Sunday, May 13, 2007

ကိုနိုင့်အတွက်ကွန်မန့်


Naing: ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်လည်း လာလည်တဲ့သူတွေ စိမ်းစိမ်းလန်းလန်းလေးတွေ မြင်ရအောင် အရောင်နုလေး အစိမ်း၊ အပြာလေးတွေ လုပ်ထားတာပါ။ ဒါပေမယ့် အချို့က အရောင်တောက်တော့ စာကောင်းကောင်းဖတ်လို့မရဘူးလို့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း စာဖတ်လို့ရဖို့က အဓိကလို့ သဘောထားပြီး အနက်ပေါ်မှာ စာတွေကို အရောင်နုလေးနဲ့ တင်ထားလိုက်တာပါ။

နောက်ခံပုံလေးက ပြတင်းကနေ ငေးတဲ့ ခံစားမှုကို ကိုယ်တိုင်လည်းကြိုက်လို့ အများကိုလည်း ဝေမျှကြည့်တာပါ။ ပုံလှလှလေး သက်သက်ဆိုတာထက်လေ။ မူလ ပုံအကြီးမှာ ပိုပြီးသိသာပါလိမ့်မယ်။ တစ်ခြမ်းမှာက ပန်းချီကားလေးရှိတယ်။ ကျွန်တော်တို့ စိတ်ကူးယဉ်တဲ့ အရာတွေပေါ့။

နောက်တစ်ခြမ်းမှာက ခပ်ညစ်ညစ်ထေးထေး နံရံထောင့်ရှိတယ်။ ကျွန်တော်တို့ လက်တွေ့ တွေ့နေရတာတွေပေါ့။

အလယ်မှာတော့ ပြတင်းပေါက်လေးရှိတယ်။ ဘာလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ်ပဲ တွေးကြည့်ကြပါဗျာ။

ပြတင်းပေါက်လေးနဲ့ ပို့စ်လေးတွေကိုလည်း တတ်နိုင်သမျှ တည့်တည့်ဖြစ်နေအောင် တမင်လုပ်ထားရတာပါ။ မတော်တဆမဟုတ်ပါဘူး။

အချိန်အလိုက် အရောင်ပြောင်းတယ်ဆိုတဲ့ အိုင်ဒီယာကိုလည်း ကျွန်တော်စဉ်းစားမိပါတယ်။ ဒါပေမယ့် ကျွန်တော် အမြဲတမ်းလုပ်နိုင်မှာ မဟုတ်ဘူးခင်ဗျ။ လျှပ်စစ်ရယ်၊ ကွန်နက်ရှင်ရယ်၊ ကျွန်တော် အားမယ့်အချိန်တွေရယ်က တခါတလေ ထပ်တူကျဖို့ ခက်ခဲလို့ပါ။

ဝေဖန်အားပေးတဲ့ ကိုနိုင့် ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်စိတ်ခံစားချက်နဲ့လည်း အစ်ကိုပြောတာတွေက တော်တော်ထပ်တူကျပါတယ်။ နောင်ကိုလည်း မကြာမကြာ လာလည်ပြီး ဝေဖန်ပေးပါဦး။

ဒီကွန်မန့်ကို ပို့စ်တင်လိုက်မယ်ဗျာ။