Friday, April 6, 2007

ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ

ကုမ္ပဏီအမှုထမ်းတွေမှာ ရာထူးအဆင့်အလိုက် သတ်မှတ်ထားတဲ့ နေ့စဉ်လုပ်ရမယ့် အလုပ်တာဝန်တွေ ရှိကြတယ်။ ဒါပေမယ့် သူတို့ဟာ နေ့စဉ်တာဝန်တွေအတွက် ထူးထူးခြားခြား အသိအမှတ်ပြုခြင်း မခံကြရဘူး၊ နေ့စဉ် တာဝန်မဟုတ်တဲ့ အခြားလုပ်ငန်းတွေကြောင့်သာ မှတ်မှတ်ရရ ချီးကျူးခံရတာတွေရှိတယ်။



အလုပ်တာဝန်တွေကတော့ သူတို့မရှိခင်ကတည်းက ရှိနေကြတာပဲ။ သူတို့ထွက်သွားပြီးတော့လဲ ဒီတာဝန်တွေက ရှိနေဦးမှာပဲ။ လူကမမြဲဘူး။ ဒါပေမယ့် အလုပ်ကမြဲတယ်။



လူတစ်ယောက်ဟာ မိမိရဲ့ နေ့စဉ်အလုပ်တာဝန်တွေထက် ပိုပြီး ဘာတွေလုပ်သလဲ၊ အဲဒီအလုပ်အတွက် သူဟာ ထူးထူးခြားခြား အသိအမှတ်ပြုခံရတတ်တယ်။



ကုမ္ပဏီလုပ်ငန်းတစ်ခုမှာ အများအားဖြင့် အလုပ်တာဝန်လေးပုံသုံးပုံဟာ နေ့စဉ်လုပ်နေကျ အလုပ်တွေပဲ။ ကျန်တစ်ပုံကတော့ ကိုယ်ပိုင်အလုပ်ဖြစ်တယ်။ အဲဒီကိုယ်ပိုင်အလုပ် ၂၅ ရာခိုင်နှုန်းကို ကိုယ်ဘယ်လို အသုံးချသလဲဆိုတဲ့အပေါ်မှာ တည်ပြီး အလုပ်ခွင်မှာ ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ စွမ်းဆောင်ချက်ကို တန်ဖိုးဖြတ်တတ်ကြတယ်။



Technorati Tags:



Powered by ScribeFire.