Monday, June 11, 2007

ပိုက်ဆံ

ကျွန်တော့်ရဲ့ အမှောင်ထဲမှာ လမ်းလျှောက်ခြင်း ပို့စ်မှာလည်း ရေးဖူးပါတယ်။ ဒါပေမယ့် ဒီမှာ ပိုက်ဆံနဲ့ ပတ်သတ်တဲ့အကြောင်း နည်းနည်းလောက် လျှာရှည်ခွင့်ပြုပါ။

ခင်ဗျားဟာ ငွေမက်တဲ့လူလား ?
ငွေမက်တဲ့ လူတွေကိုရော အထင်သေးခြင်း သို့မဟုတ် အထင်ကြီးခြင်း ရှိလား ?

ပိုက်ဆံနဲ့ ဘာမဆို ဖန်တီးနိုင် သို့မဟုတ် ရယူနိုင်တာဆိုတာကို ယုံသလား ?
ဒါမှမဟုတ် ပိုက်ဆံနဲ့ ဘာတွေကို ဖန်တီးပေးမယ် သို့မဟုတ် ပေးဆပ်လိုက်မယ်လို့ ခံယူထားတာမျိုးရှိသလား ?

ငွေဆိုရင် ဖျက်ဆီးတတ်တဲ့လက်နက်လို့ မြင်ထားသလား ?
ဒါမှမဟုတ် တည်ဆောက်ရေး ကိရိယာလို့ မြင်ထားသလား ?

ဆိုပါစို့
ခင်ဗျားသာ တစ်နေ့ လမ်းလျှောက်လာရင်းနဲ့
ပိုက်ဆံထုပ်ကြီး တစ်ခု ကောက်ရရင် ပိုင်ရှင်ကို ပြန်ပေးဖို့ ကြိုးစားမလား ?
ကိုယ်နဲ့ ထိုက်လို့ ကိုယ်ရတာ ဘာလို့ပြန်ပေးရမှာလဲ ဆိုပြီး
အသာလေးယူပြီး လစ်သွားမှာလား?

ပိုက်ဆံကို ကုန်စည်ဖလှယ်ရေးကြားခံပစ္စည်းအနေနဲ့
တီထွင်ခဲ့တာကို မှားတယ်လို့ တွေးမိသလား?
ဒါမှမဟုတ် ပိုက်ဆံကြောင့် ကျွန်တော်တို့ နေ့စဉ်လူနေမှုဘ၀မှာ
ပိုပြီး အဆင်ပြေ ချောမွေ့လာတယ်လို့ ထင်သလား?

လူက ဖန်တီးထားတဲ့ ငွေကို လူကမနိုင်လို့
အရှုံးပေးလိုက်ရတာမျိုး ကြုံဖူးသလား?
ဒါမှမဟုတ် သက်မဲ့စက္ကူအတွက်တော့
လူ့တန်ဖိုး အကျမခံနိုင်ဘူးလို့ တွေးထားသလား?

ဘယ်အတိုင်းအတာထိ ငွေရှာနိုင်ရင်
ဒါမှမဟုတ် စုဆောင်းနိုင်ပြီဆိုရင်
ငွေရှာတဲ့အလုပ်ကို ရပ်တော့မယ်လို့ တွေးဖူးသလား?
ဒါမှမဟုတ် ရသမျှနဲ့ အကောင်းဆုံး ရပ်တည်ထားတာကိုပဲ
အမှန်ဆုံးလို့ တွေးထားသလား?

ခင်ဗျားထီထိုးသလား?
ဘဏ်မှာ ငွေစုသလား?
ငွေတိုးချေးစားသလား?
တောင်းစားတဲ့သူတွေကို လှူသလား?
ဘာသာရေးအလှူအတန်းတွေမှာ လှူရတာ ၀ါသနာပါလား?
မိဘကို ငွေကြေးထောက်ပံ့နေရတာကို လုံလောက်ပြီလို့ထင်လား?

အဆင်မပြေတဲ့လူကို ငွေချေးပြီး သူကပြန်မဆပ်နိုင်ရင်
ဘယ်လိုသဘောထားသလဲ?
ကိုယ်ကသူများဆီက ပိုက်ဆံချေးပြီး ပြန်ဆပ်နိုင်တဲ့အချိန်ကျ
ချက်ချင်းပြန်ဆပ်လား?
အီလက်ထရွန်းနစ် ငွေကြေးက ဘယ်လောက်ထိ ခင်ဗျားနဲ့ပတ်သတ်လဲ?

. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .

မြတ်စွာဘုရား လက်ထက်တုန်းကပေါ့
သူခိုးတစ်ဦးဟာ ဘုရင့်ရွှေငွေဥစ္စာတွေကို ခိုးလာပြီး
အစောင့်ရဲမက်တွေ လိုက်လာတဲ့အခါ
ပြေးလို့မလွတ်မှန်းသိတာနဲ့ လယ်သမားတစ်ဦးရဲ့ လယ်ကွက်အနီး
မြေမြှုပ်ထားခဲ့သတဲ့

ဒါကို အဲဒီလယ်ကွက်မှာ လယ်လုပ်တဲ့ လယ်သမားက မသိပါဘူး
သူ့လယ်အလုပ် လုပ်နေတုန်းမှာ မြတ်စွာဘုရားက
သူ့လယ်အနီး ကြွလာပြီး ရတနာထုပ်မြှုပ်ထားတဲ့ နေရာမှာ
အလွန် အဆိပ်ပြင်းသော မြွေကြီးပါလား လို့
သုံးကြိမ် ရွတ်ဆိုတော်မူသတဲ့

ဒါနဲ့ လယ်သမားလည်း ဆန်းပါတယ်ဆိုပြီး
မြတ်စွာဘုရား ရှေ့ဆက်ကြွသွားတာနဲ့
အဲဒီနေရာကို တူးဆွကြည့်တော့ ဘုရင့်ဥစ္စာတွေ တွေ့တာပေါ့
ဒါနဲ့ပဲ လယ်သမားလည်း ၀မ်းသာပျော်မြူးနေတုန်း
သူခိုးနောက်ကို လိုက်လာတဲ့ ဘုရင့်ရဲမက်စစ်သည်တွေ ရောက်လာပြီး
လယ်သမားကို သူခိုးအဖြစ် ဘုရင့်ရှေ့တော်မှောက် အရောက်သွင်းပါသတဲ့
ဘုရင်ကလည်း စိတ်ဆိုးမာန်ဆိုးနဲ့ ကြိမ်ဒဏ်ပေးစေပါတယ်

လယ်သမားက ကြိမ်ဒဏ်တစ်ချက် ရိုက်တိုင်း ရိုက်တိုင်းမှာ
အလွန်အဆိပ်ပြင်းသော မြွေကြီးပါလားလို့ အော်ဟစ်မြည်တမ်းပါတယ်
ဒါကို ဘုရင်ကြီးသိတော့ လယ်သမားကို အကျိုးအကြောင်း မေးပါသတဲ့
ဒီတော့မှ လယ်သမားလည်း အကြောင်းစုံကို ရှင်းလင်းလျှောက်ထားပါတော့တယ်
နောက်ဆုံးတော့ လယ်သမားရော ဘုရင်ကြီးရော မြတ်စွာဘုရားကြိုတင်ဟောကြားခဲ့တဲ့
အလွန်အဆိပ်ပြင်းသော မြွေကြီးရဲ့ အဆိပ်မိပြီး ဒုက္ခရောက်ကြပုံကို စဉ်းစား ဆင်ခြင် သံဝေဂရသွားကြပါတော့တယ်တဲ့...

. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .


`ငွေကျည်ဆံတွေ ပစ်နေတယ် ကိုယ်ကိုယ်တိုင်ဟာ ပစ်ခတ်သူလားဟေ့
ငွေကျည်ဆံတွေ ပစ်နေတယ် ကိုယ်ကိုယ်တိုင်ဟာ ပစ်မှတ်တစ်ခုလားတွေး´
ဇော်ဝင်းထွဋ် (ငွေကျည်ဆံ - ဆေးပေါင်းခတဲ့ည အယ်လ်ဘမ်မှ)

`အမှန်တရားဟာ အဖိုးထိုက်တန်လွန်းတယ် ကိုယ်မ၀ယ်နိုင်ဘူးလေ
ဟေး ငွေဟာ အဆိပ်တွေ´
ဟယ်ရီလင်း (အဆိပ်ငွေကြေး - ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း အယ်လ်ဘမ်မှ)

`ပိုက်ဆံ ပိုက်ဆံ ၀မ်းနည်းဖို့ရာ ကောင်းတယ်
ပိုက်ဆံ ပိုက်ဆံ မင်းစိတ်ဓာတ်ကို အရောင်ဆိုးထား´
ဖိုးကျော် (ပိုက်ဆံ - ပိုက်ဆံ အယ်လ်ဘမ်မှ)

Money

Waters-Pink Floyd

Money, get away.
Get a good job with good pay and you're okay.
Money, it's a gas.
Grab that cash with both hands and make a stash.
New car, caviar, four star daydream,
Think I'll buy me a football team.

Money, get back.
I'm all right Jack keep your hands off of my stack.
Money, it's a hit.
Don't give me that do goody good bullshit.
I'm in the high-fidelity first class traveling set
And I think I need a Lear jet.

Money, it's a crime.
Share it fairly but don't take a slice of my pie.
Money, so they say
Is the root of all evil today.
But if you ask for a raise it's no surprise that they're
giving none away.


Blood Money

Bon Jovi

Hey Patty Garrett that's what I used to call you
They tell me you want me but I hear they've got you
They made you a lawman with a badge made of silver
They paid you some money to sell them my blood

But you say, this ain't about me and this ain't about you
Or the good and the bad times we've both been through
When the lines between brothers and justice have changed
You do what you've gotta cause you can't walk away

Wonder what would of have happened if you were the killer and I was the hero
Would things be the same ?
Or would I have traded your life for my own life ?
Would I have paid your debts in your place ?
I don't know

But this ain't about me and this ain't about you
Or the good and the bad times we've both been through
When the lines between brothers and justice have changed
You do what you've gotta cause you can't walk away

Blood money, that's what I call it
'Cause money for blood ain't no fair exchange
Blood money
Bought and then sold you
But your conscience is all you can take to your grave