Monday, May 14, 2007

ကျွန်တော့် ဘလော့ဂ်များ

ကျွန်တော် လောဘတကြီးနဲ့ အင်္ဂလိပ်ဘလော့လေးတစ်ခု၊ မြန်မာဂမ္ဘီရဘလော့ဂ် ဆိုတာတစ်ခု လုပ်ထားပါတယ်။

အင်္ဂလိပ်လိုရေးတဲ့ ဘလော့ဂ်ဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် Google Ad ကို ထည့်ချင်လို့ပါ။ ပိုက်ဆံရတာ၊ မရတာနောက်မှပေါ့ဗျာ။ Links You May Like ဆိုပြီး လုပ်ထားပါတယ်။ ကြုံရင်ဝင်ကြည့်လိုက်ကြပါဦး။ နောင်ကို မှန်မှန်လေး Post တင်နိုင်အောင် လုပ်သွားပါ့မယ်။ ဒီမှာ သွားကြည့်နိုင်ပါတယ်ခင်ဗျာ။

မြန်မာဂမ္ဘီရဘလော့ဂ် ကတော့ အလွယ်တကူ အသုံးချလို့ရတဲ့ ငွေကုန်ကြေးကျလည်း မများတဲ့ မြန်မာ့ရိုးရာ နည်းလမ်းလေးတွေ မျှဝေဖို့ပါ။ အောက်လမ်းတွေ၊ အထက်လမ်းတွေ၊ ၀ိဇ္ဇာဇော်ဂျီ ဖြစ်အောင် ကျင့်ကြံနည်းတွေ မဟုတ်ပါဘူးခင်ဗျာ။ မိတ်ဆွေတို့သိတဲ့ နည်းလမ်းကောင်းလေးတွေ ရှိရင်လည်း ကျွန်တော့်ကို မျှဝေပါဦး။

ဥပမာ . . . မိုးတွင်းဘက် အိမ်က မီးချောင်း၊ မီးလုံးတွေနားကို ပိုးကောင်တွေမလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုးလေးတွေ ရေးသွားမှာပါ။ ဒီမှာ သွားဖတ်ကြည့်ပါဦး။

အပေါ်မှာ ပြောထားတဲ့ ဘလော့ဂ်နှစ်ခုလုံး EOT လုပ်ထားပြီးပါပြီ။ ဖတ်ရတာ အဆင်မပြေရင်ပြောပါခင်ဗျာ။