Saturday, March 24, 2007

NGOs in the Golden Land of Myanmar

ဒီနေ့၊ ကျွန်တော် မှတ်မှတ်ရရဖြစ်သွားတဲ့ အတွေ့အကြုံလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ ပထမဆုံး Chatting လုပ်ဖြစ်တဲ့အကြောင်းပါ။ ဒါဘာထူးဆန်းလို့လဲ။ ဟုတ်ပါတယ်။ ဆန်းတော့မဆန်းပါဘူး။ ဒါပေမယ့် ထူးတယ်ခင်ဗျ။ ကျွန်တော့်အတွက် အမှတ်တရလေးဖြစ်သွားပုံလေး ပြောချင်လို့ပါ။



သူများတွေအတွက်တော့ Chatting ဆိုတာ ထမင်းစားရေသောက် ဖြစ်မှာပါ။ ကျွန်တော်ကတော့ Chatting ကို မ၀င်ခင်ကတင် မကောင်းမြင်နေတာကြာပါပြီ။ Chatting မှာ အကျိုးမရှိ စကားတွေပြောနေရတာ အချိန်ကုန်တာပဲ အဖတ်တင်တယ်လို့ ယူဆထားတာပါ။ နဂိုကတည်းကလည်း ဘယ်သူနဲ့ဖြစ်ဖြစ် ထမင်းစားပြီးပြီလား၊ နေကောင်းလားဆိုတာမျိုး မလုပ်တတ်တာလည်း ပါ ပါတယ်။ ဘာရယ်တော့မဟုတ်ပါဘူး။



ဒီနေ့တော့ ကိုရန်အောင် တို့ ကိုစိုးဇေယျ တို့ Gtalk မှာ မြန်မာဘလော့စာအုပ် အကြောင်းပြောဖြစ်ကြတယ်ဆိုလို့ ၀င်ပြီးစပ်စုချင်တာနဲ့ ပြီးတော့ လုပ်နိုင်တာလေးရှိရင် ၀ိုင်းလုပ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ပထမဆုံးအကြိမ် Gtalk ထဲကို ၀င်ပြီး ကိုရန်အောင် ကို ဖိတ်ခေါ်ဖြစ်ပါတယ်။ ကိုရန်အောင် နဲ့ ပြောရင်းဆိုရင်း ကျွန်တော် အလုပ်ရှာနေတဲ့အကြောင်း ရောက်သွားလို့ ကိုရန်အောင် ညွှန်တဲ့ NGOs in the Golden Land of Myanmar ကို ရောက်ဖြစ်ပါတယ်။ ကျွန်တော်မသိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြောပြပေးတဲ့ ကိုရန်အောင့် ကို အထူးကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောပါရစေ ခင်ဗျာ။ ကိုရန်အောင်တို့ဆီကနေ ကျွန်တော်သင်ယူဖို့တွေ၊ လေ့လာဖို့တွေ အများကြီးရှိပါသေးတယ်ခင်ဗျာ။



အဲဒီ NGOs in the Golden Land of Myanmar မှာ အလုပ်အကိုင်နဲ့ Scholarship အစီအစဉ်တွေ စိတ်ဝင်စားသူများ လေ့လာနိုင်ပါတယ်ခင်ဗျား။ ဒီမှာ ၀င်ကြည့်နိုင်ပါတယ်ခင်ဗျာ။



ကျွန်တော့်ရဲ့ ပထမဆုံး Chatting အတွေ့အကြုံလေးက ကျွန်တော်အရင်တုန်းက မကောင်းထင်ခဲ့သလို အကျိုးမယုတ်ဘဲ အကျိုးရှိသွားတဲ့အတွက် ကိုရန်အောင် နဲ့ NGOs in the Golden Land of Myanmar Site ကို တည်ထောင်ပေးသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား။




Technorati Tags: , , ,



Powered by ScribeFire.