Saturday, June 9, 2007

ကြိုးစားဆဲပဲဗျို့


ခုချိန်ထိတော့ Blogger နဲ့ Google ရဲ့ Password Reset လုပ်လို့ မရသေးဘူးဗျာ။ ဘလော့ဂ်တော့ ပစ်ရပြီထင်တယ်။ ဒီတစ်ခုသွားတော့လည်း နောက်တစ်ခုပေါ့ဗျာ။ စိတ်ဓါတ်တော့ မကျပါဘူး။ ဒါပေမယ့် အချိန်အများကြီးပေးပြီး ကြိုးစားထားသမျှ အားလုံး အစက ပြန်စရတော့မှာပေါ့။ အချိန်တွေထပ်ကုန်မယ်။ အလုပ်တွေရှုပ်ဦးမယ်။ ပို့စ်အသစ်တင်ဖို့လည်း လုပ်ရဦးမယ်။ နှမြောလိုက်တာဗျာ။ Google ရော Blogger ရော ၀င်လို့ မရတော့ စိတ်ကို ညစ်သွားတာပဲ။ ဘလော့ဂ်ပိုးကိုတော့ အလွယ်တကူ အနိုင်ယူလို့ ရမယ်မထင်နဲ့ Gmail passord သူခိုး တို့ရေ။ ဘလော့ဂ်ကိုတော့ ဆက်လုပ်ဦးမှာပဲဗျို့။ ဒီဘလော့ဂ်မှာ တင်လို့ မရတော့ရင် ဒါမှမဟုတ် တင်လို့ အဆင်မပြေတော့ရင်လည်း နောက်ဘလော့ဂ်တစ်ခုမှာ တင်သွားဦးပါပဲ။ အားပေးမယ့်သူများ နောက်ဘလော့ဂ်တစ်ခုကို ပြောင်းသွားရင်လည်း လိုက်ခဲ့ကြဦးနော်။

မျက်လုံး