Wednesday, March 7, 2007

Logo ဆွဲဖို့ ကြိုးစားနေလို့ဗျို့

သူများတွေလို Heading လှလှလေးတွေ လုပ်ချင်တာ။ မလုပ်တတ်ဘူးဗျ။ ဒါပေမယ့် ကံကောင်းချင်တော့ eye ဆိုတဲ့ စကားလုံးက မျက်လုံးလေးနှစ်လုံး နဲ့ တူတာ သတိထားမိသွားတယ်။ (နှာခေါင်းလေးတောင်ပါသေး) အဲဒါနဲ့ Corel Draw ထဲဝင်၊ Font တွေ လျှောက်ရှာတော့၊ တွေ့ပါပြီ၊ မျက်လုံးနှစ်လုံးအပေါ်မှာ မျက်ခုံးမွှေးလေးတောင် ထပ်တိုးလာပြီ။ ဗယ်ဘက်မျက်ခုံးမွေးလေးကို Mirror လုပ်လိုက်ရတာပဲ ရှိတယ်။ ဒါတောင် တော်တော်ကြိုးစားထားရတာ။ Grid Line တွေ ဘာတွေချ၊ Rotate တွေဘာတွေ လှည့်နဲ့၊ ဟဲ ဟဲ။ ကျွမ်းကျင်ပုံများ အဲဒီလို။ Corel သင်ချင်ရင်ပြောနော်။

ကျွန်တော် Draft ထဲမှာ စာတွေရိုက်နေတာ မပြီးသေးလို့ ၊ နောက်မှ Post ထပ်တင်ပါဦးမယ် ခင်ဗျာ။