Thursday, April 5, 2007

Happy Birthday to Myatlone.BlogSpot.Com

3-Mar-2007 ရက်နေ့က Post လေးတွေ စတင်ခဲ့တဲ့ ကျွန်တော်ရဲ့ ဘလော့လေး အခုဆို တစ်လပြည့်ပြီပေါ့ဗျာ။ ၀ိုင်းဝန်းကူညီ လက်တွဲခေါ်ယူကြတဲ့ နောင်တော်ဘလော့ဂါများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပါရစေခင်ဗျာ။ ကျွန်တော့်ဘလော့ကို ဖတ်ပြီး အကျိုးတစ်စုံတစ်ရာ ရမယ်ဆိုရင် ကျွန်တော် ၀မ်းသာကျေနပ်ပါတယ်ခင်ဗျာ။ ဒါပေမယ့် ကျွန်တော့်မှာ လေ့လာသင်ယူစရာတွေ၊ ဘလော့ကို အားဖြည့်ရမယ့်အရာတွေ အများကြီးကျန်သေးတယ်ဆိုတာ ၀န်ခံပါရစေ။ နောင်ကိုလည်း ကျွန်တော့်ဘလော့ကို အချိန်ပေးပြီး လာရောက်ဖတ်ရှုသူများ စိတ်မပျက်ရအောင် ကြိုးစားပြီး Post လေးတွေ Widget လေးတွေ တင်ပေးသွားပါဦးမယ်ခင်ဗျာ။ ဘလော့ဆိုတာကို အပျော်ပဲရေးရေး၊ ပညာပေးဖို့ပဲရေးရေး၊ ဖျော်ဖြေဖို့ပဲရေးရေး ဘာအကြောင်းနဲ့ပဲရေးရေး မြန်မာဘလော့တွေရဲ့ အသိုင်းအ၀ိုင်းထဲမှာ ဆက်လက် ကြိုးစားရှင်သန်သွားချင်ပါသေးတယ်ခင်ဗျာ။ အလည်လာရောက်သူများ ကိတ်မုန့်လေးလည်း သုံးဆောင်သွားကြပါဦးခင်ဗျာ။