Friday, May 25, 2007

Adding Your Blog/Web URL to Search Engine Index (Google, Yahoo and more...)

Adding URL to Googleကိုယ့် ဘလော့ဂ် ဒါမှမဟုတ် Web site ရဲ့ URL ကို Google မှာ Search လုပ်တဲ့အခါ မြင်နိုင်ဖို့အတွက် ဒီကို အရင်သွားပါ။
အပေါ်ပုံကအတိုင်း မြင်ရမှာပါ။ URL: မှာ ကိုယ့် Web/Blog ရဲ့ လိပ်စာ အပြည့်အစုံ ရိုက်ထည့်ပေးလိုက်ပါ။ Comments: မှာတော့ ကိုယ့် Web/Blog အကြောင်း နည်းနည်းပါးပါး ရေးချင်ရင် ရေးလိုက်ပါ။ ပြီးရင် ပုံထဲက စာသားလေးကို အောက်မှာ ရိုက်ထည့်ပြီး Add URL မှာ ကလစ် လုပ်လိုက်ရင် ရပါပြီ။

Adding URL to Yahoo

Yahoo Search Engine မှာ ပေါင်းထည့်ပေးဖို့အတွက်ကတော့ ဒီကို ကလစ်လုပ်ပြီး သွားလိုက်ပါ။


http:// နောက်မှာ ကိုယ့်ရဲ့ Web/Blog ရဲ့ URL ကို ရိုက်ထည့်ပြီး Submit URL မှာ ကလစ်လုပ်လိုက်ပါ။

Free Web Submit Services

Free Web Submission ကို ဒီမှာ လည်း သုံးဖူးပါတယ်။ ကြော်ငြာတော့ တော်တော် ၀င်လိမ့်မယ်။ ကိုယ့် email ကို သူတို့ကို ပေးရတာမို့ပါ။

အဆင်ပြေပါစေခင်ဗျာ။