ့ စည်းစနစ်ရှိတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ဘယ်လိုဖြန့်ထွက်လာမယ်ဆိုတာ ကြိုတင်တွက်ဆ တွေးမြင်လို့ မရနိုင်ဘူး။

ရူပဗေဒသမား ရစ်ချက်တေလာဟာ ၁၉၄၃ ခုက ၁၉၅၂ ခုအတွင်း ပေါလော့ခ်ဆွဲခဲ့တဲ့ ကင်းပတ်ပန်းချီ ၂၀ကို ပုံကြီး ချဲ့ကြည့်တယ်။ နောက်ကွန်ပျူတာသုံးပြီး ဆေးစက်ပုံစံပေါင်း ၅ သန်းကို နေရာအမျိုးမျိုးကနေ ရွေးချယ်ပြီး ယှဉ်ကြည့်တယ်။ သူယှဉ်ကြည့်တာက တစ်လက်မရဲ့ ဆယ်ပုံတပုံ ဆေးကွက်ကလေးက တစ်ခါတစ်ရံ ၁၂ပေလောက်အထိ ရှည်တဲ့ ပုံပြည့်ကားချပ် တစ်ခုပါဝင်တယ်။

တေလာရဲ့ တွေ့ရှိချက်ကတော့ ပေါလော့ခ် ပန်းချီကားတွေရဲ့ ဖရက်တယ်ဒိုင်မင်းရှင်းတွေက သဘာဝလောကမှာတွေ့ရတဲ့ နှစ်ဘက်တိုင်း ဖရက်တယ်တွေနဲ့ အတော်နီးစပ်တာ တွေ့ရပါတယ်။ ဥပမာ ၁၉၄၈ ခုနှစ်ကဆွဲတဲ့ Number 14 ပန်းချီကားရဲ့ ဒိုင်မင်းရှင်းဟာ ၁.၄၅ ဆိုတော့ ပင်လယ်ကမ်းရိုးတန်းတွေရဲ့ ဒိုင်မင်းရှင်းနဲ့ မတိမ်းမယိမ်းဆိုပဲ။

ပေါလော့ခ်ကတော့ သူဘာလုပ်နေတယ်ဆိုတာ အသိရှိရှိနဲ့ ပန်းချီကားတွေ ဆွဲခဲ့တာပါ။ သူဆွဲတဲ့ ပန်းချီကားတွေက နောက်ပိုင်း ကျလေလေ ပိုပြီးကြွယ်ဝ နက်ရှိုင်းထွေပြား လေလေဖြစ်ပြီး ဖရက်တယ် ဒိုင်မင်းရှင်းကလည်း ပိုပြီး မြင့်မြင့်လာတာ တွေ့ရတယ်။

ပေါလော့ခ်ရဲ့ နောက်ဆုံးဆေးစက်ပန်းချီကားဖြစ်တဲ့ Blue Poles ဟာ ကာလပေါက်ဈေး ဒေါ်လာ သန်း ၃၀ တန်တယ်လို့ သိရတယ်။ အဲဒီကားကို အချိန် ၆ လ ယူပြီး ဆွဲခဲ့တာ ဖြစ်ပြီး၊ တေလာ စစ်ဆေးကြည့်တဲ့ ဖရက်တယ် ဒိုင်မင်းရှင်း ၁.၇၂ နဲ့ အမြင့်ဆုံး ဖြစ်နေတာလည်း တွေ့ရပါတယ်။ ပေါလော့ခ်က လူရဲ့ ပသာဒ ရှုမြင်နိုင်စွမ်းဟာ ဘယ်လောက်ထိ ရောက်နိုင်မလဲဆိုတာ Limit ကို ရှာကြည့်တယ်လို့ ယူဆဖွယ်ရပါပဲ။

အခန်း (၁၃) ဖရက်တယ်ပန်းချီကားမှ