Friday, April 27, 2007

Installing Internet Explorer 7 Bypassing WGA Validation

Internet Explorer 7 ကို Install လုပ်ရင် Windows OS ကို Licensed Original ဟုတ်မဟုတ် စစ်ပါတယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင်၊ ခင်ဗျားကလည်း Internet Explorer 7 ကို သုံးချင်တယ်ဆိုရင် အောက်မှာ ပြထားတဲ့အတိုင်း လုပ်ကြည့်နိုင်ပါတယ်ဗျာ။

အဆင့် (၁) Microsoft Internet Explorer 7 ကို Microsoft ကနေ Download လုပ်ပါ။ မရှိသေးရင်ပေါ့ဗျာ။

အဆင့် (၂) အရင် Install လုပ်ထားတဲ့ Internet Explorer 7 Beta တို့ဘာတို့ ရှိရင် Uninstall လုပ်လိုက်ဦးနော်။ Start > Control Panel > Add or Remove Programs ကိုသွားပြီး Internet Explorer 7 ကို Select လုပ်၊ Remove မှာ ကလစ်နှိပ်ပေါ့ဗျာ။

အဆင့် (၃) ပြီးရင်တော့ လိုအပ်တဲ့ dll ဖိုင်နှစ်ခုကို ဒီမှာ Download လုပ်လိုက်ပါဦး။

အဆင့် (၄) နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ Download လုပ်ထားတဲ့ IE7_WindowsXP_x86_enu.exe ဆိုတဲ့ ဖိုင်ကို Extract လုပ်ပါ။ ဒီနေရာမှာ ကလစ်နှစ်ချက်နှိပ်ပြီး Run ရမှာ မဟုတ်ပါဘူး။ အဲဒီ ဖိုင်ပေါ်မှာ ညာဘက်ကလစ်နှိပ်ပြီး Extract လုပ်ရမှာပါ။

Download WinZip
Download WinRAR


IE7_Final_WGA_Crack.zip ကိုလည်း Extract လုပ်ပါ။ ပုံထဲကဖိုင်တွေ ရလာပါလိမ့်မယ်။



အဆင့် (၅) IE Setup Folder ထဲမှာ Update ဆိုတဲ့ Folder တစ်ခုရှိပါလိမ့်မယ်။

Crack ဖိုင် Extract လုပ်လို့ရတဲ့ iecustom.dll ဆိုတဲ့ ဖိုင်ကို Update Folder ထဲကို ကူးထည့်ပါမယ်။ Overwrite လုပ်လိုက်ပါ။


အဆင့် (၆) Update Folder ထဲက update.exe ဆိုတဲ့ဖိုင်ကို Run ပါ။ iesetup.exe ကို မ Run ရပါ


အဆင့် (၇) Install လုပ်ပြီးသွားရင် Restart လုပ်ဖို့ မေးပါလိမ့်မယ်။ Restart မလုပ်ပါနဲ့။ Restart Later ကို ကလစ်နှိပ်ပြီး ထွက်လိုက်ပါ။

အဆင့် (၈) Crack File တစ်ခုဖြစ်တဲ့ normaliz.dll ဆိုတဲ့ ဖိုင်ကို C:\windows\system32 အောက်ကို ကူးထည့်ပေးပါ။


အဆင့် (၉) Restart လုပ်လိုက်ပါ။

အဆင့် (၁၀) Reboot လုပ်ပြီးရင် xmllitesetup.exe ဆိုတဲ့ Update Folder ထဲက ဖိုင်ကို Run လိုက်ပါ။


ဒါဆိုရင် သင် အောင်မြင်စွာနဲ့ IE7 ကို သုံးလို့ရပါပြီ။

Original Post ကို ဒီမှာ ကြည့်လို့ရပါတယ်။