Wednesday, March 14, 2007

သင့်ဘလော့သို့ ဒုတိယ Sidebar တစ်ခုပေါင်းထည့်ခြင်း

ကျွန်တော် MyanmarBloggersCommunity မှာ Column တစ်ခုတိုးတာမလုပ်တတ်လို့ တော့ပစ် တစ်ခုတင်တော့ ကိုဝေယံလင်း တို့ ကိုမျိုးကျော်ထွန်း တို့ အားလုံး ၀ိုင်းဝန်းကူညီလို့ အဆင်ပြေသွားပါပြီ။ အဲဒီထဲက ကိုမျိုးကျော်ထွန်း ညွှန်တဲ့ BeautifulBeta.blogspot.com က Adding a second sidebar to your Blog (Blogger.com) ဆိုတာကို မြန်မာလို ပြန်ပြီး တင်လိုက်ပါတယ်။ ကော်လံတွေပြင်ရ၊ ထပ်ထည့်ရတာ ကျွန်တော့်လို အသစ်တစ်ယောက်အတွက် အတွေ့အကြုံတော်တော် ရပါတယ်။ နောက်ပိုင်းလုပ်ချင်တဲ့သူတွေ အဆင်ပြေပြေလုပ်လို့ရအောင် မြန်မာလိုကြိုးစားပြီးပြန်လိုက်တာပါ။ မရှင်းလင်းဘူးဆိုရင် ကျွန်တော့်ညံ့ဖျင်းမှုပါ။ ဒီနေရာမှာ MyanmarBloggersCommunity က Admin Mod များနဲ့တကွ စေတနာအပြည့်နဲ့ လက်တွဲခေါ်သူ ၀ိုင်းဝန်းကူညီကြသူများအားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါတယ်ခင်ဗျာ။

ပထမ sidebar တစ်ခုထည့်ပါမယ်။ ဒုတိယ CSS ထဲကို ထည့်ပါမယ်။ ပြီးရင် စာမျက်နှာ အံဝင်ခွင်ကျ ဖြစ်အောင်လုပ်ပါမယ်။

အဆင့် ၁။ သင့်ရဲ့ တမ်းပလိတ်ကို backup လုပ်ပါ။

ဆင့် ၂။ sidebar-wrapper ကိုရှာပြီး right-sidebar-wrapper လို့ပြောင်းပါ။



အဆင့် ၃။ Left sidebar အတွက် အောက်က Code တွေ ထည့်ပေးပါ။




Save လုပ်ပါ။ Page Elements tab ကိုကြည့်ရင် ဒီလိုတွေ့ရမှာပါ။



Section အသစ်ကို Header section ရဲ့အောက် Blost Posts ရဲ့ အပေါ်မှာ တွေ့ရပါမယ်။ ဗယ်ဘက်ခြမ်းမှာ မတွေ့ရသေးပါဘူး။

အဆင့် ၄။ CSS Style sheet မှာ အောက်က Code တွေ ထည့်ပါမယ်။


အဲဒီအခါ ဒီလိုပုံ တွေ့ရပါမယ်။



sidebar-section က ဗယ်ဘက်ဘေးကို ရောက်သွားပါပြီ။ ဒါပေမယ့် သင့်ရဲ့ right-sidebar က Blog Posts ရဲ့ အောက်ကို ရောက်နေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ sidebar ၂ ခုနဲ့ main-section တို့ရဲ့ အနံ (width) ဟာ 840 pixels ဖြစ်နေပြီး outer-wrapper (660 pixels) ထက် ကျော်နေလို့ပါ။

အဆင့် ၅။ #header-wrapper နဲ့ outer-wrapper တို့ကို ရှာပြီး width ကို 660 မှ 860 သို့ ပြောင်းပါ။

အဆင့် ၆။ အခုဆိုရင် Add a Page Elements ကို သင့်ရဲ့ ဗယ်ဘက်မှာ တွေ့ရပါပြီ။